Channel Myanmar

Javier Godino

Sound of Freedom (2023) 7.8
Sound of Freedom (2023) Sound of Freedom (2023) =================== IMDb Rating - 7.8/10IMDB 7.8 ထိ ရထားတဲ့ ကလေးလူကုန်ကူးမှုတိုက်ဖျက်ရေး မှုခင်းဇာတ်ကား ကောင်းလေး ဖြစ်ပါတယ်။ ကမ္ဘာ့အနှံ့က မကောင်းမှုနဲ့ ကျိကျိတက်တက်ချမ်း သာပြီး ဝါသနာတူတွေစုနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းကြီးတစ်ခုက ကလေး သူငယ်တွေကို လူကုန်ကူးပြီး လိင်လုပ်သားအဖြစ် ရောင်းစား အသုံးတော်ခံနေ ကြပါတယ်။ ဒါကို သီးသန့်နှိမ်နင်းတားဆီးနေတဲ့ တင်ဘဲလက်ဆိုတဲ့ အေးဂျင့်က pedophile လို့ခေါ်တဲ့ ကလေးနှာဗူးကောင်တွေကို ဖမ်းဆီးခဲ့ရင်းနဲ့ နောက်ဆုံး ကိုလံဘီယာက မကောင်းမှုတွေ အဓိကထိန်းချုပ်လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့ကို နှိမ်နင်းတားဆီးပြီး ကလေးတွေကို ဘယ်လိုပြန်လည်ကယ်ဆယ်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းပုံစံက ရိုးရှင်းပေမယ့်.. Action scene တွေက အရမ်းကောင်းလွန်း တာကြောင့် Rating ကောင်းကောင်းတွေ ရထားတာဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.86 GB) / (774 MB) Quality...........WEB-DL 1080p / 720p Duration........2Hr 11Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Crime, Drama Translator......Thiha ...
movie

Sound of Freedom (2023)

2023
The Secret in Their Eyes (2009) 8.2
The Secret in Their Eyes (2009)  Original Title: El secreto de sus ojos Genre – Drama, Mystery, Romance IMDB – 8.2/10 ၂၀၁၀ ခုနှစ် အော်စကာပေးပွဲမှာ နိုင်ငံခြားဘာသာစကားပြောအကောင်းဆုံးရုပ်ရှင်ဆု ရခဲ့တယ် (စပိန်စကားပြောအာဂျင်တီးနားရုပ်ရှင်)။ IMDB မှာ 8.2 ကို လူနှစ်သိန်းကျော်ပျမ်းမျှအမှတ် ရထားတယ် IMDB အကောင်းဆုံးရုပ်ရှင်၂၅၀ ထဲမှာ ၁၆၅ ကားမြောက်ဖြစ်တယ်။ ဘာများပြောစရာလိုဦးမလဲ၊ ဟင်းလေးကြီးတစ်ခွက်ကို မြည်းစမ်းနေရသလိုပဲကြည့်ရတာတော့။ အငြိမ်းစား ဥပဒေအတိုင်ပင်ခံကြီးတစ်ယောက် အနားယူချိန်မှာ ဝတ္ထုရေးဖို့ ကြိုးစားကြည့်တယ်ကြိုးစားကြည့်တိုင်းလည်း လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ထူးထူးခြားခြား ဖြစ်ခဲ့တဲ့ အမှုကိုပဲ ပြန်ပြီး အောက်မေ့နေတယ်။ဒီတော့ ဒီအကြောင်းကို ဝတ္ထုလုပ်ရေးဖို့အတွက် သံယောဇဉ်ရှိခဲ့ပေမဲ့ အခြေအနေ ကွာခြားတာကြောင့် ရှေ့ဆက်မတိုးခဲ့ရတဲ့အထက်အရာရှိဟောင်း (ခုလက်ရှိ တရားသူကြီး) ဆီ သွားအကြံတောင်းရတော့တယ်။ အဲဒီမှာပဲ မေ့ပစ်လို့မရတဲ့ အမှတ်တရဟောင်းတွေ တစ်ပုံကြီး ပြန်ပေါ်လာတယ်။ ...
movie

The Secret in Their Eyes (2009)

Operation Mincemeat (2022)
Operation Mincemeat (2022)    ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ...
movie

Operation Mincemeat (2022)

The Silence of the Marsh (2020) 7.3
The Silence of the Marsh (2020) ဒီရုပ်ရှင်ကားဟာ Netflix မှာ ဒီရက်ပိုင်းတက်လာတဲ့ ရုပ်ရှင်ကားပါ Money Heist ထဲက ဘာလင် အဖြစ် သရုပ်ဆောင်တဲ့ မင်းသား ပီဒရို က ခေါင်းဆောင်မင်းသား အဖြစ် သရုပ်ဆောင်ထားပါတယ်... ဇတ်လမ်းပုံစံကတော့ Q ဆိုတဲ့ စာရေးဆရာဟာ ထိတ်လန့်သည်းဖို လူသတ်ဇတ်လမ်းတွေ ရေးပြီး အောင်မြင်နေတဲ့ စာရေးဆရာ တစ်ယောက်ဖြစ်ပါတယ်... သူ့ ဝတ္တုထဲက လူသတ်သမားဟာ လူတွေကို ပိပိရိရိ သတ်ပြီး အစဖျောက်တဲ့နေရာမှာ ကျွမ်းကျင်လွန်းလို့ ဘယ်တော့မှ ဖမ်းမိတဲ့သူပါ ဒါ့အပြင် နိုင်ငံအတွင်း လဘ်စား ချစားနေတဲ့ နာမည်ကျော်တွေကိုမှ ရွေးသတ်တက်တဲ့ ဇတ်ကောင်မျိုးပေါ့.... လူတွေ မသိထားတာကတော့ ဒီအောင်မြင်နေတဲ့ ဇတ်လမ်းရဲ့ နောက်ကွယ်က ဖြတ်ရပ်မှန် တစ်ခုကိုပါ.... ဇတ်လမ်းက အေးသလို ရှိလိုက် ဝုန်းဒိုင်းကျလဲလိုက် နဲ့ မပျင်းရိရအောင် သင့်ကို တစ တစ ဆွဲခေါ်သွားမှာဖြစ်ပါတယ် ဇတ်လမ်းကို  ဘာသာပြန်ပေးထားတာကတော့ Little Neo ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ် zawgyi ဒီရုပ်ရှင်ကားဟာ Netflix မှာ ဒီရက်ပိုင်းတက်လာတဲ့ ရုပ်ရှင်ကားပါ Money ...
movie


2020
Advantages of Travelling by Train (2019) 6.5
Advantages of Travelling by Train (2019) Ratingကောင်းတွေရရှိထားတဲ့ စပိန်Mystery, Thrillerဇာတ်ကားတစ်ကားပါ။တစ်ကားလုံးခန့်မှန်းလို့မရတဲ့ဇာတ်လမ်းကြားမှာဖုံးကွယ်ထားတဲ့ဇာတ်လမ်းတွေထည့်ပြီး စပရိုက်တွေထထလုပ်ပါတယ်။အယ်ဒီတာအမျိုးသမီးတစ်ယောက် အိမ်ပြန်ရောက်တဲ့အခါသူ့ယောက်ျားဖြစ်သူရူးနှမ်းနေတာမြင်သွားတဲ့နောက်စိတ်ကျန်းမာရေးဆေးခန်းပို့ပြီးအပြန် ရထား‌ပေါ်မှာစိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ဆုံပြီးဆရာဝန်ကသူ့ကို စိတ်ဝင်စားစရာဇာတ်လမ်းတွေပြောပြပါတယ်။ဆရာဝန်မှာပဲစိတ်ဝင်စားစရာဇာတ်လမ်းတွေရှိတာမဟုတ်ပဲအမျိုးသမီးမှာလည်းဇာတ်လမ်းတွေနဲ့ပါ။ဘာဇာတ်လမ်းတွေလည်းဆိုတာ အရသာပေါ့သွားမှာစိုးလို့ မပြောတော့ပါဘူး။ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါ။(ရွံစရာကောင်းတဲ့အခန်းနှစ်ခန်းလောက်ပါတာမို့ ရွံတတ်ရင်အစာစားရင်မကြည့်ပါနဲ့)ကြည့်ပြီးရင်အားရမယ့်ဇာတ်ကားတစ်ကားဆိုတာအသေအချာပါပဲ။စပရိုက်လုပ်မယ့်သူမရှိရင် ဒီကားကစပရိုက်လုပ်ပေးပါလိမ့်မယ်။ File Size : ( 967 MB , 286 MB) Quality : WEB-DL 720p Running Time : 1 hr 43 min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin 
movie

Advantages of Travelling by Train (2019)