Channel Myanmar

Jawed El Berni

Ek Tha Tiger (2012) 5.6
Ek Tha Tiger (2012) Ek Tha Tiger (2012) (သို့) တစ်ချိန်က တိုက်ဂါးမင်းသားကြီးဆယ်လ်မန်ခန်းနဲ့ မင်းသမီးချော ကတ်ထရီနာကေ့ဖ်တို့ရဲ့ ၂၀၁၂ခုနစ်ထွက် အက်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ မကြာသေးခင်ကထွက်ရှိထားတဲ့ မင်းသားကြီးရှာရွတ်ခန်းရဲ့ ပထန်ထဲမှာလည်း ပါဝင်ခဲ့တဲ့ဇာတ်ကောင် လျှို့ဝှက်အေးဂျင့် တိုက်ဂါးရဲ့ဇာတ်လမ်း။သုံးကားမြောက်လည်း ထွက်ရှိလာတော့မှာဖြစ်တဲ့အတွက် ပြန်နွှေးကြတာပေါ့။အိန္ဒိယရဲ့ RAWပါလာပြီဆိုလျှင်ဖြင့် ပါကစ္စတန်လည်းပါရသည်မှာ ဓမ္မတာပါပဲ။ ဒီထဲမှာတော့ အိန္ဒိယရဲ့ RAWနဲ့ ပါကစ္စတန်ရဲ့ ISIတို့ လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီနှစ်ခုကြားကတိုက်ပွဲ။ မင်းသားကြီးဆယ်လ်မန်ခန်းကတော့ RAWအေးဂျင့်တစ်ယောက်ပေါ့။နိုင်ငံကို သစ္စာဖောက်တဲ့အေးဂျင့်တွေ ရန်သူစပိုင်တွေကိုအမြစ်ဖြတ်သုတ်သင်တတ်တဲ့ အထူးစပိုင်တစ်ယောက်။တစ်နေ့သူ့အထက်အရာရှိရဲ့ စေလွှတ်မှုနဲ့အတူ နိုင်ငံတစ်ခုမှာ စာသင်ကြားနေတဲ့ အိန္ဒိယအစိုးရဝန်ထမ်းဟောင်း ပရော်ဖက်ဆာတစ်ယောက်ကို စောင့်ကြည့်ဖို့တာဝန်ပေးအပ်ခံရပါတယ်။ ပရော်ဖက်ဆာထံ ချဉ်းကပ်ဖို့ကြိုးစားရင်း ပရော်ဖက်ဆာရဲ့အိမ်မှာ အချိန်ပိုင်းစောင့်ရှောက်ပေးနေတဲ့ မင်းသမီးကတ်ထရီနာကေ့ဖ်နဲ့ တွေ့ဆုံပါတော့တယ်။အထူးအေးဂျင့်တစ်ယောက်က စာသင်ကြားနေတဲ့ ပရော်ဖက်ဆာတစ်ယောက်ကို ဘာလို့စောင့်ကြည့်နေရတာလဲ။ ပရော်ဖက်ဆာအိမ်မှာ အချိန်ပိုင်းစောင့်ရှောက်နေတဲ့ မင်းသမီးနဲ့ရော ဘယ်လိုပတ်သက်မှုတွေရှိလာမှာလဲဆိုတာ ကြည့်ရမယ့် ကားဟောင်းထဲက အက်ရှင်ကားကောင်းလေးကို ပြန်လည်ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Dee~Yunni~Zweတို့ပဲဖြစ်ပါတယ်) File size…(5.9 GB)/(1.7 GB) Quality….BluRay Remux 1080p /720p Format…mp4 Duration….02:13:00 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by ...
movie

Ek Tha Tiger (2012)

2012
1080p Untouched
The Protector 2 (2013) 5.2
The Protector 2 (2013) Action ကားကောင်းလေးတွေ မျှော်နေကြတဲ့သူတွေအတွက် ထိုင်းအက်ရှင်မင်းသားကြီး Tony Jaa ပါ၀င်ပြီး လူတိုင်းသိတဲ့ Ong-Bakကားကိုရိုက်တဲ့ Director Prachya Pinkaew ကပဲ ရိုက်ကူးထားတာမို့ မကြမ်းမရှိရှယ်ကြမ်းမယ့်ကားလေးဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ် ။"ခမ်" ဆိုတဲ့သူမှာ "ခွမ်" ဆိုတဲ့ဆင်လေးတစ်ကောင်ရှိပါတယ် အဲ့ဒီဆင်လေးက ရှေးဟောင်းမျိုးနွယ်ဖြစ်တဲ့ ရတ်ခနင်ဖုန်မျိုးဆက်ကနေလာတာမို့ ဆင်စခန်းပိုင်ရှင်ဆူချတ်က ခမ်ဆီဈေးကောင်းပေးပြီး ဝယ်ဖို့လုပ်ခဲ့ပေမယ့် ခမ် မရောင်းခဲ့ပါဘူး...ဒါနဲ့ပဲ ဆူချတ်တို့အဖွဲ့ဟာ မသမာတဲ့နည်းနဲ့ ခမ်ရဲ့ဆင်လေးကို ခိုးသွားပြီး နိုင်ငံခြားသားဆီရောင်းခဲ့ပါတယ် ဒီလိုနဲ့ပဲ ခမ်ဟာ သူ့ဆင်လေးကိုကယ်ဖို့ကြိုးစားရပါတော့တယ်ခမ်လေး သူချစ်ရတဲ့ဆင်လေးကိုကယ်နိုင်ပါ့မလား ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှူလိုက်ရအောင်နော်🔥( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Nang Mwe Kham ပါ )File Size__(2.2GB) / (1.3GB) Quality__BluRay_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:44:00 Type__Action Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt
movie

The Protector 2 (2013)

No Name and Dynamite (2022)
No Name and Dynamite (2022) ကောင်းဘွိုင်ကား ကောင်းကောင်းလေးတစ်ကားတော့ရောက်လာပါပြီ အမေရိကန်သမ္မတ လုပ်ကြံခံရတဲ့အချိန်ကို ဇာတ်လမ်းတည်ပြီးရိုက်ထားတာပါ အမည်မဲ့နဲ့ ဒိုင်းနမိုက်ဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ဟာ ဝရမ်းပြေးတွေကို ဖမ်းပြီး ဆုငွေထုတ်စားနေကြသူတွေပေါ့ တစ်နေ့မှာ အမေရိကန်သမ္မတ အင်ဗရာဟင်လင်ကွန်းကို သတ်ခဲ့တဲ့အမှုအတွက် ဆုငွေထုတ်ထားတဲ့ တစ်ယောက်ကို မသိဘဲကယ်တင်လိုက်မိရာကနေ ဘာတွေဖြစ်လာမှာလဲ သူတို့ ဆုငွေရဖို့ ဘာတွေကြံစည်ကြမလဲ ရုပ်တည်ကြီးနဲ့ လုပ်တဲ့ ဟာသတွေထဲမှာ ပြုံးစိစိနဲ့ စီးမျောခံစားလို့ကောင်းမယ့်ကားလေးတစ်ကားပါပဲ  File size…(1.4 GB)/(600 Mb)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

No Name and Dynamite (2022)

Outcast (2014)
Outcast (2014)  Director Nick Powell ရိုက်ကူးထားပြီး မင်းသားကြီး Nicoles Cage, Hayden Christensen တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး တရုတ်မင်းသမီးချောလေး Liu Yifei တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Advanture/Thriller ဇာတ်ကားကောင်းလေးပါခရူးဆိတ်စစ်ပွဲအတွင်းမှာ နောင်တတရားတွေနဲ့ စိတ်ဓာတ်ပျက်ပြီး အရှေ့တိုင်းဘက်ကိုရောက်လာတဲ့ ခရူးဆိတ်စစ်သားတစ်ယောက်ဖြစ်တဲ့ ဂျေကော့ နဲ့...... ဘဝရဲ့နောက်ဆုံးအချိန်မှာ ထီးနန်းကိုအမွေပေးခဲ့ဖို့အတွက် ညီအစ်ကိုနှစ်ယောက်ထဲက အငယ်ကောင်ကို ထီးနန်းပေးဖို့ ဆုံးဖြတ်လိုက်တဲ့ ဘုရင်တစ်ပါးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြားမှာ....အစ်ကိုဖြစ်သူရဲ့ ထီးနန်းလုဖို့အကြံအစည်ကနေ ထွက်ပြေးလာခဲ့တဲ့ ညီငယ်နဲ့ သူ့ရဲ့အစ်မဖြစ်သူတို့ဟာ မထင်မှတ်ဘဲ ဂျေကော့ နဲ့ဆုံတွေ့ပြီး အစ်ကိုဖြစ်သူရဲ့လက်ကနေ လွတ်အောင်ပြေးနိုင်ပါ့မလား ဆိုတာကိုတော့.....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo 
movie

Outcast (2014)