Channel Myanmar

Jay Shih

Blue Gate Crossing (2002) 7.4
Blue Gate Crossing (2002) Blue Gate Crossing (2002) =================== IMDb Rating - 7.4/10ကိုယ့်နှလုံးသားကို ဝေခွဲမရဖြစ်နေတဲ့ မိန်းကလေးတွေရော၊ မချစ်သင့်တဲ့သူကို ချစ်မိတဲ့ကိုကိုတွေရောမမတွေရော အတွေး တစ်စုံတစ်ရာရရှိအောင်လုပ်ပေးနိုင်တဲ့ LGBT ထိုင်ဝမ်ကား လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်ဝမ်ရုပ်ရှင်တို့ထုံးစံအတိုင်း သဘာဝကျတဲ့ရိုက်ချက်တွေနဲ့ အပီအပြင်တင်ဆက်ပေးထား ပါတယ်။ကျောင်းမှာအရမ်းချောတဲ့ ကျောင်းသားလေးဖြစ်တဲ့ ကျန်းရှီး ဟောင်ကို လင်ယွဲ့ကျန်းကျောင်းသူက အရူးအမူးချစ်နေပါ တယ်။ ဘယ်လောက်တောင်ချစ်လဲဆိုရင် ကျန်းရှီးဟောင် စွန့်ပစ်ထားတဲ့ စာအုပ်၊ ဘောလုံး၊ အသုံးအဆောင်ပစ္စည်း တွေကအစ အမှိုက်ပုံးထဲကနေယူပြီး အိမ်မှာစုထားတဲ့သူပါ။ ဘယ်လောက်ပဲချစ်ချစ် သူငယ်ချင်းလုပ်ဖို့တောင် လုံးဝဖွင့် မပြောရဲတဲ့ ကြိတ်ခရက်ချ်သူလေးပေါ့။သူ့ကိုကူညီပေးဖို့ မုန့်ခယ်ရုံဆိုတဲ့အချစ်ဆုံးသူငယ်ချင်းကို အကူအညီတောင်းခဲ့ပါတယ်။ ကြားထဲကနေ အောင်သွယ် ပေးရင်းနဲ့ ကျန်းရှီးဟောင်နဲ့လင်ယွဲ့ကျန်းတို့ နှစ်ယောက်ကြား ဗျာများလာခဲ့ရပါတော့တယ်။ တစ်နေ့မှာ “ကျွန်မကိုမနမ်း ချင်ဘူးလား”လို့ အရဲစွန့်ပြီးမေးလိုက်တဲ့တစ်ယောက်က မုန့်ခယ်ရုံဖြစ်သွားတဲ့အခါ.... ကျန်းရှီးဟောင်၊ လင်ယွဲ့ကျန်း၊ မုန့်ခယ်ရုံတို့သုံးယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့် လိုက်ပါတော့နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.5 GB) / (622 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 39Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Jo Jo Va Encoder..........SWM 
movie

Blue Gate Crossing (2002)

2002
Kidnapped Soul ( 2021 ) 6.1
Kidnapped Soul ( 2021 ) ဒီတစ်ခေါက်မှာတော့ rainie ရဲ့ ထိုင်ဝမ်ကားကောင်းလေးကို ချစ်ရပါသော CM ချစ်ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေးက သည်းထိတ်ရင်ဖိုကြိုက်တဲ့ သူတွေအတွက်လိုဆိုနိုင်သလို အားကြီးနဲ့ မိုးနဲ့အတူ ငိုချချင်သူတွေအတွက်လည်း ကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်....ဒီဇာတ်လမ်းလေးကKidnapped Soul ဆိုတဲ့ နာမည်လေးအတိုင်းပါပဲ... ပြန်ပေးဆွဲခံရတဲ့ကလေးလေး ၂ ယောက်အကြောင်းပေါ့... တစ်ယောက်က ဖုံဖုံ တစ်ယောက် သောသောတဲ့ဇာတ်လမ်းလေးအကျဉ်းလေး ပိစိလေးပြောရမယ်ဆိုရင်... ရဲမှူးကျီခိုင်က အမည်မဖော်နိုင်တဲ့ကလေးအလောင်းသေတ္တာ ကွင်းဆက်အမှုကို တာဝန်အရ စုံစမ်းနေချိန်မှာပဲ သူ့အစ်မဖြစ်သူ မူလတန်းဆရာမမိန်ကျိန်းရဲ့ သမီးလေးလည်း အလားတူ ပုံစံနဲ့ ပြန်ပေးဆွဲခံခဲ့ရပါတယ်။အမှုလိုက်နေတဲ့အချိန် သဲလွန်စအရ မိန်ကျိန်းရဲ့ အိမ်နီးနားချင်းဟောင်းဖြစ်တဲ့ မင်းချန်နဲ့ ဟွေ့လန်တိုနဲ့ ဆုံတွေ့ချိန်မှာတော့ သူတိုရဲ့ သမီးလေးဟာလည်း ပျောက်ဆုံးနေတာ တစ်နှစ်ရှိပြီဆိုတာ သိခဲ့ရပါတယ်။ ရှုပ်ထွေးပြီး သဲလွန်စပျောက်တဲ့ အမှုကိုလိုက်ဖို့ လမ်းစရှာမရတဲ့အဆုံး ကျီခိုင်ဟာ ထူးထူးဆန်းဆန်းနဲ့ ၂၁ ရာစုထဲမှာ အမှုမှန်ပေါ်ဖိုအတွက် နတ်ကတော်ကျိန်းပိုင်ရှီကိုပဲ အကူအညီတောင်းရပါတော့တယ်။ကဲကဲ... ဝိညာဉ်တွေအကူအညီသုံးရင်း အမှန်တရားကိုဖော်ထုတ်နိုင်မလားဆိုတာရယ်... ပြန်ပေးဆွဲခံရတဲ့ ကလေး ကိုပြန်ကယ်တင်နိုင်မှာလား... ဇာတ်လမ်းအစက ကလေးအလောင်းက ဘယ်သူဖြစ်မှာလဲ... ပြန်ပေးဆွဲခံရချင်းတူပေမယ့် ကလေးနှစ်ယောက်ရဲ့ အဆုံးသတ်တူပါ့မလား ဆိုတာကို မိုးအေးအေး စောင်လေးကွေးပြီး ဒေါင်းကြည့်နေတဲ့ CM ချစ်ပရိသတ်တို့ တစ်ယောက်တည်းအိမ်မှာရှိရင် တံခါးဖွင့်ဖို ကြောက်မသွားကြနဲ့နော်...  Quality : WEB-DL 1080p, 480p Format : mp4 Genres ...
movie

Kidnapped Soul ( 2021 )

Dear Tenant (2020) 7.4
Dear Tenant (2020) Dear Tenant (2020)===============IMDb Rating - 7.4/10အရင်နှစ်တွေက ထိုင်ဝမ်မှာ လိင်တူချင်းလက်ထပ်ဖို့ကို ခွင့်ပြုပေးခဲ့တာ အားလုံးသိပြီးသားဖြစ်မှာပါ။ အခုလည်း အံ့ဩစွာနဲ့ ထိုင်ဝမ်ရဲ့အကြီးကျယ်ဆုံးဆုပေးပွဲဖြစ်တဲ့ Golden Horse Awards မှာ BL ကားဖြစ်တဲ့ဒီကားလေးက ဇကာတင်ဆု ၅ ဆုအတွက် ဆု ၄ ခုရရှိခဲ့ပါတယ်။ဒီဇာတ်လမ်းကိုရေးသားသူကတော့ “လက်ထပ်တယ်ဆိုတာ လူနှစ်ယောက်နဲ့မဆိုင်ဘဲ မိသားစုနှစ်ခုပေါင်းစပ်တာပါ။ ဒီကြားထဲ သားသမီးတွေပါလာရင် ပိုရှုပ်ကုန်မှာပေါ့။ ဒီလိုမျိုးရှုပ်ထွေးမှုကို လိင်တူနှစ်ယောက် လက်ထပ်တဲ့အခါ ဘယ်လိုကြုံတွေ့နိုင်မလဲဆိုတာ စိတ်ကူးရင်း ဇာတ်လမ်းရေးသားခဲ့တာပါ” လို့ဆိုခဲ့ပါတယ်။အချစ်ဆိုတာ ချစ်နေဖို့ပဲဖြစ်ပြီး အချစ်အတွက် တာဝန်ယူမှု၊ သစ္စာစောင့်သိမှုဆိုတာ လိင်မခွဲခြားဘဲ ချစ်သူတွေအားလုံး လိုက်နာရမယ့်စည်းဆိုတာကိုလည်း အသားပေးရိုက်ပြပေးထားပါတယ်။------------------ကျန့်ရီ ကတော့ လွန်ခဲ့တဲ့ငါးနှစ်က သူ့ရဲ့ချစ်သူကိုဆုံးရှုံးပြီးနောက် ချစ်သူရဲ့သားနဲ့အမေကို မိသားစုသဖွယ် စောင့်ရှောက်ပေးခဲ့တဲ့သူပါ။ ဒါက ပုံမှန်မိန်းကလေးဆိုရင်တော့ အရမ်းလိမ္မာတဲ့ချွေးမလို့သတ်မှတ်ပြီး ယောက်ျားလေးတစ်ယောက်က သိတတ်တဲ့အခါမှာတော့ ဘာများမျှော်လင့်စရာရှိလဲဆိုတဲ့ သံသယတွေဖြစ်ပေါ်စေပါတယ်။မကြာခင် ကျန့်ရီစောင့်ရှောက်နေတဲ့ ...
movie

Dear Tenant (2020)

2020