Channel Myanmar

Jayaram

Abraham Ozler (2024) 7
Abraham Ozler (2024) Abraham Ozler (2024) "အဘေရာဟမ် အိုဇလာ"IMDb 7 ရထားတဲ့ မလေယာလမ် မှုခင်းရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ နန်းတွင်းကား Ponniyin Selvan နှစ်ကားမှာ ပါဝင်ခဲ့တဲ့ Jayaram၊ မလေယာလမ် regular တစ်ယောက်ဖြစ်တဲ့ Mammootty နှင့်အတူ ရှေ့နေကား Neru ထဲက မင်းသမီး Anaswara Rajan တို့ ပါဝင်အားဖြည့်ထားပါတယ်ဒု-ရဲမှူးဖြစ်သူ အိုဇလာက အလုပ်အားတုန်းမှာ ဇနီးသည်၊ သမီးလေးတို့နဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်နေရင်း ရုတ်တရက် တာဝန်တစ်ခုပေးခံရပါတယ်အဲဒီအချိန်လေးက သူ့ဘဝတစ်ခုလုံး မှောင်မိုက်သွားမယ့်နေ့ ဆိုတာကို သူမသိခဲ့ဘူး တချိန်က မူးယစ်သယ်ဆောင်မှုနဲ့ သူဖမ်းဆီးခဲ့တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်...လက်စားပြန်ချေဖို့ ရည်ရွယ်ချက်နဲ့ လိမ်ညာဖုန်းဆက်ပြီး အိုဇလာမရှိတုန်း ဇနီးနဲ့သမီးလေးကို ရက်ရက်စက်စက် သတ်လိုက်တယ်ဒီကနေ အိုဇလာ တစ်ယောက် စိတ်ကျရောဂါ၊ အိပ်မပျော်ခြင်းတို့ နာတာရှည်အဆင့်ထိ ရောက်လာတဲ့အခါ သူငယ်ချင်း စိတ်ရောဂါကုဆရာဝန် အကြံပေးတဲ့အတိုင်း အတိတ်မှရုန်းထွက်ဖို့အတွက် အလုပ်ကိုစိတ်နှစ်ထားရာကနေ...ရှုပ်ထွေးပွေလီပြီး ဆေးလောကနဲ့ပါ သက်ဆိုင်နေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို ဖော်ထုတ်ရင်း...ရဲတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး စိတ်ဝေဒနာနဲ့ ...
movie

Abraham Ozler (2024)

2024
Guntur Kaaram (2024) 6.1
Guntur Kaaram (2024) Guntur Kaaram 2024 (IMDB 6.1/10) အမိမဲ့သားNF WEB DL အကြည်ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်=======================================အားလုံးနဲ့ရင်းနှီးတဲ့ ဝန်ကြီးချုပ်မင်းသား တောင်ပိုင်းစတားမဟေ့ရှ်ဘာဘူရဲ့ ရုံတင်ကားသစ်လေးကို Netflix ကနေ ထုတ်လွှင့်လိုက်တာနဲ့ တစ်ပြိုင်နက် CM ကနေပါ တင်ဆက်ပေးလိုက်ပါတယ်....ခေါင်းဆောင်မင်းသား မဟေ့ရှ်ဘာဘူအပြင် ပရိသတ်တွေနဲ့မစိမ်းတဲ့ Dhamaka ထဲက မင်းသမီးချောလေး ဆရီလီလာကို အဆစ်ငမ်းရမယ့်အပြင် လတ်တလောထွက်ရှိထားတဲ့ Hi Nanna ထဲကယောက္ခထီးကြီး ဂျာရရမ် ပါလေရာမင်းသားကြီး ပရာကတ်ရှ်ရာ့ဂျ်တို့လို ဇာတ်ပို့တွေနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်ဇာတ်လမ်းအစ ရာမာနာ(မဟေ့ရှ်ဘာဘူ) ဆယ်နှစ်သားအရွယ်မှာ သူ့အမေကသူ့ကိုစွန့်ပစ်ခဲ့ပါတယ် သူ့အဖေကိုလည်းထားခဲ့ပြီးတော့ နောက်အိမ်ထောင်ပြု သားထပ်မွေးသွားပါတယ် အရွယ်ရောက်လာချိန်မှာတော့ ရာမာနာဟာ ဘယ်သူမှထိန်းမရတဲ့ ဘယ်သူ့ကိုဂရုမစိုက်တဲ့လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ သူ့စိတ်ထဲမှာမမေ့နိုင်သေးတာတော့ သူ့အမေပေါ့သူ့အဘိုး ဗန်ကတ်ဆွာမိဟာ နာမည်ကြီး နိုင်ငံရေးသမားတစ်ယောက်ပါ အဲ့ဒါအပြင် သူ့အမေရော သူ့ရဲ့အဖေကွဲညီကိုပါ နိုင်ငံရေးလုပ်ခိုင်းထားပါတယ်သူတို့မိသားစုရဲ့နိုင်ငံရေးလောကမှာ ပထမသားကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့ အမည်းစက်တစ်ခုဖြစ်နေတဲ့အခါမှာ ရာမာနာကို ဟိုက်ဒရာဘတ်ကိုခေါ်ပြီး အမွေ ဖြတ်ဖို့လုပ်ပါတော့တယ်အဲ့ချိန်မှာ ရာမာနာနဲ့ သူချစ်ရတဲ့အမေမိသားစုကြားဘာတွေဆက်ဖြစ်မလဲဆိုတာတော့....... CM ပရိသတ်ကြီးပဲ ဒီအချစ်အက်ရှင်ဇာတ်ကားလေးကို ဆက်လက်ခံစားကြည့်ရှုပေးကြပါလို့ ပြောကြားလိုပါတယ် အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ...
movie

Guntur Kaaram (2024)

2024
4K HEVC
Hi Nanna (2023) 8.4
Hi Nanna (2023) Hi Nanna 2023 ( မင်္ဂလာပါ ဖေဖေ)IMDb 8.4/10 , RT 100%Netflix ကနေ လတ်တလောကပဲ ထုတ်လွှင့်ပေးလိုက်တဲ့ ဒရာမာ ရိုမန့်စ်ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေMain cast တွေကလည်း အားလုံးနဲ့မစိမ်းတဲ့ Jersey မင်းသားနာနီနဲ့ သရုပ်ဆောင်လဲကောင်း ရုပ်ကလေးကလဲချောတဲ့ Sita Ramamက မင်းသမီးလေး မရူနာထာကူးရ်တို့က ဦးဆောင်ပါဝင်ထားတဲ့အပြင် အချောလေး ရှရူသီ ဟာစန်ကလဲ အလှတရားတွေနဲ့ ပါဝင်အားဖြည့်ထားပါတယ်“တစ်ခါတုန်းက တိုင်းပြည်မှာ ဘုင်ကြီးရယ် အမတ်ကြီးရယ် စစ်သူကြီးရယ် အရမ်းလှတဲ့သမီးတော်လေးရယ်ရှိတယ်တဲ့… အဲ့ဒါဆို အဲ့ဇာတ်လမ်းမှာ အမေမပါဘူးလား ဖေဖေ”ဟုတ်ပါတယ် ၆ နှစ်သမီးလေး မာဟီကို အရမ်းချစ်တဲ့ ဗီရာ့ဂျ်ဟာ သမီးလေးအတွက် ဖခင်နေရာရော မိခင်တာဝန်ပါ မလစ်ဟင်းအောင် အချစ်ကြီးချစ်ပေးတဲ့ single father တစ်ယောက်ပေါ့…ဒါပေမဲ့ သမီးလေးမာဟီကတော့ သူ့အမေဘယ်သူလဲ ဘယ်ရောက်သွားလဲဆိုတာ အရမ်းသိချင်နေပါတယ်… ပြီးတော့ မာဟီလေးမှာ ကုသရခက်တဲ့ မွေးရာပါပန်းနာရောဂါကလည်းဖြစ်နေပါသေးတယ်… တစ်နေ့မှာ အမေ့အကြောင်းမပြောပြလို့ အဖေနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်လာတဲ့ မာဟီနဲ့ မာဟီကို ကူညီစောင့်ရှောက်ပေးထားတဲ့ မိနိးမချောလေး ...
movie

Hi Nanna (2023)

2023
4K HEVC
Thuppakki (2012) 8.1
Thuppakki (2012) Thuppakki (2012) "ပစ်မှတ်" IMDb - 8.1/10ပြောထားတဲ့အတိုင်း ဗီဂျေးအသည်းစွဲ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ဗီဂျေးစုစည်းမှုအနေနဲ့ ဗီဂျေးရဲ့ ဝေဖန်သံတွေနဲ့အတူ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ရုံတင်ကား အဟောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပြန်ပါပြီဗျ။ မင်းသမီးလေးကလည်း တောင်ပိုင်းကားတွေရော မြောက်ပိုင်းကားတွေမှာပါပါဝင်တဲ့ ခင်ဗျားတို့ရော ကျွန်တော်ရောချစ်ရတဲ့ ဘိုင်ရာဘာမင်းသမီးလို့ နာမည်ကြီးတဲ့ မင်းသမီးချောလေး ကာဂျဲအက်ဂါဝဲပဲဖြစ်ပါတယ်၊ ကွန်မန်ဒိုမင်းသား ဗီဒရွတ်လည်းပါဝင်အားဖြည့်ထားတာမို့ အဟောင်းထဲက အကောင်းတောင့်တနေတဲ့ ပရိသတ်ကြီးအကြိုက်တွေ့မဲ့ကားပါဗီဂျေးက ကတ်ရှ်မီးကနေ မွမ်ဘိုင်းကို ခွင့်နဲ့ပြန်လာခဲ့တဲ့စစ်သားတစ်ယောက်၊ ရထားဘူတာမှာပဲ မိသားစုက လာကြိုပြီး စေ့စပ်ကြောင်းလမ်းဖို့ရာအရေး အလျင်စလိုတန်းခေါ်ချင်းခံရရော။ အဲဒီမှာ မင်းသမီးကို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို မကြိုက်နိုင်ဘူး ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်နဲ့ ကြေးများ။မင်းသမီးရဲ့ တကယ့်စရိုက်အမှန်ကိုမြင်သွားတော့ လွတ်တဲ့ငါး ကြီးရုံမက မိုနာ့ချ်ထဲမှာ ဖြတ်လျောက်ပါတဲ့ ဂေါ်ဇီလာကြီးလောက် ဖြစ်နေပါရောလား။ ဒီမှာတင်ပဲ တစ်ယောက်နဲ့တစ်ယောက် ရန်စကလေးတွေနဲ့ ဇာတ်လမ်းစတော့တာပေါ့။ ဒါက ဒရာမာတဖြတ်။ တစ်နေ့ ဗီဂျေးလမ်းမှာသွားနေတုန်း ဘတ်စ်ကား ဗုံးဖောက်ခွဲခံရတာနဲ့ကြုံ။ လက်သည်ကို ဖမ်းမိလိုက်ပေမဲ့ အကြောင်းကြောင်းတွေကြောင့် လွတ်သွားရာကနေ မီးခိုးကြွက်လျောက်လိုက်တဲ့အခါမှာ မထင်မှတ်ထားတာတွေဖြစ်။ဒါက အက်ရှင်တဖြတ်။ ဒီလို အချစ် ဒရာမာ အက်ရှင်ဇာတ်ကြမ်းကားကြီးကို ကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V~ ...
movie

Thuppakki (2012)

2012
Ghost (2023) 8.5
Ghost (2023) Ghost 2023 "တစ္ဆေ"IMDb 8.5 ရရှိထားပြီး ရုံတင်ဝင်ငွေ ရူပီး သန်း ၃၀၀ ကျော်ရခဲ့တဲ့ ကန်နားဒါး action-thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေလည်း ရရှိထားပြီး Shiva Rajkumar, Jayaram နဲ့ Anupam Kher တို့ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အမည်မသိ လူတစ်စုက ဗဟိုအကျဥ်းထောင်တစ်ခုမှာရှိတဲ့ အကျဥ်းသားတွေ အပါအဝင် ဗြူရိုအရာရှိဟောင်းဖြစ်တဲ့ မစ္စတာဗာမန်ကိုပါ ပြန်ပေးဆွဲသွားပါတယ် အဲဒီ ဓားစာခံပြဿနာကို မဟုတ်မခံ သမာသမတ်ကျတဲ့ ဒုရဲမှူး ချန်ဂါပါကို တာဝန်ပေးလာပါတယ်အကျဥ်းထောင်ကို ဝင်စီးတုန်းက စီစီတီဗီမှတ်တမ်းတွေကိုပါ လက်စဖျောက်သွားခဲ့ပြီး ဆရာချန်ဂါပါနဲ့ အမည်မသိ ဂိုဏ်းစတားတို့ရဲ့ ကြောင်နဲ့ကြွက် ကစားပွဲ စတင်ပါတော့တယ် အမည်မသိ ဂိုဏ်းစတားဆိုတာ တကယ်တော့ "Big Daddy" ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိုဏ်းခေါင်းဆောင် ဒါလာဗာရီဖြစ်ပါတယ်ဒါလာဗာရီက ထောင်အတွင်းမှာ ဝှက်ထားတဲ့ ရွှေတုံးတွေကို ယူဖို့လာတာဖြစ်ပြီး ရွှေတုံးတွေကတော့ ဗြူရိုအကြီးအကဲ ဗာမန်တို့ ...
movie

Ghost (2023)

2023
Kushi (2023) 6.2
Kushi (2023) Kushi(2023)ဒီနေ့တင်ဆက်ပေးမှာကတော့ အသစ်စက်စက်ထွက်ရှိထားပြီး IMDb 6.2/10 ရရှိထားတဲ့ အချစ်ကားလေးပဲဖြစ်ပြီး မင်းသားနဲ့မင်းသမီးကလည်း နာမည်ကြီးတွေဖြစ်တဲ့ ဗီဂျေးနဲ့ ဆမန်သာတို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဘာသာမဲ့မိသားစုက မွေးဖွားလာတဲ့ သူဌေးသားလေးနဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့မိသားစုကမင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါပဲ။ဇာတ်လမ်းအစမှာ ငွေကြေးပြည့်စုံတဲ့ မင်းသားတစ်ယောက် အတွေ့အကြုံလိုချင်တာသက်သက်နဲ့ နယ်မြေကြမ်းတဲ့ ကတ်ရှ်မီးယားဒေသကို ပြောင်း‌ရွှေ့ပြီး တာဝန်ထမ်းဆောင်ရာက ခရီးရောက်မဆိုက်က်တိုက်ပွဲနဲ့တိုးပြီး ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခံရပါတော့တယ်။ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ဒုက္ခမျိုးစုံကြားနေနေရင်းက မင်းသမီးကိုတွေ့ပြီး အကြွေကြီးကြွေသွားပါလေရော။ အချစ်ကြီးချစ်မိနေတဲ့ မင်းသားတစ်ယောက် မင်းသမီးနားနေရဖို့ နည်းလမ်းမရွေးကြိုးစားလာရင်း အကြမ်းဖက်တွေလက်ထဲကလည်း ပြေးရ၊ ကလေးတွေလည်းရှာရနဲ့ နှင်းတောင်ပေါ်က အချစ်သူရဲကောင်းကြီးဖြစ်လာတော့တာပါပဲ။နောက်ဆုံးမှာတော့ တောင်တွေအထပ်ထပ်ကျော်လို့ အတားအဆီးအမျိုးမျိုးဖြတ်လာအပြီးမှာ သူတို့တကယ်တမ်းကျော်ရမယ့်တောင်နှစ်လုံးနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ရပါတော့တယ်။ အဲ့ဒါကတော့ သူတို့ရဲ့ အဖေတွေပါပဲ။ ဘာသာမဲ့အဖွဲ့အစည်းခေါင်းဆောင်နဲ့ အိန္ဒိယဘာသာရေးခေါင်းဆောင်ဖခင်နှစ်ယောက်ရဲ့ သားသမီးတွေဖြစ်တဲ့ သူတို့ ပန်းသီးပေါတဲ့ဒေသမှာ ပေါက်ဖွားလာတဲ့ အချစ်ပန်းသီးလေးကို ဆက်ထိန်းသိမ်းပြီး ဒီတောင်ကို ကျော်နိုင်မှာလားဆိုတာကိုတော့ ရယ်ရင်းမောရင်း၊ ကတ်ရှ်မီးယားရဲ့အလှတွေကို ခံစားရင်း ကြည့်ရှုနိုင်ဖို့ အညွှန်းကိုတော့ Aditi မှ ရေးသားပြီး CM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…11GB / 3.5GB / 1.52GB Quality…4k SDR HEVC ...
movie

Kushi (2023)

2023
4K HEVC
Ponniyin Selvan: Part II (2023)
Ponniyin Selvan: Part II (2023) Ponniyin Selvan: Part II (2023)IMDb 8.1/10၂၀၂၂ တုန်းက အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ Ponniyin Selvan part II ထွက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်... ရုံတင်ငွေ ကုဋေ သန်း ၃၂၅ ထိရထားတာမို့ ထပ်ပြီးစဥ်းစားစရာလိုမနေတော့ဘူးနော်။ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သင်္ဘောကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲပေါ့။Part II မှာတော့ အရွန်းမိုဇီဟာ ...
movie

Ponniyin Selvan: Part II (2023)

4K HEVC
Ponniyin Selvan: Part I (2022) 8.3
Ponniyin Selvan: Part I (2022) Ponniyin Selvan: Part I (2022) ====================ကဲ အားလုံးစောင့်မျှော်နေခဲ့ရတဲ့ အိန္ဒိယသမိုင်းကားကောင်းကြီးထွက်လို့လာခဲ့ပါပြီ မင်းသား မင်းသမီးတွေ အများကြီးနဲ့ ကြည့်လို့ကောင်းမယ့် ကားလေးပါပဲဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်...ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သဘောင်္ကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...။တိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…3.8GB /1.86GB Quality…4K HEVC WEB DL ...
movie

Ponniyin Selvan: Part I (2022)

2022
4K HEVC
Ravanasura (2023) 6.3
Ravanasura (2023) Ravanasura 2023 အသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.4 အထိရရှိထားပြီး ရုံ၀င်ငွေလည်း ၂၁ကုဋေအထိအမြတ်ရထားပါတယ်။ သရုပ်ဆောင်အနေနဲ့ တေလဂူးဝါရင့်ရုပ်ရှင်မင်းသားရာဗီကရှေ့နေအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကောလိပ်တက်တုန်းက ရည်းစားဟောင်းရဲ့လက်အောက်မှာ အလုပ်၀င်လုပ်နေရပြီး အငယ်တန်းရှေ့နေရာထူးနဲ့ ရုန်းကန်နေရရှာတဲ့ ရှေ့နေလေးရာဗင်ဒရာ၊ ငွေရပေါက်မြင်တာနဲ့ ဘာမဆိုလုပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူ၊ အများကလက်ရှောင်နေပါတယ်ဆိုတဲ့အမှုတောင် သူကခေါင်းမာပြီးအမှု၀င်ကိုင်တဲ့သူမျိုးပေါ့။တစ်နေ့မှာ ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတစ်ယောက် လူသတ်မှုနဲ့စွပ်စွဲခံရပြီး သမီးဖြစ်သူက အဖေ့ကိုထောင်ကထုတ်ဖို့ ဘာမဆိုပေးမယ်လုပ်နေတဲ့ချိန်မှာ ရာဗင်ဒရာတစ်ယောက် သမီးဖြစ်သူကိုလည်းသဘောကျ၊ ‌ငွေကိုလည်းသဘောကျနဲ့ အရှေ့နောက်မစဉ်းစားဘဲ တာ၀န်ယူလိုက်တယ်။အမှုဟာ သူထင်ထားသလို မရိုးရှင်းနေတဲ့အခါ ငွေမက်တဲ့သူတစ်ယောက် ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပါဦးမလား၊ လူသတ်မှုကို သူဖော်ထုတ်သွားနိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မှုခင်းစုံထောက်၊အက်ရှင်ကား ဖြစ်လို့ ကိုယ်တိုင်ပဲစုံထောက်လုပ်ပြီး အဖြေရှာကြည့်ရအောင်ပါ.... File size…2.85GB /1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar  Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein ~ Cherry
movie

Ravanasura (2023)

2023
Balagam (2023) 8.2
Balagam (2023) Balagam 2023 (IMDb 8.1)အခုတင်ဆက်ပေးမဲ့ တောင်ပိုင်းတလဂူး ဒရမ်မာလေးက rating ကောင်းမွန်သလို သာမန်ချစ်ကြိုက်ကွဲငြားဇာတ်လမ်းတွေကို ကျော်လွန်ပြီး လူ့သဘာဝအဖွဲ့ မိသားစုဒရမ်မာဇာတ်ကောင်းလေးဖြစ်ပါတယ်ကျွန်တော်တို့ ဆယ်ကျော်သက်ဘဝတွေတုန်းက အသည်းစွဲ ဆရာမင်းလူရဲ့ ရယ်မောခြင်းအပိုင်းအစထဲက ဋရပ်ကွက်သားတွေလို ဒီဇာတ်ကားထဲကရွာသားတွေကို ကြည့်ရတာ သဘာဝလဲကျ ပြုံးလဲပြုံးမိရသလို ဂရုဏာလဲသက်လာမိရမှာပါဇာတ်လမ်းအစမှာ ဇာတ်ဆောင်မင်းသားက မြို့နဲ့ရပ်ဝေးရွာလေးမှာ ပီဇာဆိုင်ဖွင့်လိုက် အင်တာနက်ဆိုင်ထောင်လိုက် ဘီလိယကခုံထောင်လိုက်နဲ့ ဉာဏ်ကောင်းစွာစီးပွားရေးလုပ်ရင်း အကြွေးတင်သွားပါတယ်အဆိုပါအကြွေးကို ထပ်ဉာဏ်ကောင်းပြီး မိန်းမယူရင်း မိန်းမတင်တောင်းတဲ့ပိုက်ဆံနဲ့ ဆပ်ဖို့ကြံမှ မိန်းမယူခံနီး အဘိုးက ကောက်ခါငင်ခါသေဆုံးသွားပါတယအဲ့ကစ ဘုကျဘောက်ကျနဲ့ သဘာဝကျကျဇာတ်လမ်းဇာတ်ကွက်များကို ဘာတွေဆက်ဖြစ်မလဲဆိုတာ အဆုံးထိခံစားကြည့်ရှုဖို့ ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.58GB  / 1.15GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sai ~ Cherry ~ Nyein 
movie

Balagam (2023)

2023
Dhamaka (2022) 8.3
Dhamaka (2022) Dhamaka (2022)IMDb-8.1/10ရုံတင်ငွေသန်း ၆၀ တောင်အမြတ်ရထားတဲ့ ဟာသအက်ရှင်အရောလေးနဲ့ ညိုကီတို့လည်း Are we dating the same girl? ဂရုဖွဲ့ဖို့လိုနေကြောင်းပြထားတဲ့ကားလေးပါ2022 ခုနှစ်ထွက် အောင်မြင်ပြီးလူကြိုက်များခဲ့တဲ့ တေလဂူးစကားပြော တောင်ပိုင်းရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသားကြီး Ravi Teja ကနှစ်ကိုယ်ခွဲအဖြစ်သရုပ်ဆောင်ထားပါတယ်။ စီးပွားရေးလုပ်ငန်းပိုင်ရှင်အာနန့်ဒ်နဲ့ မကြာခင်ကမှ အလုပ်ပြုတ်ထားတဲ့ ဂျစ်ကန်ကန်ကောင်ဆိုးလေး ဆွာမီ၊ ရုပ်ချင်းဆင်ပြီး ကံကြမ္မာချင်းမတူကြတဲ့ ဆွာမီ နဲ့ အာနန့်ဒ်တို့ဟာ မတူညီကြတဲ့ပြဿနာတွေကိုဖြေရှင်းရင်ဆိုင်ရင်း တစ်နေ့မှာတော့ ထိပ်တိုက်ရင်ဆိုင်ကြဖို့ အကြောင်းဖန်လာပါတော့တယ်။တစ်ဖက်မှာလည်း ပရာနာဗီဆိုတဲ့ မိန်းမလှလေးက ရုပ်ချင်းဆင်နေတဲ့ လူနှစ်ယောက်ကိုမှ မထင်မှတ်ဘဲချစ်မိနေပြီး နှစ်ယောက်ကြားမှာ ရွေးချယ်ရခက်နေတဲ့သူလေးပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ အာနန့်ဒ်တစ်ယောက်ကုမ္ဗဏီရဲ့ စီးအီအို ဖြစ်လာမယ့်အချိန်မှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းလေးတွေက သူတို့တွေရဲ့ဘ၀ကို‌ တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့ပါတယ်။ သီချင်းတွေကလည်းမြူးကြွတယ် အားတက်စေတယ်၊ စကားပြောခန်းတွေက ပညာသားပါတယ် ဆိုတော့ ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ File size…3.1GB / 1.4GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl ~ ...
movie

Dhamaka (2022)

2022
Radhe Shyam (2022) 6.9
Radhe Shyam (2022) အိန္ဒိယမဟုတ်ဘဲ ဥရောပမှာ ဇာတ်အိမ်တည်ထားတဲ့Indian romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကို မမိတ်ဆက်ခင်မှာ အရင်မိတ်ဆက်ပေးချင်တာကတော့အဓိကဇာတ်‌ဆောင်အဖြစ် ပါဝင်သွားမယ့် မင်းသား Prabhasဖြစ်တဲ့အပြင်Quality ပိုင်းမှာလဲ ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WEB DLဗားရှင်းအကြည်ကို တင်ဆက်ပေးထားပါတယ်...Prabhas ကတော့ တခြားသူမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်လောက်ကတီဗီမှာ ပါးစပ်အဟောင်းသားကြည့်ခဲ့ရတဲ့၊ setting အလန်းစားတွေနဲ့ရိုက်ကူးထားတဲ့Baahubali ကားထဲက မင်းသားပါပဲ။ Baahubali ကားထဲမှာ ဗလကောင်းကောင်းအရပ်မြင့်မြင့်နဲ့ ဟိတ်ဟန်အပြည့်ရှိခဲ့သလိုမျိုး ဒီကားထဲမှာလည်းမတူထူးခြားတဲ့ဟန်ပန်နဲ့ ခပ်မိုက်မိုက် ခပ်လန်းလန်း ထပ်မံတွေ့ရှိရဦးမှာ ဖြစ်ပါတယ်။ခုလို ပွင့်လင်းမြင်သာတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေက prediction အစားfacts တွေကိုပဲ ပိုပြီးယုံကြည်လက်ခံလာကြပါတယ်။ ဒါပေမဲ့ ဗေဒင်လက္ခဏာတွေကိုယုံကြည်ကိုးစားသူကလည်း အများအပြား ရှိတုန်းပါပဲ။"အချစ်နဲ့ ကံကြမ္မာ အားပြိုင်မှု"....လူနှစ်ယောက်က ရေစက်ပါလို့ တွေ့ဆုံကြတဲ့အခါ အချစ်တစ်ခု ဖြစ်တည်လာပါတယ်။တကယ်လို့ အဲဒီလူနှစ်ယောက်ဟာ တွေ့ဆုံပြီး ချစ်မိခဲ့ကြပေမဲ့ ရေစက်မပါလာခဲ့ဘူးဆိုရင်ရော.....လက်တွေ့ကျတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ပြီး သက်သေပြနိုင်မှ လက်ခံတဲ့ ဆရာဝန်မလေး Prerana...."ဗေဒင်လက္ခဏာလောကရဲ့ ...
movie

Radhe Shyam (2022)

2022
4K HEVC Web-DL
Ala Vaikunthapurramuloo(2020) 7.2
Ala Vaikunthapurramuloo(2020) Ala Vaikunthapurramuloo(2020)ရာမချန်ဒရန်ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်ကြိုးစားပြီး ရိုးသားတဲ့အတွက် အလုပ်ရှင်က သဘောကျပြီး သူ့သမီးနဲ့ ပေးစားလိုက်တော့ စာရေးဘ၀ကနေ သူဌေးဘ၀ကို ရောက်သွားတယ်။ဒီကိစ္စကို ရာမာချန်ဒရန်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဗာလ်မီကီဆိုသူက မနာလို မရှုစိမ့်ဖြစ်ပြီး အခွင့်အရေး ပေးလာချိန်မှာမိတ်ဆွေကို မကောင်းကြံဖို့ စီစဉ်တယ်... အခုမှ လူ့လောကထဲကို ရောက်လာတဲ့ ဘာမှမသိရှာသေးတဲ့ကလေးနှစ်ယောက် လူစားလဲခြင်း ခံလိုက်ရတယ်။ဒီကိစ္စကို အစအဆုံး သိတဲ့သူဆိုလို့ ဗာလ်မီကီနဲ့ ဆေးရုံက နပ်စ်မတစ်ယောက်သာ ရှိတယ်။ဒီလိုနဲ့ ရာမချန်ဒရန်ရဲ့ သားအရင်းက ဗာလ်မီကီ့ဆီ ရောက်သွားပြီး ၊ ဗာလ်မီကီ့သားက ရာမချန်ဒရန်တို့အိမ်ကို ရောက်သွားတယ်။..... ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိတ်သတ်တွေကိုယ်တိုင် ခံစားဖို့ ချန်ထားလိုက်ပါတော့မယ်။အစအလယ်အဆုံး အကောင်းဆုံး ဘာသာပြန်ပေးထားသလို ကြည့်ပြီးသားသူတွေအတွက်လည်းသီချင်းလေးတွေကအစ သေချာလေး ဘာသာပြန်ပေးထားတာမို့ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Thu ပဲဖြစ်ပါတယ်....File Size : (1.25 GB) and ...
movie

Ala Vaikunthapurramuloo(2020)

Bhaagamathie (2018) 7.0
Bhaagamathie (2018) Bhaagamathie (2018)_____IMDb - 7.0/10   ၂၀၁၈ ခုနှစ်ထွက် အလန်းစား တမီလ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် နိုင်ငံရေး ဇာတ်ရှုပ်တွေ အရမ်းခေတ်စားတဲ့ ဘောလီးဝု၊ သောလီးဝု ဇာတ်ကားတွေထဲမှာ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး လုပ်စားကွက်တွေကို ဟော်ရာ(horror) ထည့်ရိုက်ထားတဲ့၊ နိုင်ငံရေးနဲ့ ဟော်ရာပေါင်းစပ်ရိုက်ကူးထားတဲ့၊ ဇာတ်ကားကောင်းတစ်ကားပါ... အခုခေတ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ ကြားထဲမှာ အရင်ခေတ်က မိဘုရား တစ်ပါးက ဘယ်ကနေ ဘယ်လို ပါဝင်လာသလဲ? ဘုရင်တစ်ပါးရဲ့ အင်အားသုံးခုဖြစ်တဲ့ ငွေရယ်၊ လူထုထောက်ခံမှုရယ်၊ ဦးဏှောက်ရယ်ကို ဘယ်လိုမျိုး ကစားသွားသလဲ? စတာတွေကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်း တစ်ကားပါ ရိုက်ချက်ကောင်းကောင်း၊ ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး India တောင်ပိုင်းဇာတ်ကားတွေက ဇာတ်လမ်းပိုင်းနဲ့ ပတ်သတ်ရင်တော့ ဆရာကြီးတွေပါ သူတို့ရဲ့ကားတိုင်းလိုလို double twist တွေနဲ့လာပါတယ် ဒါပေမဲ့ မင်းသားတွေက over action တွေကြောင့် ကြည့်ရတာနည်နည်း ဖီလင်အောက်သွားတတ်တာပါ ဒါကြောင့် ဒီဇာတ်ကားကိုလည်း အဲ့လိုဖီလင်အောင်မလားလို့ စိုးတထင့်ထင့်နဲ့ ဘာဟူဘာလီမင်းသမီးခေါင်းဆောင်ပါဝင်လို့ သွားကြည့်မိတာပါ မန်မာပရိသတ်တွေအကြိုက် နှစ်ဘဝကလဲ့စားမင်းသမီးပေါ့၊ ဒါရိုက်တာက ဒီဇာတ်လမ်းကို ဒီမင်းသမီးနဲ့ရိုက်ချင်လို့ ...
movie

Bhaagamathie (2018)

2018