Channel Myanmar

Jaymes Butler

Resident Evil (2002)
Resident Evil (2002)  ဒီဇာတ်ကားက Resident Evil franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်ပြီး IMDbမှာ မဆိုးခဲ့​ပေမဲ့ RTမှာ​တော့ မူရင်းဂိမ်းနဲ့ကွဲပြား​နေတဲ့ Main character အဖြစ် Alice ဆိုတဲ့ ဇာတ်​ကောင်ကို သုံးထားတဲ့ အပြင် ဂိမ်းနဲ့ကွဲလွဲမှုများစွာ ရှိ​နေတဲ့အတွက် ratingအ​​တော်နည်းတဲ့ ဇာတ်ကားတစ်ခု ဖြစ်​နေခဲ့တာပါ။ ဒါ​ပေမဲ့ အက်ရှင်ကား​​တွေ ကြိုက် တဲ့ လူ​တွေအတွက် RE live action ကား​ဟာ မဆိုးလှတဲ့ အက်ရှင် ပြကွက်​​တွေ​၊ သည်းထိပ်ရင်ဖိုစရာ​တွေရဲ့ အ​တော်ကြည့်​ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဆိုလည်း မမှားပါဘူး။ဒီဇာတ်ကားမှာ REမှာ အဓိကအဖွဲ့ကြီး တစ်ခုဖြစ်တဲ့ အမ်ဘရဲလား ​ကော်ပို​ရေးရှင်းရဲ့ Hiveလို့​ခေါ်တဲ့ ​မြေ​အောက်ဓါတ်ခွဲခန်းကြီးတစ်ခု အ​ကြောင်း မိတ်ဆက်​ထားပါတယ်။ အဲဒီဓါတ်ခွဲခန်းထဲမှာ ပိုးပျံ့နှံ့မှု တစ်ခု ဖြစ်ခဲ့လို့ သူ့ရဲ့ကာကွယ်​ရေးAiက အဲဒီမှာရှိ​နေတဲ့ လူတိုင်းကို သတ်ပစ်ခဲ့ပါတယ်။ Aliceက Hiveကိုဝင်တဲ့ ​မြေ​ပေါ်ဝင်​ပေါက်ကို ​စောင့်ကြည့်ရတဲ့ အမ်ဘရဲလားဝန်ထမ်းပါ။ ဒီကိစ္စ​တွေ ဖြစ်​နေချိန် သူက အ​ကြောင်းတစုံတရာ​ကြောင့် ​မေ့လဲ​နေခဲ့ပြီး သတိရလာချိန် အတိတ်​မေ့သလို ဖြစ်​နေခဲ့တာပါ။ Hiveထဲကိုဝင်ပြီး ကာကွယ်​ရေး စနစ်ကို ပိတ်ချပစ်ဖို့ အမ်ဘရဲလားက လွှတ်လိုက်တဲ့ ...
movie

Resident Evil (2002)

4K HEVC
The Boys in the Boat (2023) 7.1
The Boys in the Boat (2023) The Boys in the Boat (2023)~ IMDb - 7.1/10, Rotten Tomatoes - 57% ~George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက ...
movie

The Boys in the Boat (2023)

2023
4K HEVC
Operation Napoleon (2023) 6.1
Operation Napoleon (2023)  Mystery Adventure ကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီးမှာ နပိုလီယွန်စစ်ဆင်ရေးအတွက် ဘာလင်မြို့ကနေ လေယာဉ်တစ်စီးထွက်ခွာခဲ့ပြီး ပျောက်ဆုံးသွားပါတယ် အဲ့ဒီနောက် အမေရိကန်စစ်တပ်ဟာ လေယာဉ်ပျောက်ဆုံးသွားတဲ့ အနီးတစ်ဝိုက်ကို စစ်ရေးလေ့ကျင့်ရေး အကြောင်းပြပြီး ရှာဖွေခဲ့ကြပေမဲ့ မတွေ့ရှိခဲ့ကြပါဘူး အချိန်ကြာလာပြီး ကမ္ဘာကြီးပူနွေးမှုကြောင့် ရေခဲမြစ်တွေ အရည်ပျော်လာကာ သူတို့ရှာဖွေနေတဲ့ လေယာဉ်ဟာ ထွက်ပေါ်လာပါတယ် ဒါပေမဲ့ လေယာဉ်ရှိတဲ့ နေရာကို အမေရိကန်တွေရောက်လာခင် ရောက်သွားခဲ့တာကတော့ ခရစ်စတင်းရဲ့ ‌မောင်ဖြစ်သူ အယ်လီတို့ သူငယ်ချင်းသုံးယောက်ပါ သူတို့ဟာ လေယာဉ်တွေ့ရှိကြောင်းကို မှတ်တမ်းတင်နေတုန်းမှာပဲ အမေရိကန်က သိပ္ပံပညာရှင်အဖွဲ့ရောက်ရှိလာပြီး သူတို့ကို ‌နှုတ်ပိတ်ဖို့ကြိုးစားပါတော့တယ်အယ်လီတစ်ယောက်လည်း မှတ်တမ်းတင်ထားတွေကို သူ့အစ်မ ခရစ်စတင်းဆီကိုပို့ပြီး ထွက်ပြေးပါတော့တယ် ခရစ်တင်းဟာလည်း နေရင်းထိုင်ရင်းကနေ သူ့မောင်ပို့လိုက်တဲ့ လေယာဉ်မှတ်တမ်းတွေကြောင့် လိုက်ဖမ်းတာ ခံနေရတာပါ ခရစ်စတင်းတစ်ယောက် ပြေးရင်းလွှားရင်း သူ့မောင်ပို့လိုက်တဲ့ ဓာတ်ပုံလေးတွေကနေ လေယာဉ်ရှိတဲ့နေရာကို ရအောင်ရှာပြီးတော့ သူ့မောင်ကို သွားကယ်ဖို့လုပ်ပါတော့တယ် ခရစ်စတင်းကရော ...
movie

Operation Napoleon (2023)

Barbarian (2022) 7.4
Barbarian (2022) IT သရဲကားတွေရဲ့ မင်းသား Bill Skarsgård ပါဝင်ထားတဲ့ ပဟေဠိဆန်ဆန် ဟော်ရာရုပ်ရှင်ကားအသစ်ထွက်လာပါပြီ။ အဓိကဇာတ်ဆောင်အနေကတော့ မင်းသမီး Georgina Campbell က ပါဝင်ထားတာပါ။ဇာတ်လမ်းအကျဉ်းတက်စ်ဟာ အလုပ်အင်တာဗြူးတစ်ခုအတွက် မြို့လေးတစ်မြို့ကိုလာတဲ့အချိန်မှာ တဲအိမ်လေးတစ်ခု ယာယီငှားရမ်းထားလိုက်ပါတယ်။ အဲဒီတဲအိမ်လေးထဲကို မိုးထဲလေထဲမှာ အရောက်သွားလိုက်ချိန်မှာတော့ တဲအိမ်ထဲမှာ အခြားယောကျာ်းလေးတစ်ယောက်က အသင့်ရောက်ရှိနေတာကိုတွေ့လိုက်ပါတော့တယ်။ အဲဒီမှာသူတို့သိလိုက်ရတာက အင်တာနက်ပေါ်က ဝဘ်ဆိုက်တစ်ခုစီကနေ ဒီအိမ်ကိုပြိုင်တူမှားယွင်းငှားလိုက်မိတယ်ဆိုတာပါပဲ။ ညအချိန်မတော် မိုးထဲလေထဲဆိုတော့ ဘာမှမတတ်နိုင်တော့ဘဲ သူတို့နှစ်ယောက် အဲဒီအိမ်မှာပဲ ပေါင်းပြီး တည်းခိုလိုက်ပါတော့တယ်။ ထုံးစံအတိုင်းပဲ ဆင်ခြေဖုံးရပ်ကွက်က လူမရှိတဲ့ သစ်လုံးအိမ်အဟောင်းတွေဟာ ကောင်းကျိုးပေးရိုးမရှိတဲ့အတွက် ကြောက်စရာတွေဖြစ်လာပါတော့တယ်.... File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson 
movie

Barbarian (2022)

The Ghost Writer(2010) 7.2
The Ghost Writer(2010) The Ghost Writer(2010) အညွှန်း****************************ဒီကားဟာ ဆုပေါင်း ၃၃ ဆုတောင်ရရှိခဲ့ပါတယ်..ဝါရင့်မင်းသမီး Olivia Williams၊ Star wars မင်းသား Evan McGregor နဲ့ James Bond မင်းသားကြီးPierce Brosnan တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ရှဲဒိုးရေးပေးတဲ့ နာမည်ကျော်ရှဲဒိုးစာရေးဆရာ ဂို့စ်ဟာဗြိတိန်ဝန်ကြီးချုပ်ဟောင်း အဒမ်လန်းရဲ့ ကိုယ်တွေ့မှတ်တမ်းကို ရေးပေးဖို့ ငွေကြေးတနင့်တပိုးနဲ့ ကမ်းလှမ်းလာပါတယ်။နိုင်ငံရေးအကြောင်းကို သေချာမသိပေမယ့်လည်း ရမယ့်ငွေပမာဏကမနည်းတာကြောင့် ဗြိတိန်သား ဂို့စ်တစ်ယောက် အမေရိကန်အထိ လိုက်ပြီး ရှဲဒိုးရေးပေးဖို့ပြင်ဆင်ရပါတော့တယ်။သူ့ကိုငှါးဖြစ်သွားတာက သူ့အရင်ရေးပေးနေတဲမိုက်ခ်ဆိုသူဟာ ရေနစ်သေဆုံးသွားလို့ပါပဲ။သူ အလုပ်စတော့မယ့်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဒမ်လန်းဟာ စီအိုင်အေနဲ့ပူးပေါင်းပြီးပြည်သူအချို့ကို အကြမ်းဖက်သမားဟုဆိုကာ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ဒီကောလဟာလတွေကြား ဂို့စ်တစ်ယောက် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်ရင်းဘယ်လိုအရှုပ်တော်ပုံတွေထဲ ပဲလှော်ကြား ဆားညပ်မလဲဆိုတာကတော့…   File Size :(1.9GB)  (714 MB) and (245 MB) Quality : ...
movie

The Ghost Writer(2010)

Big Game (2014) 5.4
Big Game (2014) Big Game (2014)IMDb - 5.4/10_____Rotten - 78%    2015 ခု နှစ်ထဲမှာ ထွက်ရှိထားတဲ့ ဇာတ်ကား အမိုက်စား ဖြစ်ပါတယ်...ဒါရိုက်တာ Jalmari Helander က ရိုက်ကူးတင်ဆက်ထားပြီး IMDb Rating 5.4 ရရှိထားပါတယ်...Rotten Tomatoes က တော့ 78% ရရှိထားတာကို တွေ့မြင်ရမှာပါ အမေရိကန်တွေအနေနဲ့လည်း သမ္မတ ကို ပဲဇာတ်လမ်းတည်ပြီးရိုက်ရတာသိပ်အားရနေကြလားတော့ မသိဘူး..White House Down တို့ olympus has fallen တုန်းကလည်း အိမ်ဖြူတော်ကို စိစိညက် ညက်ကြေနေအောင်ရိုက်ပြထားခဲ့ပြီးပြီ..အခုလည်း ဒီဇာတ်လမ်းမှာ သမ္မတ ကို လိုက်လံလုပ်ကြံ သတ်ဖြတ်တဲ့ ဇာတ်ကြောင်းနဲ့ ရိုက်ပြထားပါတယ်..အကောင်းမွန်ဆုံးရိုက်ပြထားခြင်းဖြစ်ပါတယ်. ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ Campsite နားလေးမှာ သမ္မတ လေယာဉ်ဟာပစ်ချ ခံလိုက်ရပါတယ်..အဲ့မှာ ကောင်လေးက သမ္မတကြီးကို ကယ်ဆယ်ပြီးတဲ့နောက်မှာတော့.. ထပ်ပြီးလိုက်လာတဲ့ လိုက်လံသတ်ဖြတ်တဲ့သူတွေလက်က 2ယောက်လုံးလွတ်အောင်ပြေးရပါတော့တယ် စိတ်ဝင်စားမှုအရှိန်အဟုန်ကောင်းကောင်းနဲ့ အက်ရှင်ကောင်းကောင်းကြိုက်သူတွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ကြောင်းအသိပေးလိုက်ပါတယ်  File size : 550 MB Quality : 720p Format : ...
movie

Big Game (2014)