Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jean De Baer
7.3
Wall Street (1987 )
IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ...
movie
Wall Street (1987 )
7.0
Maverick (1994)
မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဟာ နယ်ပယ်တစ်ခု၊ အလုပ်တစ်ခုမှာ မဖြစ်မနေအောင်မြင်ရမယ်ဆိုပြီး အလိုလိုသိနေတဲ့ ဗီဇစိတ်( instinct mind) (တစ်နည်း )တစ်ခုခုမှာ ကိုယ့်ကိုယ်ကိုပါရမီပါနေတယ်လို့ ကံသေကံမအခိုင်အမာ ယုံကြည်ဖူးပါသလား။ ဥပမာ- ငါဟာ သီချင်းဆိုတဲ့ အဆိုတော်အဖြစ် တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက်အဖြစ် တစ်နေ့အောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ စာရေးဆရာတစ်ယောက်အဖြစ် bestseller တန်းဝင်ပြီး တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး အခိုင်အမာ ကိုယ့်ကိုကိုယ်သိနေ၊ ယုံကြည်နေတာမျိုး ရှိဖူးခဲ့ပါသလား။ စာရေးသူအနေနဲ့တော့ ကိုယ်တိုင်ရှိခဲ့ဖူးသလို မိတ်ဆွေတို့မှာလည်း တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်တစ်ခုမှာ ရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ မိတ်ဆွေကိုယ်တိုင် မသိဘူးထင်ရပေမယ့် အတွင်းမသိစိတ်မှာတော့ မိတ်ဆွေဟာ နယ်ပယ်တစ်ခုခုမှာ ပါရမီအရမ်းရှိနေတာမျိုး၊ အဲ့လိုရှိမှန်းမသိသည့်တိုင် မိတ်ဆွေဟာ ထူးချွန်နေတာမျိုး ရှိတတ်ပါတယ်။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း အဆိုပါသဘောတရားကို အနည်းငယ်ကျောရိုးယူပြီး ဇာတ်အိမ်တည်ထားတဲ့ ဟောလိဝုဒ် Western ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Western ရုပ်ရှင်ပီပီ အပစ်အခတ်၊ ...
movie
Maverick (1994)
6.7
The Man without a Face(1993)
The Man without a Face(1993)IMDb.....6.7,,,,,Rotten....64%လူတိုင်းမှာ အတုယူစရာ တစ်ခု သို့မဟုတ် အမြင့်တစ်နေရာကိုတက်လှမ်းနိုင်ဖို့ရာ လေးစားအားကိုးထိုက်သူ တစ်ယောက်ယောက်တော့ ရှိနေတတ်စမြဲပင်...သို့ပေမယ့်လည်း တစ်ချို့သော ကလေးငယ်တွေအဖို့တော့...... မုဆိုးမ အမျိုးသမီးတစ်ယောက်မှာ သားသမီး (၃)ယောက်ရှိတယ်...သမီး(၂)ယောက် သားတစ်ယောက်ပေါ့....မိခင်ရဲ့သားသမီးတွေအပေါ် ထားတဲ့အချစ်က စနစ်တကျမရှိခဲ့... ချက်ဆိုတဲ့ ၁၃နှစ်အရွယ်ကောင်လေးက ဒီအမျိုးသမီးရဲ့သားပေါ့....ဒီကောင်လေးရဲ့ မွေးချင်းတွေကလည်း အမေတူအဖေကွဲတွေ...မည်သို့ပင်ဆိုစေကာမူ ဒီမောင်နှမ(၃) ယောက်ရဲ့ သံယောက်ဇဉ်တွေကို အလှပဆုံးအသိုက်အမြုံဖြစ်အောင် မိခင်က စွမ်းဆောင်နိုင် စွမ်းမရှိသလောက်ပင်...သို့သော်ချက်အတွက် ဂုဏ်ယူစရာတစ်ခုရှိတယ်...ဘာလဲဆိုတော့ ဆုံးသွားတဲ့သူ့ဖခင်က စစ်က္ကသိုလ်က...ကိုးရီးယားမှာလေယာဉ်မောင်းရင်းဆုံးသွားတယ်... ဖခင်ကိုအားကျတယ်..မခင်က သူ့အတွက် ဟီးရိုးပဲ.သူ့ဖခင်လို ဖြစ်ချင်သည်....ရိုးရိုးကျောင်းကပဲအောင်ရင် သူ့ဖခင်တက်တဲ့ ကျောင်းကို တက်ခွင့်ရဖို့လမ်းမမြင်....ချက်အတွက် လေ့လာသင်ယူ လိုစိတ်ရှိပေမယ့် သူ့အတွက် လမ်းကောင်းကောင်းပြပေးမယ့်သူမရှိဘူး.... ဒီလိုနဲ့ ကျောင်းဆရာတစ်ယောက်ကိုသူတွေ့သွားတယ်...အဲ့ဒီဆရာက မျက်နှာတစ်ခြမ်း မီးလောင်ဒဏ်ရာတွေနဲ့...ဒီဆရာက ခင်မင်သူမရှိ ...ချက်တို့နယ်မြို့လေးမှာ (၇)နှစ်နေခဲ့တယ် ဆိုပေမယ့် သူ့ကိုမြင်ဖူးတဲ့သူခပ်ရှားရှားပင်...စစ်တက္ကသိုလ်ဝင်ခွင့်ရဖို့အရေး အများသူငါ ကြောက်ရွံတဲ့သူမှာ တပည့်ခံဖို့ သူဆုံးဖြတ်ခဲ့သည်..... ဒီကားကတော့ မဲလ်ဂစ်ဆင် ကိုယ်တိုင်ရိုက်ကူးပြီး သူကိုယ်တိုင်သရုပ်ဆောင်ခဲ့သည်... ဒီကားက မေတ္တာ သံယော်ဇဉ် ယုံကြည်အားကိုးမှုကို ရိုးစင်းစွာရိုက်ပြထားပါတယ်... ခံစားမှုစည်းစိမ်တွေ မြောက်များစွာ ခင်ဗျားရရှိသွားလိမ့်မယ်လို့ထင်တယ်...အဲ့ဒီခံစားမှု စည်းစိမ်တွေထဲမှာ ပျော်ရွှင်ကြည်နူးမှုတွေ၊ဒေါသတွေ၊ဝမ်းနည်းမှုတွေ၊မြောက်များစွာပါပဲ... ခင်ဗျားဟာ ဒီကားကိုကြည့်နေရင်းခင်ဗျားတို့လိုချင်တဲ့ဇတ်သိမ်းခန်းကိုရောက်လို့ နှုှုတ်ခမ်း ကပြုံးနေပါလိမ့်မယ်.သို့ပေမယ့် အဲ့ဒီအချိန်မှာ ခင်ဗျားမျက်လုံးကိုမတော်တဆထိကြည့်လိုက်ပါ... မျက်ရည်လေးတွေဝေ့နေပါလိမ့်မယ်...ဘာ့ကြောင့်လဲဆိုတာတော့ ခံစားသာကြည့်လိုက်ပါ....File ...
movie
The Man without a Face(1993)
1993