Channel Myanmar

Jean-Jacques Rausin

Wolfkin (2022)
Wolfkin (2022)  Twilight လိုသမန်းဝံပုလွေကားမျိုးတွေကိုကြိုက်တဲ့သူတွေအတွက်Wolfkin ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.5 ရရှိထားပြီး ကြည့်ရတာမဆိုးဘူးလို့ပြောလို့ရပါတယ်။နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ တခမ်းတနားရိုက်ကူးထားတာမျိုးတော့မဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကမဆိုးတာမို့လက်ခံလို့ရတဲ့အနေအထားတစ်ခုမှာတော့ရှိပါတယ်။ယောက်ျားထားသွားတာကိုခံခဲ့ရပြီးနောက်မှာ အီလိန်းကသူ့ရဲ့သားလေးဖြစ်တဲ့ မာတင်နဲ့ အမေတစ်ခုသားတစ်ခုပဲ ကျန်ခဲ့ပါတော့တယ်။ငွေကြေးမပြည့်စုံတဲ့အပြင် မိဘတွေပါမရှိတော့တဲ့အီလိန်းအတွက်ကလေးတစ်ယောက်ကို သူတစ်ယောက်တည်းပြုစုပျိုးထောင်ပေးဖို့ဆိုတာကခက်ခဲခဲ့ပါတယ်။အဲ့ဒီအပြင်ကိုမှ ကျောင်းမှာ မာတင်ကတခြားကလေးတွေနဲ့ရန်ဖြစ်တဲ့အခါမှာတော့ ကျောင်းကခေါ်တွေ့တာတွေလည်းခံခဲ့ရပါတယ်။ဒီလိုနဲ့ တဖြည်းဖြည်းချင်းအခြေအနေပိုဆိုးလာပြီးမာတင်လည်းကလေးတစ်ယောက်အနေနဲ့ အရမ်းစိတ်ညစ်နေတဲ့အခါမှာတော့ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် သူ့အဖေဘက်ကအဖိုးအဖွားတွေဆီအတူတူသွားခဲ့ကြပါတော့တယ်။ဟိုရောက်တဲ့အခါမှာတော့ သူတို့သားမှာမာတင်လေးရှိနေတာကိုသိတောင်မသိခဲ့ပေမဲ့ အီလိန်းတို့ကိုနွေးနွေးထွေးထွေးကြိုဆိုခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီအိမ်မှာနေရင်းနဲ့မှထူးဆန်းတဲ့အရာတွေကြုံတွေ့လာပြီး မာတင်လဲတဖြည်းဖြည်းနဲ့ထူးဆန်းလာတဲ့အခါမှာတော့ သူတို့မသိနိုင်တဲ့ဘယ်လိုနက်နဲ ထူးဆန်းတဲ့အရာတွေရှိနေမယ်ဆိုတာကို လျှို့ဝှက်နက်နဲစွာရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.11 GB / 503 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Drama , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Wolfkin (2022)