Channel Myanmar

Jean-Marie Daunas

Three Colors: Red (1994) 8.1
Three Colors: Red (1994) Three Colors: Red (1994) Genre – Drama, Mystery, Romance IMDB – 8.1/10တတိယမြောက်နဲ့ နောက်ဆုံးကားကျ အနီရောင် သူကအသိုင်းအဝန်း သဟာဇာတ စိတ်ဓါတ်လိုမျိုးပေါ့။၃ကားထဲမှာ Rating အကြမ်းဆုံး နောက်ဆုံးကား အော်စကာတွေပါစကာတင်ဝင်ခဲ့တာ။ဒီမှာကျ မင်းသမီးဇာတ် ပြန်ဖြစ်သွားပြန်ရော တစ်ကားလုံး အနီရောင်ပစ္စည်းတွေထည့်သွင်းပြသသွားတာတော့ သဘောကျမိတယ်။ဗယ်လင်တင်းဆိုတဲ့ မော်ဒယ်မလေး ရှိတယ်ချစ်သူနဲ့ ဖုန်းတပြောပြော ချစ်သူရှိတဲ့ အင်္ဂလန်နောက်လိုက်ချင်နေတဲ့အပျိုမလေးပေါ့။တစ်ရက်ကျ ခွေးမလေးတစ်ကောင်ကို ကားနဲ့တိုက်မိရာကခွေးပိုင်ရှင် အငြိမ်းစား တရားသူကြီးဟောင်းကြီးနဲ့ ဆုံပါလေရော။ဆုံတဲ့အပြင် ဒီလူကြီးရဲ့ ထူးဆန်းတဲ့အကျင့်ကိုပါတွေ့သွားခဲ့တာ ဘာထူးဆန်းတာလဲဆိုတော့ဒီဘဲကြီးက ပတ်ဝန်းကျင်နားကလူတွေရဲ့ ဖုန်းလိုင်းကိုကြားကဖြတ်နားထောင် စပိုင်လုပ်နေတာပဲ။အဲဒီမှာ ဒီလူကြီးနဲ့ တွေ့ပြီး ဘာဆက်ဖြစ်ကြမလဲဆိုပြီးစိတ်ဝင်စားဖွယ် ရိုက်ထားတာ ကြည့်ရမှာ သူကျ။ဒီကားထဲမှာလည်း ချစ်စရာမော်ဒယ်မလေးအဖြစ်ဆွစ်ဇာလန်မင်းသမီး Irène Jacob က ကောင်းကောင်းသရုပ်ဆောင်ထားပါတယ်။ဇာတ်သိမ်းမှာလည်း ၃ ကားလုံး ကြည့်ထားတဲ့လူတွေကိုစပရိုက်စ် တိုက်သွားပါသေးတယ်လို့ ပြောရင်းဆွေးမြေ့ဝိုင်ဖြစ်တဲ့ ပြင်သစ်သုံးရောင်ခြယ်လေးကိုခံစားကြည့်လိုက်ရအောင်ဗျာ။File size…  2.47 GB ...
movie

Three Colors: Red (1994)