Channel Myanmar

Jean-Paul Rouve

La Vie en Rose (2007) 7.6
La Vie en Rose (2007) La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေကစပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင်အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရောနောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင်တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်းခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကိုပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းကတာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့်အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်ကဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက်တောင်းဆိုမှုကြောင့် "La Marseillaise" ကိုသီဆိုပြခဲ့ပြီးကမ္ဘာကြီးဆီကို "အီဒစ်ပီအပ်ဖ်" ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင်လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို "စာငှက်ကလေး" လို့အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့"အီဒစ်ပီအပ်ဖ်" ဆိုတဲ့ ...
movie

La Vie en Rose (2007)

Asterix & Obelix: Mission Cleopatra (2002) 6.6
Asterix & Obelix: Mission Cleopatra (2002) Asterix & Obelix: Mission Cleopatra (2002)IMdb (6.6) / Rotten Tomatoes (86%)ရောမဘုရင် ဂျူးလိယက်ဆီဇာ ဟာ တိုက်တိုင်းအောင်စစ်ဘုရင်ကြီးဖြစ်နေတော့အီဂျစ်ဘုရင်မ ကလီယိုပါထရာနဲ့တွေ့တဲ့ချိန် အီဂျစ်သားတွေကို အထင်အမြင်သေးစွာ ပြောဆိုလိုက်တယ်...ဒါကို ကလီယိုပါထရာက တင်းပြီး အီဂျစ်သားတွေဟာ သမိုင်းဝင်ပိရမစ်တွေကို ဘယ်လိုဆောက်ခဲ့ကြောင်း ကြီးကျယ်ကြောင်း ပြန်ချေပတယ်..ဒီလို အီဂျစ်သားတွေ ကြီးကျယ်ကြောင်းသက်သေပြဖို့ ဆီဇာနဲ့ အလောင်းအစားတစ်ခုလုပ်လိုက်တယ်..၃ လအတွင်း နန်းတော်ကြီးတစ်ခု အပြီးဆောက်ပြမယ်ဆိုပြီးတော့ပေါ့...ဒီနန်းတော်ကိုဆောက်ဖို့ အီဂျစ်မှာ တလွဲလုပ်နေကျ ဗိသုကာပညာရှင် အက်ဒစ်ကို ခိုင်းလိုက်တဲ့အခါ...အက်ဒစ်ဆိုတာက နယ်နယ်ရရ ဗိသုကာပညာရှင်တော့မဟုတ်ပါဘူး..ပြတင်းပေါက်ကို လက်လှမ်းမမီတဲ့နေရာမှာဆောက်တဲ့လူမျိုးပါ...၃ လနဲ့အပြီးဆောက်ဖို့ မဖြစ်နိုင်တဲ့အဆောက်အဦးကို အက်ဒစ်တစ်ယောက် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီး ဆောက်မလဲ..သူ့ကို ချောက်တွန်းမယ့်လူရော မှော်အစွမ်းတွေနဲ့ကူညီမယ့်လူတွေရောရှိနေတာမို့ ဘယ်လိုဖြစ်ပျက်မလဲဆိုတာ ကြည့်ရမှာပါ။ဒီဇာတ်ကားက သမိုင်းနောက်ခံ ဟာသစွန့်စားခန်း ပြင်သစ်ဇာတ်ကားဖြစ်ပြီးတော့ ကလီယိုပါထရာအဖြစ် Monica Bellucci ,အက်ဒစ်အဖြစ် Jamel Debbouze , Astrix ...
movie

Asterix & Obelix: Mission Cleopatra (2002)

2002
HEVC 1080p 5.1
The Extraordinary Adventures of Adèle Blanc-Sec (2010) 6.3
The Extraordinary Adventures of Adèle Blanc-Sec (2010) IMDb Rating (6.3/10)ဒီပြင်သစ်ကားက အခွီကားပါ... ရီနေရပါတယ်။ မံမီတွေရော... ရှေးခေတ်က ငှက်တွေရော ...မှော်ပညာတွေရော... စွန့်စားခန်းတွေရောနဲ့ တကယ်ကိုကြည့်လို့ကောင်းတဲ့ Comedy ဇာတ်ကားပါ။ဇာတ်လမ်းကတော့....အဒဲဆိုတာ ပြင်သစ်က နာမည်ကျော် ဆောင်းပါးရေးတဲ့ဆရာမပါ။ သူ့မှာအရမ်းချစ်ရတဲ့အမွှာညီမတစ်ယောက်ရှိပါတယ်... သူမရဲနမော်နမဲ့တစ်ခုကြောင့် သူ့ညီမခမျာ ခေတ်ဆရာဝန်တွေမကုနိုင်တော့တဲ့ ဝေဒနာရပြီး သေလုမျောပါးဖြစ်နေရှာပါတယ် ...ဒါကိုမရှုစိမ့်တော့တော့တဲ့အဆုံး သူ့ညီမကို ရှေးခေတ်မှော်ပညာနဲ့ အသက်ပြန်သွင်းဖို့ အဒဲတစ်ယောက် အီဂျစ်က မံမီတွေနောက်ကို လိုက်ပါတော့တယ်...သူ့ညီမကိုအသက်ပြန်သွင်းဖို့ မံမီတွေကို အသက်ပြန်သွင်းမယ့် အဒဲရဲ့ မဟာအကြံအစည်ကြီး စွန့်စားခန်းတို့ရဲ့ထုံးစံအတိုင်း အခက်အခဲတွေကြားထဲက အောင်မြင်နိုင်ပါ့မလားဆိုတာ....အလွဲလွဲအချော်ချော်တွေနဲ့ အတည်ပေါက်နဲ့ရီနေရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ File size…(1.9 GB) and (850 MB) Quality….BluRay 1080p and 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Brownie
movie

The Extraordinary Adventures of Adèle Blanc-Sec (2010)

A Very Long Engagement (2004) 7.6
A Very Long Engagement (2004) A very long engagement (2004)========================၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင်သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော်ဖွင့်ပါတော့တယ်။မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံးပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေအလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းအသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား?သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား?အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်  File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... ...
movie

A Very Long Engagement (2004)

The New Adventures of Aladdin (2015)
The New Adventures of Aladdin (2015)  အာလာဒင်ပုံပြင်ကို ဆန်းသစ်ထားတဲ့ ပြင်သစ်ဇာတ်ကားပါ။ အာလာဒင်ကို Comedy ဇာတ်ကားဖြစ်အောင်ရိုက်ကူးထားပါတယ်။ တွေ့ဖူးသမျှ အာလာဒင်ဇာတ်ကားတွေထဲမှာတော့ ဒီဇာတ်ကားက အတော်အခွက်ပြောင်ပါတယ်။ တစ်ကားလုံး ရယ်ရမလို စိတ်ပျက်ရမလိုနဲ့ သေချာတာကတော့ ကြားဖူးနေကြ အာလာဒင်နဲ့လုံးဝမတူတာပါပဲ။ ဇာတ်ကားတစ်ကားလုံးကို သွက်လက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပံ့ပိုးထားတဲ့အပြင် အာလာဒင်သီဆိုတဲ့ Rap သီချင်းတွေကလဲ နားထောင်လို့ကောင်းပါတယ်။ ပုံစံပြောင်းအာလာဒင်နဲ့ ခွီကြပါစို့။(Aladin 2 ကို ဒီမှာ https://channelmyanmar.org/alad2-2018-the-brand-new-adventures-of-aladin/  ဒေါင်းပါ။)  File size…(1.6 GB) and (900 MB) Quality…BluRay 720p 5.1 CH (HEVC Encode) & 720p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung  Trailer
movie

The New Adventures of Aladdin (2015)