Channel Myanmar

Jeanne Balibar

A Town Called Panic (2009) 7.4
A Town Called Panic (2009) ဒီ​ကား​လေးကတော့ ၂၀၀၉ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ပြင်​သစ်​စကားပြော​ stop motion animated ဇာတ်​ကားလေးဖြစ်ပါတယ်။ သမားရိုးကျ​ animation ကားမဟုတ်ဘဲ ပလတ်စတစ်အရုပ်တွေကိုအသုံးပြုထားတဲ့အပြင်ဇာတ်လမ်း​တည်ဆောက်​ရာမှာလည်း ပုံမှန်​မဟုတ်​တဲ့ non sensical​ storyline ဇာတ်အိမ်ပုံစံမျိုးဖြစ်ပြီး Physical Comedy​ လို့​ခေါ်​တဲ့ လှုပ်ရှား​မှုများများသုံးပြီး ဟာသကိုသရုပ်ဖော်ထားပါတယ်။ဇာတ်လမ်း​အကျဥ်းကတော့အင်ဒီးယန်း၊ ကောင်း​ဘွိုင်​နဲ့ မောင်​မြင်း​ဆိုတဲ့​ ပလတ်စတစ်​ရုပ်​ကလေးသုံးရုပ်က ကျေး​လက်​ဒေသ​က ရွာလေးတစ်ရွာမှာ အတူနေကြပါတယ်။ တစ်နေ့ မောင်​မြင်း​ရဲ့မွေးနေ့မှာ အင်​ဒီးယန်းနဲ့ ကောင်း​ဘွိုင်​တို့က မွေးနေ့​လက်​ဆောင်​မဝယ်ရသေးမှန်းသတိရပြီး အများ​နဲ့မတူတဲ့ လက်ဆောင်​တစ်ခုပေးဖို့ ရေးကြီး​သုတ်ပျာပြင်ဆင်ကြပါတယ်။ လက်ဆောင်​အဖြစ်​ ဘာဘီကျူးလုပ်တဲ့ အကင်ဖိုတစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်​လိုက်ပြီး လိုတဲ့​အုပ်ချပ်ရေ ၅၀ ကို အွန်လိုင်း​ကနေမှာယူလိုက်ပါတယ်။ ဒါပေမဲ့​ အမှားအယွင်းဖြစ်ပြီး အုတ်​ချပ်​၅၀ အစား သန်း၅၀ ရောက်​လာရာက အစပြု​ပြီး ပြဿနာ​တွေတစ်ခုပြီးတစ်ခုတက်ကာ သူငယ်ချင်း​သုံးယောက်​ တလွဲတွေဖြစ်ကြုံရတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်း​အမျိုး​အစားက Adventure/Comedy အပြင်​ Farce လို့ခေါ်​တဲ့ ...
movie

A Town Called Panic (2009)

Lost Illusions (2021) 7.4
Lost Illusions (2021)  Rotten Tomatoes မှာ 93% , IMDb မှာ 7.4 Ratingရထားတဲ့ပြင်သစ်ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ရပါတယ်။ ၁၉၈၀ ခုနှစ်မှာ အသက် ၂၀ အရွယ်ကဗျာဆရာလေးတစ်ယောက်ဖြစ်တဲ့လူစီယန်က အသိုင်းအဝိုင်းကြီးတစ်ခုကအိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်မိပြီးတဲ့နောက်မှ သူ့ရဲ့အိမ်ကနေ ပဲရစ်ကိုထွက်ခွာလာခဲ့ရပါတော့တယ်။စစချင်းမှာတော့ပဲရစ်မှာဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ ပါလာတဲ့ ပိုက်ဆံလေးတွေလဲ ပြောင်ခဲ့ပါတော့တယ်။ ဒါပေမယ့်သူ့ရဲ့ ကဗျာစွမ်းရည်နဲ့စာရေးတဲ့ စွမ်းရည်က သူမတူပဲအရမ်းထူးချွန်ပြောင်မြောက်နေတဲ့အတွက် အရည်အချင်းရှိသူတွေအတွက် နေရာမရှားပါဘူးဆိုတာကိုသက်သေပြသွားပြီးတော့ သတင်းစာတိုက်တစ်ခုမှာအလုပ်ရသွားပါတော့တယ်။နောက်ပိုင်းမှာတော့လူစီယန်တစ်ယောက်ကျော်ကြားမှုနဲ့ချမ်းသာမှုတွေလဲပြန်ရလာခဲ့ပါတော့တယ်။ ဒါပေမယ့်ကံကြမ္မာဆိုတာက ချိုတစ်လှည့်ခါးတစ်လှည့်ဆိုတဲ့ အတိုင်းပဲသူ့ဘဝရဲ့ကျရှုံးချိန်တွေကိုရော ဘယ်လိုပြန်ရောက်သွားမလဲဆိုတဲ့ကဗျာဆရာလေးရဲ့ ပဲရစ်မှာကြုံရဆုံရစွန့်စားခန်းအမျိုးမျိုးအဖုံဖုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။  File size…1.99GB / 785MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….2h 29m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Lost Illusions (2021)

Memoria (2021) 6.7
Memoria (2021) Memoria (2021)==============IMDb Rating - 6.7/10Modern Life ,Modern Noise လို့ဆိုရလောက်အောင် ကျွန်တော်တို့ရဲ့ယနေ့ခေတ် ဘဝနေထိုင်မှုပုံစံတွေက မနက်ကနေညအထိအလုပ်လုပ်ငွေရှာရင်း ဘဝရဲ့ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာပါတယ်။ ဒီလိုပါပဲ ယခင် ကျေးငှက်လေးတွေရဲ့တေးသံသာတွေနဲ့ပြည့်နှက် နေတဲ့ ပတ်ဝန်းကျင်ကမနက်ကတည်း ကားသံ၊ လူသံ၊ စက်မောင်းသံတွေနဲ့ပတ်ဝန်းကျင်က ဆူညံလို့နေပါတော့တယ်။ ဘဝနေထိုင်မှုအတွက်ပဲရှင်သန်လှုပ်ရှားရင်းနေလာရတော့ ဒီလို အသံတွေနဲ့အသားကျလာကြပါတယ်။ ဒါပေမယ့် အသားမကျသေးသူအတွက်တော့ အများနဲ့ မသက်ဆိုင်သောသူသဖွယ်ခံစားနေရမှာပါ။ဒီဇာတ်လမ်းကလည်း လက်ရှိလူနေမှုဘဝလှုပ်ရှားမှုတွေ..လူမှုဆက်ဆံရေးပုံစံတွေကို နောက်ခံမှာ မြုပ်နှံထားပြီး Tilda Swintonရဲ့ သရုပ်ဆောင်ချက်တွေနဲ့ အေးအေးဖြည်းဖြည်းချင်း ပုံဖော် ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားလေးက ခေတ်ပေါ်ပန်းချီကားတစ်ချပ်လိုမျိုး အပေါ်ယံကြည့်လိုက်ရင် အဓိပ္ပါယ်မရှိသယောင်ဖြစ်ပေမယ့် ပန်းချီကားအပေါ်မှာသေချာခံစားကြည့်လိုက်ရင်တော့ ရင်ထဲမှာ ခံစားချက်အတွေးတွေဖြစ်လာစေမှာပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size - (2.51 GB) / (1.27 GB) / (619 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - ...
movie

Memoria (2021)

2021
Cold War (2018) 7.6
Cold War (2018) Cold War (2018)=============IMDb Rating 7.6/10#UnicodeCold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အ‌ရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စား‌တွေရဲ့ ဂီတ။ ကျွန‌်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတ‌တွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင‌်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံး‌ရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်၀င်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ...
movie

Cold War (2018)

2018