Channel Myanmar

Jeffrey Markle

My Sister’s Keeper (2009) 7.3
My Sister’s Keeper (2009)   မမကြီး ကင်မရွန်းဒိုင်းယက်ဇ် ရဲ့ ၂၀၀၉ခုနှစ်ကဇာတ်ကားလေးပါ။ ဒီဇာတ်ကားလေးက စာရေးဆရာမ Jodi Picoult ရေးသားတဲ့ My sister 's keeper ဆိုတဲ့ ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်လမ်းက အပြင်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ မော်လီနဲ့အဒန်မ်ဆိုတဲ့ ညီအစ်မနှစ်ယောက်အကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးက ဘရိုင်ယန်နဲ့ဆာရာတို့မှာ ဂျက်စီဆိုတဲ့သားလေးရယ် ကိတ်နဲ့အန်နာဆိုတဲ့သမီးနှစ်ယောက်ရယ်ရှိပါတယ် ဒါပေမဲ့ ကိတ်ဟာငယ်စဥ်ကတည်းက သွေးဖြူဥနည်းနေပြီး သွေးကင်ဆာစဖြစ်ခဲ့ပါတယ် ကိတ်ရဲ့သွေးကင်ဆာကိုကုသရာမှု လိုအပ်တဲ့ သွေးတစ်ရှူးတို့ ချဥ်ဆီရိုးတို့ပေးဖို့ကို ကိတ်ရဲ့မျိုးဗီဇနဲ့ကိုက်ညီတဲ့ အန်နာကပဲပေးရပါတယ် ဘရိုင်ယန်နဲ့ဆာရာဟာ ကိတ်နဲ့ကိုက်ညီမှုမရှိတာကြောင့် ကိတ်အတွက်ကိုယ်တွင်းအင်္ဂါလှူနိုင်မယ့်သူရှိအောင် အန်နာကိုထပ်မွေးခဲ့တာပါ အန်နာတစ်ယောက် မွေးကင်းစကတည်းကနေသူ့အစ်မအတွက် လှူပေးခဲ့ရတယ် နောက်တော့ ကျောက်ကပ်လှူရမယ်လုပ်တော့ သူမလှူချင်​တော့ပါဘူး ဒါကြောင့် သူမဟာ ဆေးကုသမှုနဲ့ပက်သက်ပြီး မိဘတွေရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်ဖို့အတွက် ရှေ့နေငှားပြီးတရားစွဲပါ​တော့တယ်ဒီဇာတ်ကားလေးမှာဆိုရင် အစ်မကိုအရေးပေးဂရုစိုက်လွန်းတဲ့မိဘတွေအကြားမှာအန်နာလေးရဲ့စိတ်ခံစားမှုတွေ ကိတ်ရဲ့ရောဂါခံစားနေရမှု အမေဖြစ်သူဆာရာရဲ့သမီးဇောနဲ့အတ္တကြီးမှုတွေကိုကြည့်ရှုရမှာပါ ဒီဇာတ်ကားလေးဟာ အဆုံးထိကြည့်ပြီးသွားပြီဆိုရင်တော့ စိတ်ထဲမှာတစ်ခုခုတော့ကျန်နေစေမယ့် ကားကောင်းလေးပါ။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Drama, Family Subtitle….Myanmar ...
movie

My Sister’s Keeper (2009)

The Beta Test (2021) 6.7
The Beta Test (2021) IMDb Rating(6.6) / Rotten Tomatoes (94%)ဟောလိဝုဒ်က အေးဂျင့် ​ဂျော်ဒန်ဟာ တစ်နေ့မှာ အမည်မသိသူတစ်​ယောက်နဲ့ ဟိုတယ်တစ်ခုမှာ နှစ်ကိုယ်တူအချိန်ကုန်ဆုံးဖို့ ဖိတ်ကြားတဲ့ စာတစ်စောင်ကိုရရှိခဲ့ပါတယ်။ ​စေ့စပ်ထားသူ ဖြစ်​ပေမယ့် ဒီလိုအရာဆိုရင် စူးစမ်းချင်တဲ့စိတ်တွေက တဖွားဖွားပေါ်လာတဲ့အမျိုးကိုး...။သူကိုယ်တိုင်ကလည်း ဟောလိဝုဒ်အေးဂျင့်ဆိုတော့ လုပ်စားနေကျ လူလည်ပတ်ကား ကလိမ်ကကျစ်ပဲလေ...တစ်ရက်တစ်ရက် ဘယ်သူ့ကို ဂျင်းထည့်ရမလဲ ဘာတွေရှုပ်ရမလဲပဲ စဉ်းစားနေရင်း တစ်ဘဝလုံးက အလိမ်အညာတွေချည်းနဲ့ပဲ ပြည့်နှက်နေတဲ့လူမျိုးပဲ။ အဲ့ဒီအမျိုးသမီး ဘယ်သူလဲဆိုတာကို သိချင်လွန်းလှတဲ့ ​ဂျော်ဒန်ဟာ အသည်းအသန် မရမကလိုက်စုံစမ်းပါ​တော့တယ်...ဒီလိုနဲ့ပဲ သူ့ရဲ့ ဆန္ဒတွေ ပြည့်ဝသွားမလား၊ သူ့ရဲ့ အလိမ်အညာ ဇာတ်ရှုပ်တွေထဲ ဘယ်လောက်ထိ နစ်မြောသွားမလဲဆိုတာကို ခံစားရမှာဖြစ်ပါတယ်။The Beta Test ဟာ thriller အမျိုးအစား ဇာတ်ကားဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအနေနဲ့လည်း စိတ်ဝင်တစားကြည့်ရမယ့်ကားအမျိုးအစားဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ပါရစေ။Get More info File size…(1.4 GB) / (750 MB) Quality….WEB-DL ...
movie

The Beta Test (2021)