Channel Myanmar

Jeffrey Parazzo

Shoot ‘Em Up (2007) 6.7
Shoot ‘Em Up (2007) Shoot 'Em Up (2007)IMDb - 6.7/10_____Rotten - 67% မမမိုနီကာပါဝင်တဲ့ Action/Thriller လေးပါ...မုန်လာဉနီမြင်ရင် သတိရနေမိတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။ဇာတ်လမ်းအကြောင်းလေးကို အနည်းငယ်မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအစမှာ ဘယ်သူမှန်းမသိတဲ့ ဗိုက်ကြီးသည်မိန်းကလေးတစ်ယောက်နဲ့စတင်ထားပါတယ်။ဒီမိန်းကလေးကို ဘယ်ကမှန်းမသိတဲ့ လူတစ်စုကသတ်ဖြတ်ချင်နေကြပါတယ်. . .အဲ့လိုပြသနာတွေဖြစ်နေကြတုန်းမှာ ဘယ်လိုပေါ်လာမှန်းမသိတဲ့ ဇာတ်လိုက်က မိန်းကလေးကိုကယ်သွားပါတယ်...ကလေးတောင်မွေးပေးလိုက်သေး...သူတို့ဇာတ်ရှုပ်ကြီး အပစ်အခတ်ကြမ်းကြမ်းနဲ့ ဘယ်လိုရှင်းကြမလဲဆိုတာ....။ဇာတ်လမ်းသွား တမူထူးခြားတဲ့ဇာတ်ကားလေးပါပဲ။ File size…(1.5 GB) Quality….BluRay HEVC 1080p Format…mkv Duration….01:26:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Idiot Myo Ko
movie

Shoot ‘Em Up (2007)

2007
HEVC 1080p
Molly’s Game (2017) 7.4
Molly’s Game (2017) Molly's Game (2017) IMDb - 7.4/10_____Rotten - 81%   Molly's Game ဟာ နာမည်ကြီးဟောလိဝုဒ်ကြယ်ပွင့်တွေ စီးပွားရေးပညာရှင်တွေ အားကစားသမားတွေ ပါဝင်ကစားခဲ့တဲ့ပိုကာဝိုင်းတွေကို အသက် ၂၆နှစ်အရွယ်နဲ့ဦးစီးလုပ်ဆောင်ခဲ့သူ Molly Bloomအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်…ပိုကာဝိုင်းတွေကို ကော်မရှင်ခယူပြီး တရားမဝင်ဦးစီးခဲ့တဲ့အတွက် အစိုးရ ရဲ့တရားစွဲဆိုမှုအပေါ် အရည်အချင်းပြည့်လှတဲ့ရှေ့နေတစ်ဦးနဲ့ပေါင်းကာ တရားရင်ဆိုင်ကြပုံကို ရှုစားကြရမှာပါ…ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်…မော်လီဟာ ငယ်ရွယ်စဉ်ဘဝတုန်းကတော့ အိုလန်ပစ်ပွဲတွေမှာ စကိတ်ပြိုင်ပွဲတွေဝင်နိုင်ဖို့ရည်သန်ပြီး စကိတ်အားကစားကို ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့သူတစ်ဦးပါ…အသက် ၁၃နှစ်အရွယ်မတိုင်ခင်ကတည်းက ပြည်နယ်ရဲ့ထိပ်တန်းလက်ရွေးစင်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်…တစ်နေ့မှာတော့ သူ့ရဲ့ဝါသနာပါရာအားကစားကို ရပ်တန့်ပစ်ရတော့မယ့် အခြေအနေဆိုက်လာပါတယ်…ကျောရိုးမကြီးမှာပြင်းပြင်းထန်ထန် အရိုးကွေးညွတ်မှုဖြစ်လာတဲ့အတွက်…မော်လီ့ကို ဘယ်တော့မှ စကိတ်မစီးဖို့ ဆရာဝန်က မှာလိုက်ပါပြီ…ဒါကြောင့် အထက်တန်းအောင်မြင်ပြီးနောက် မော်လီဟာ ဥပဒေကျောင်းဆက်မတက်သေးဘဲ နယူးယော့ခ်ကို ပြောင်းလာပါတယ်…ဘားတစ်ခုမှာစားပွဲထိုးဝင်လုပ်ရင်း…သူ့Careerတစ်ခုလုံးကို ပြောင်းလဲသွားစေမယ့် အလုပ်ရှင်တစ်ဦးနဲ့တွေ့ပါတော့တယ်…ပိုကာဝိုင်းမှာ စာရေးမ အနေနဲ့ လုပ်ဖို့ပါ…ဒီလိုနဲ့ မော်လီဟာ နောက်ပိုင်းမှာ ဘယ်လိုတွေများ ပိုကာဝိုင်းတွေကို ဆက်လက်ဦးစီးပြီး…ဝင်ငွေသန်းနဲ့ချီရအောင်ဆောင်ရွက်နိုင်ခဲ့သလဲ…လောကဓံအလှည့်အပြောင်းကို ဘယ်လိုများခံနိုင်ရည်ပြင်းပြင်းနဲ့ ရင်ဆိုင်ခဲ့တယ်ဆိုတာ ဆက်လက်ရှုစားကြပါ  (ဘာသာပြန်ပေးထားသူကတော့ ကျောင်းအုပ်ဆရာမကြီး မဝင်ဒီပါ)    Molly's ...
movie

Molly’s Game (2017)

2017