Channel Myanmar

Jeffrey Zekele

Gangster’s Paradise: Jerusalema (2008) 7.3
Gangster’s Paradise: Jerusalema (2008)   ဒီ​ဇာတ်ကားက ၂၀၀၈ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ တောင်​အာဖရိက​ရုပ်ရှင်​ဖြစ်​ပါတယ်။ ဇာတ်လမ်း​အမျိုးအစားက​ မှုခင်းဒရာမာအမျိုးအစားဖြစ်ပြီး​ တောင်​အာဖရိက​နိုင်​ငံ​ ဂျို​ဟန်​နက်​စ​ဘတ်​မြို့​မှာအခြေပြုထားပါတယ်။ ဒီရုပ်ရှင်​ကို​ ဘာလင်​ရုပ်ရှင်​ပွဲတော်မှာ စတင်​ပြသခဲ့ပြီး ဝေဖန်​သူတွေနဲ့ပရိသတ်တွေ အကြိုက်​တွေ့ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ လပ်ကီးကူနီးနီက ဆိုဝီတိုမြို့လေးမှာနေထိုင်တဲ့ ဆင်းရဲ​သား​တစ်ဦး​ဖြစ်ပါတယ်။ တက္ကသိုလ်​တက်​ဖို့ကျောင်းစရိတ်မရှိတာကြောင့်​ သူငယ်ချင်း​ဖြစ်​သူ​ ဇိတ်​ နဲ့အတူ ဒုစရိုက်​နယ်​ပယ်ထဲကိုခြေချမိရာကနေ နယ်ကျွံ​ပြီး​ ရာ​ဇဝတ်သားလုံးလုံးဖြစ်သွားပါတယ်။ ရဲလက်ကနေတိမ်းရှောင်ရင်း ဂျို​ဟန်​နက်စဘတ်မြို့ကိုရောက်ရှိခဲ့ပြီး မြို့​မှာရှင်သန်ဖို့ရုန်းကန်ရင်းနဲ့ နာမည်​ကျော်​ဂိုဏ်း​ခေါင်း​ဆောင်တစ်ဦး ဖြစ်​လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်း​အစမှာ လပ်ကီး​ကူနီးနီ​က​ ပစ်ခတ်​မှုတစ်ခုမှာ​ ဒဏ်ရာရ​ပြီးလဲနေချိန်​ ရဲတွေ​ဖမ်းဆီး​သွားတဲ့အခန်းက​ အစပြု​ထားပါတယ်။ အဲဒီ​နောက်​မှာ​ သတင်း​ထောက်​ထံမှာ သူ့ဘဝဇာတ်ကြောင်းကိုပြန်ပြောပြတဲ့ပုံစံမျိုး​ တင်ဆက်​ထားတာ ဖြစ်ပါတယ်။ ငယ်စဥ်က ပညာ​ထူးချွန်​ပေမဲ့​ ဆင်းရဲ​မွဲတေမှုကြောင့် ဒုစရိုက်​လောကထဲရောက်ခဲ့တဲ့ လပ်ကီး​တစ်ယောက်​ အဆုံးသတ်​မှာ​ ရဲလက်ကလွတ်မြောက်နိုင်ပါ့မလားဆိုတာကို​ ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်း​က​ တောင်​အာဖရိက​မှာ​ Apartheid စနစ်ပြိုလဲပြီး နယ်လ်ဆင်မင်ဒဲလားတို့ အာဏာရလာတဲ့​ ၁၉၉၄ နှောင်း​ပိုင်းမှာအခြေတည်ထားတာဖြစ်ပြီး လူဖြူ၊လူမည်း​ ပဋိပက္ခ​တွေ၊ လူမျိုး​ရေးခွဲခြားမှုတွေ၊ လက်နက်​ကိုင်​အရေးအခင်းတွေနဲ့အတူ တောင်​အာဖရိက​မြို့ကြီးတွေမှာ​ ဆင်းရဲ​ချမ်းသာကွာဟမှု၊ မူးယစ်​ဆေးနဲ့ ...
movie

Gangster’s Paradise: Jerusalema (2008)