Channel Myanmar

Jenna Warren

Thanksgiving(2023) 7.0
Thanksgiving(2023) Thanksgiving(2023)******************(ရက်စက်တဲ့သတ်ဖြတ်ခန်းတွေပါတဲ့ R Rated အမျိုးအစား ဟော်ရာမို့နှပ်ချေးစားကလေးငယ်များနှင့်အတူမကြည့်သင့်ပါဘူး...)ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ဟော်ရာတွေမှာ အတော်ကောင်းတဲ့ကားထဲမှာပါပါတယ်။သရဲမဟုတ်ဘဲ ဟော်ရာလူသတ်ရုပ်ရှင်ကိုမှ တရားခံမပြထားတဲ့ ပဟေဠိဆန်ဆန် အမျိုးအစားပဲဖြစ်ပါတယ်။Scream ရုပ်ရှင်တွေနဲ့ ဆင်တူပါတယ်။ ကျေးဇူးတော်နေ့မှာ ပလိုင်းမောက်မြို့လေးရဲ့ ရိုက်ကုန်တိုက်ပိုင်ရှင်ကအထူးလျှော့ဈေးနဲ့ ရောင်းပေးဖို့ကြေညာထားတဲ့အတွက် ကုန်တိုက်ရှေ့မှာတစ်မြိုု့လုံး လာစုနေကြပါတယ်။ အဲဒီဈေးရောင်းပွဲတော်မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပြီးလူတွေသေကုန်တာနဲ့အဆုံးသွားပါတယ်။ နောက်တစ်နှစ် ကျေးဇူးတော်နေ့အချိန်မှာဒီဈေးရောင်းပွဲတော်ကိုပဲ ထပ်လုပ်ဖို့စီစဉ်ချိန်မှာတော့ အရင်နှစ်က ပွဲမှာ လူသေမှုတွေဖြစ်အောင်ပတ်သတ်ခဲ့တဲ့သူတွေအားလုံး တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက်လိုက်သတ်တာခံရပါတော့တယ်။ ဒီတော့ အရင်နှစ် ကျေးဇူးတော်နေ့က သေသွားခဲ့တဲ့သူတွေနဲ့ပတ်သတ်တဲ့သူတွေထဲက ဘယ်သူက တရားခံလဲဆိုတာကို လိုက်ဖော်ဖို့ ကြိုးစားရင်းအသတ်မခံရအောင် ရုန်းကန်ကြရတဲ့လူတစ်စုကို ကြည့်ရမှာပါပဲ။ သတ်ဖြတ်ခန်းတွေအရမ်းကြမ်းတမ်းလို့ ကြောက်တတ်သူတွေမကြည့်သင့်ကြောင်း ကြိုပြောထားပါရစေ။File size…3.36GB /1.6 GB  / 691MB Quality…4K HEVC,WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1hr 46min Genre ….. Horror, Mystery, Thriller Subtitle….Myanmar ...
movie

Thanksgiving(2023)

4K HEVC
The Family (2022)
The Family (2022)  ဘာသာရေးနဲ့ ပတ်သက်လာရင် ကျနော်တို့တတွေဟာ ငယ်ငယ်ကတည်းက အယူအစွဲကြီးခဲ့ကြမှာပါ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတာကလည်း ဘုရားကျောင်းကန်ကို မပြတ်သွားလေ့ရှိကြတဲ့အမျိုးမဟုတ်လား။ ဒါပေမဲ့ တစ်ခုရှိတာက ငယ်စဉ်ကတည်းက ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဖြန့်လေ့ရှိကြတဲ့ ဘာသာရေးမှိုင်းတွေ၊ လူကြီးသူမတွေရဲ့ ခြောက်လှန့်ပြောဆိုမှုတွေကြားမှာ အသားကျကြီးပြင်းလာခဲ့မယ်ဆိုရင်တောင်မှ အသက်တစ်ခု ရလာလို့ လောကကြီးနဲ့ အထိအတွေ့လေး ရှိလာရင် တချို့ကိစ္စတွေကို အမှားအမှန် ခွဲခြားတတ်လာတာမျိုးလေးတွေလည်း ရှိလာကြစတမ်းပါပဲ။ ဒါပေမဲ့ ငယ်စဉ်ကတည်းက အပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်ပြီး အုပ်ထိန်းသူတွေရဲ့ ဘာသာရေးအဆုံးအမတွေကြားမှာပဲ ရှင်သန်ကြီးပြင်းလာခဲ့ရမယ်ဆိုရင်တော့..။ဆယ့်ကိုးရာစုပတ်လည်မှာပေါ့။ တောအုပ်တွေဝိုင်းထားတဲ့ လယ်ယာမြေလေးတစ်‌ကွက်မှာ မိသားစုတစ်စု ရှိတယ်။ အဖေဖြစ်သူက ဘာသာရေးစွဲကြီးတဲ့အပြင် အရာရာမှာ နိုင်လိုမင်းထက် ပြုချင်တဲ့ ဗီဇကလည်း ရှိပါ‌သေးတယ်။ ဒီလိုပြောလို့ အမေဖြစ်သူကတော့ ကောင်းလိမ့်မယ် မထင်လိုက်ပါနဲ့ သူလည်း ထူးမခြားနားပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ ညီအငယ်ဆုံးလေးဖြစ်သူ Elijah အလုပ်လုပ်ရင်း ပင်ပန်းမှုဒဏ်တွေကြောင့် လဲကျသွားတဲ့အခါမှာတော့ အဖေလုပ်သူဟာ ယမ်းမီးပုံကျ ဒေါသအိုးကွဲပြီး ညီထွေးကို အပြစ်ပေးတဲ့အနေနဲ့ တောအုပ်ထဲကို ခေါ်သွားကာ ချန်ရစ်ခဲ့ပါတော့တယ်။ နောက်တော့ အိမ်ထောင်ဦးစီးဖြစ်သူ အဖေကြီးက အဖဘုရားသခင်အလိုတော်အရဆိုပြီး မိသားစုထဲ ချွေးမလေးတစ်ယောက်ကို ခေါ်လာခဲ့ပြန်ပါတယ်။ တောကြီးမျက်မည်းထဲ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာတဲ့ အဆိုပါသတို့သမီးလောင်းနဲ့ အကြီးဆုံးသား Calebတို့ကြားက ဆက်ဆံရေးဟာ ဘယ်လိုဘယ်ပုံ ခရီးသွားကြမလဲ။ တစ်စထက်တစ်စ သိနားလည်တဲ့ အရွယ်ကို ရောက်လာတော့ အဖေဖြစ်သူရဲ့ အဆုံးအမတွေ ရှေ့နောက်မညီမှန်းကို သတိထားမိစပြုလာတဲ့ Calebကရော ပုံစံခွက်ထဲကနေ ဖောက်ထွက်ရဲမှာလား။ အပြင်လောကကြီးက အဖေဖြစ်သူပြောသလိုမျိုး ပျက်စီးယိုယွင်းနေပြီး နတ်မိစ္ဆာတွေ ...
movie

The Family (2022)