Channel Myanmar

Jennifer Aspen

Haul Out the Holly: Lit Up (2023) 5.7
Haul Out the Holly: Lit Up (2023)  ခရစ္စမတ်ကာလနီးလာပြီမို့ ခရစ္စမတ်ဇာတ်ကားအသစ်တွေ အများကြီးထွက်ရှိလာခဲ့တဲ့အထဲ IMDB 6.1/10 ရရှိထားတဲ့ Romance ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခရစ္စမတ်ကားတွေအရိုက်များတာမို့ ခရစ္စမတ်မင်းသမီးလို့တောင် တင်စားရမယ့် Lacey Chabert (The Wedding Veil/Christmas Waltz) နဲ့ အလားတူ ခရစ္စမတ်မင်းသား Wes Brown (Christmas At Graceland/ Check Inn To Christmas) တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ခရစ္စမတ်ကို အရူးအမူးရူးသွပ်ပြီး တစ်လမ်းလုံး အင်တိုက်အားတိုက် ပျော်ရွှင်စွာ တက်တက်ကြွကြွပါဝင်တတ်ကြတဲ့ အဲဗားဂရင်းလမ်းက အိမ်ပိုင်ရှင်တွေအတွက်တော့ ခရစ္စမတ်ကာလက တစ်နှစ်တာလုံးအတွက် ရင်ခုန်စိတ်အလှုပ်ရှားရဆုံးကာလပေါ့။ ရပ်ကွက်ဥက္ကဌဖြစ်သူ ဂျရတ်ဒ်ကလည်း အိမ်ပိုင်ရှင်တွေ စည်းကမ်းနဲ့အညီ ခရစ္စမတ်ကာလကို ဖြတ်သန်းနိုင်တာသေချာဖို့ အဓိကအာရုံစိုက်နေရတာပါ။ သူ့ချစ်သူ အမ်မလီကလည်း စိတ်ရောကိုယ်ပါ ပါဝင်အားဖြည့်ကူညီပေးခဲ့တာပေါ့လေ။ဒီလိုနဲ့ အေးချမ်းနေတဲ့ သူတို့ရဲ့ပတ်ဝန်းကျင်လေးထဲကို မိသားစုတစ်စုပြောင်းလာရာကနေ အလှုပ်အခတ်‌တွေ အများကြီးဖြစ်ပေါ်ခဲ့ရပါတော့တယ်။ ရသစုံရှိုးစတားမိသားစုဖြစ်တဲ့ ဂျွန်ဆင်တို့ ပြောင်းလာမှာမို့ သူတို့ရဲ့ပရိသတ်ဖြစ်သူ ...
movie

Haul Out the Holly: Lit Up (2023)

Girl vs. Monster (2012) 5.7
Girl vs. Monster (2012) စကိုင်လာလူးဝစ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးဟာအရွယ်နှင့်မမျှဘဲအကြောက်တရားကင်းမဲ့လှသူပါသူ့ရဲ့မိဘနှစ်ပါးက မကောင်းဆိုးဝါးများကိုဖမ်းဆီးသူများဖြစ်ကြပြီးတော့သူ့ကိုတော့အဲ့အကြောင်းကိုလျှို့ဝှက်ထားပါတယ်စကိုင်လာ့မိဘနှစ်ပါးဟာ သူ့သမီးကိုအရမ်းကိုပဲ အကာကွယ်လွန်ပြီးအကဲပိုတတ်ကြပါတယ်ဒါပေမယ့် စကိုင်လာကတော့ ငယ်ရွယ်သူပီပီ အဲ့လိုအကာကွယ်လွန်ပြီးစိုးရိမ်ပူပန်လွန်းတာကို လုံးဝမကြိုက်ပါဘူး...သူ့မှာ သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အင်မတန်ကြောက်တတ်တဲ့ ဟင်နရီနဲ့ဆီဒီဆိုတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်...သူဟာ နောက်တစ်နေ့ည ဟောလိုးဝင်းမှာကျင်းပမယ့်ပါတီပွဲမှာရောခ့်ဂီတအဖွဲ့တစ်ဖွဲ့နဲ့အတူ သီချင်းတွဲဆိုဖို့အတွက်လဲစီစဉ်ထားပါတယ်သူ့အနေနဲ့ဟောလိုးဝင်းညကိုပျော်ပျော်ကြီးဖြတ်သန်းမယ်လို့မျှော်လင့်ချက်အပြည့်နဲ့ပေါ့...ဒါပေမယ့် အဲ့မျှော်လင့်ချက်တွေဟာ ဟောလိုးဝင်းညမှာ စကိုင်လာ့မိဘတွေသူ့ကိုအိမ်ထဲမှာပဲနေပြီး အပြင်မထွက်ရန် "Alarm" စနစ်ပါပေးထားပြီးလူတစ်ယောက်ဖြင့်စောင့်ကြည့်ခိုင်းထားတဲ့အတွက် အကုန်ပျက်စီးကုန်ပါတော့တယ်...ဒါပေမယ့် စကိုင်လာ့အနေနဲ့ လက်မလျှော့ပဲ သူ့ကို စောင့်ကြည့်နေသည့်လူမသိအောင်အိမ်ထဲကနေခိုးထွက်ဖို့အတွက် အိမ်ရဲ့ပါ၀ါမီးခလုတ်ကိုပိတ်လိုက်ရာမှာတော့သူ့မိဘတွေနှစ်ပေါင်းများစွာ ချုပ်ထားကြသည့် လူတွေရဲ့အကြောက်တရားကိုအင်အားအဖြစ်ဝါးမြိုစားသောက်ကြရတဲ့ မကောင်းဆိုးဝါးများဖြစ်ကြသည့်ဒီရန်မာတာ၊ သီအိုဒိုးရှားနဲ့ စာခြောက်ရုပ်ဘော့တို့သုံးယောက်အပြင်မကောင်းဆိုးဝါးမြောက်မြားစွာ လွတ်မြောက်သွားပါတော့တယ်...စကိုင်လာ့ကိုစောင့်ကြည့်ခိုင်းထားတဲ့ သူ့မိဘများရဲ့သူငယ်ချင်းကစကိုင်လာဟာ မျိုးဆက်(၅)ဆက်မြောက် မကောင်းဆိုးဝါးဖမ်းဆီးသည့်သူတစ်ယောက်ဖြစ်ပြီးအခုလွတ်မြောက်သွားတဲ့ မကောင်းဆိုးဝါးတွေကို ပြန်ဖမ်းဆီးရမယ်လို့ပြောလိုက်တဲ့အခါမှာတော့စကိုင်လာ့အနေနဲ့ သူ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ မကောင်းဆိုးဝါးများကိုပြန်လည်ဖမ်းဆီးရတော့မယ့်တာဝန်ရှိလာပါတယ်...သူဘယ်လိုတွေများဆက်ရင်ဆိုင်မလဲဆိုတာတော့ဒီကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါလို့...ဒီကားလေးမှာ သူတို့သုံးယောက်ရဲ့စွန့်စားခန်းများအပြင်လူတွေအနေနဲ့ အကြောက်တရားဆိုတဲ့အရာကို ဘယ်လိုအနိုင်ယူရမယ်ဆိုတာကိုပါထည့်သွင်းပြသထားတဲ့အတွက်အရမ်းကိုပဲကြည့်လို့ကောင်းတဲ့ရုပ်ရှင်ကားလေးဖြစ်မယ်ဆိုတာ သေချာပါတယ်File Size : (760 MB) and (322 MB) Quality : WedDL 720p Running Time : 1hr 29 min Format ...
movie

Girl vs. Monster (2012)

2012