Channel Myanmar

Jennifer Banko

In The Shadows (2023)
In The Shadows (2023)  ဟာလန်ဟက်ချာဆိုတဲ့ ကလေးလေးက မိသားစုပြဿနာတွေအကြားကနေ စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့ ဆယ်နှစ်သားကလေးလေး။တစ်နေ့မှာ အဖေနဲ့အမေ ရန်ဖြစ်နေတုန်းမှာ စိတ်ကိုမထိန်းနိုင်တော့ဘဲ အမေဖြစ်သူကို ဓားနဲ့၀င်ထိုးပြီးသတ်လိုက်တယ်။ တရားခွင်မှာ ဟာလန်ရဲ့အဖေဖြစ်သူက ဟာလန်ကို စိတ်ကျန်းမာရေးဆေးရုံပို့ပြီး တစ်သက်လုံး အချုပ်ကျခံစေဖို့အတွက် တောင်းဆိုခဲ့တယ်။ဒီလိုနဲ့ နောက်ထပ် ၃၅ နှစ်အကြာမှာ ဟာလန်ဟာ စိတ်ကျန်းမာရေးဆေးရုံကနေ ပြန်လည်လွတ်မြောက်လာတဲ့ ၄၅နှစ်အရွယ် ဟာလန်ဟာ သူ့အပေါ်ရက်စက်ခဲ့တဲ့ ဟက်ချာတစ်မိသားစုလုံးကို လက်တုံ့ပြန်သတ်ဖြတ်ဖို့အတွက် ပြန်လည်ရောက်ရှိလာတဲ့နောက်မှာတော့ စိတ္တဇလူသတ်သမား ဟာလန်ရဲ့ကလဲ့စားကနေ ဟက်ချာမိသားစု လွတ်မြောက်နိုင်ပါ့မလား၊ အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ဟာလန်တစ်ယောက် ဘယ်လိုအဖြစ်ဆိုးတွေကို ဟက်ချာမိသားစုဆီ သယ်ဆောင်လာဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(1.4 GB)/(655 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant 
movie

In The Shadows (2023)

Friday the 13th: The New Blood (1988) 5.2
Friday the 13th: The New Blood (1988) Friday the 13th: The New Blood (1988)ရေအောက်မှာ နစ်မြုပ်ပြီး ငြိမ်သက်သွားတဲ့ ဂျေဆင်ကို စိတ်စွမ်းအားရှင် ကောင်မလေးတစ်ယောက်က ပြန်နိုးထစေပြန်ပါတယ်။ ဒီလိုနဲ့ပဲ ၇ ကားမြောက်ဇာတ်လမ်း ဖြစ်လာခဲ့တာပေါ့။အရက်သမားအဖေကြီးက မိခင်ကို နှိပ်စက်နေလို့ အဖေကိုမုန်းနေတဲ့ စိတ်စွမ်းအားရှင် ကလေးမလေးက သူ့ရဲ့စိတ်တန်ခိုးနဲ့ အဖေကို မတော်တဆ သတ်မိခဲ့ပါတယ်။ အဲဒီမှာတင် ယူကြုံးမရစိတ် နောင်တတွေနဲ့ စိတ်ကျန်းမာရေးထိခိုက်လာတဲ့ ကလေးမလေးကို စိတ်ရောဂါဆေးရုံပို့ထားရတာပေါ့။နှစ်တွေကြာပြီးချိန်မှာ သူ့ရဲ့ဆရာဝန်က သူပြန်မလာချင်ဆုံးဖြစ်တဲ့ ခရစ်စတယ်ရေကန်ကိုခေါ်လာပြီး စိတ်ဒဏ်ရာနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းခဲ့ပါတယ်။ အဲဒီမှာတင် အဖေကို ပြန်ရှင်လာဖို့ ဆုတောင်းမိတဲ့ စိတ်စွမ်းအင်နဲ့ ဂျေဆင်နိုးထလာပြီး ရေကန်စခန်းကို ပြန်ရောက်လာပြန်ပါတယ်။ဒီလိုနဲ့ စခန်းမှာရှိသမျှလူတွေကို လိုက်သတ်နေတဲ့ဂျေဆင်ကို စိတ်စွမ်းအင်ကောင်မလေး ဘယ်လိုနှိမ်နင်းသွားမယ်ဆိုတာ ကြည့်လိုက်ကြရအောင်လား။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 865MB Quality - ...
movie

Friday the 13th: The New Blood (1988)

1988