Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jennifer Spriggs
7.0
The One I Love (2014)
အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ဆက်ဆံရေးတွေခြောက်ကပ်လာတာအဆင်မပြေတော့တာ၊ လင်စိတ်သားစိတ်ကုန်တာဖြစ်တတ်စမြဲပါပဲ။အဲ့ဒီလိုပဲ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့အီသန်နဲ့ဆိုဖီဟာ ထိုပြဿနာကိုကြုံနေရပါတယ်။နှစ်တွေကြာလာတာနဲ့အမျှ သူတို့ရဲ့အိမ်ထောင်ရေးက အသစ်အဆန်းမရှိခြောက်ကပ်နေတာကြောင့် အရင်ကလုပ်ခဲ့ဖူးတာတွေပျော်ခဲ့ဖူးတာတွေကိုပြန်လုပ်ကြည့်ပေမယ့်လဲ အဆင်ပြေမလာတာကြောင့် တစ်နေ့မှာအိမ်ထောင်ရေးအကြံပေးတစ်ယောက်ကိုတွေ့ရပါတော့တယ်။အဲ့တာနဲ့ပဲအကြံပေးက ဗီလာတစ်ခုကိုဒီပိတ်ရက်မှာသွားနေဖို့၊ အဲ့ဒီဗီလာမှာနေခဲ့ပြီးပြန်လာတဲ့စုံတွဲတွေလင်မယားတွေက ဘယ်လောက်ပြန် အဆင်ပြေသွားကြောင်းပြောပြတဲ့အခါအီသန်တို့လဲ သွားနေဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။ဆိုတော့ အဲ့ဒီဗီလာကြီးကြောင့်စုံတွဲတွေဘယ်လိုပြန်အဆင်ပြေလာကြတာလဲ၊တကယ်အဆင်ပြေတာရောဟုတ်ရဲ့လား၊အဲ့ဒီဗီလာကြီးကဘယ်လိုထူးခြားနေတာလဲဆိုတာကိုThriller ဆန်ဆန် Ro-Comedy လေးနှောပြီးတော့ကြည့်ရမှာပဲဖြစ်ပါတယ်။Genre fusion လေးကတော့တော်တော်လှတယ်ဗျ။IMDB 7.0 နဲ့ ခရမ်းချဥ်သီး ၈၀ရာခိုင်နှုန်းတောင်ရထားတာမလို့ဒီလိုပုံမှန်မြင်တွေ့နေကြနဲ့မတူတဲ့ကားလေးကိုရုပ်ရှင်ချစ်သူများလက်လွှတ်မခံဖို့ပဲအကြံပေးပါရစေဗျာ။ File size… 1 GB / 582MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie
The One I Love (2014)
2014
5.4
After (2012)
IMDb 5.4/10 ဘတ်စ်ကားစီးရင်း စကားစမြည်ပြောနေကြတဲ့ ခရီးသည်နှစ်ယောက်ဟာ ရုတ်တရတ်ကြီး သူတို့အသီးသီးရဲ့အိမ်ကို ပြန်ရောက်သွားကြပါတယ်။ ခရီးသည်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အန်နာဟာ ပုံမှန်နေ့တွေလိုပဲ အလုပ်ကိုသွားတက်တဲ့အခါ အလုပ်မှာ လူတစ်ယောက်မှမရှိတော့တာကို တွေ့လိုက်ရပါတယ်။ အလုပ်မှာမှ မဟုတ်ဘူး တစ်မြို့လုံးကလူတွေအကုန်ပျောက်ဆုံးနေတာပါ။ လူတွေအားလုံးဘယ်ကို ထွက်သွားကြတာလဲ… အကြောင်းရင်းကရော ဘာဖြစ်မလဲဆိုတာကို Thriller/Mystery အမျိုးအစားလေးဖြစ်တဲ့ ဒီ After အမည်ရှိဇာတ်ကားလေးမှာ ကြည့်ရှုပေးကြပါဦးရှင်။ File size…(1 GB)/(455 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie
After (2012)