Channel Myanmar

Jeon Soo-kyung

Scent of a Ghost (2019)
Scent of a Ghost (2019) Scent Of a Ghost (2019)ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ ၂၀၁၉ တုန်းက ထွက်ရှိထားတဲ့ Comedy Horror ရုပ်ရှင်လေးပဲဖြစ်ပါတယ် Horror ဆိုပေမယ့် ကြောက်စရာကောင်းတာထက် ကရုဏာသက်စရာ အချစ်ဇာတ်လမ်းလေးနဲ့ ရောယှက်နေတဲ့ကားလေးပါဂျီယွန်းဆိုတဲ့ကောင်မလေးကတော့ ဂီတမေဂျာယူထားတဲ့ ခပ်လှလှတက္ကသိုလ်ကျောင်းသူလေးပါ။ ဒုံဆော့ဆိုတဲ့ကောင်လေးနဲ ချစ်သူတွေဖြစ်ခဲ့ပေမယ့်ဒုံဆော့ရဲ့မိဘတွေက ဒုံဆော့ကို နိုင်ငံခြားပညာတော်သင်လွှတ်ချင်နေကြတာမို့ ဂျီယွန်းနဲ့တွဲနေတာကို သိပ်မကြည်ဖြူခဲ့ကြပါဘူးဒါပေမဲ့ ဒုံဆောက ၆ လအကြာမှာ ပြန်လာမယ်လို့ သူ့ချစ်သူလေးကို ကတိပေးထားခဲ့ပါတယ် တစ်နေ့မှာတော့ နိုင်ငံခြားမသွားခင်တစ်ရက်အလိုမှာ ဒုံဆော့ကဂျီယွန်းဆီကို လက်ထပ်ခွင့်တောင်းဖို့သွားပေမယ့် ဂျီယွန်းက ရှိမနေခဲ့ပါဘူး မကြာခင်အချိန်အတောအတွင်းမှာပဲ ဂျီယွန်းနေထိုင်တဲ့အဆောက်အဦးဟောင်းကြီးရဲ့ အခန်း ၄၀၂ ဆိုတဲ့အခန်းမှာကောလဟာလတစ်ခုထွက်ပေါ်လာပါတော့တယ်အဲဒီကောလဟာလကဝောာ့ အဲဒီတိုက်ခန်း အခန်း ၄၀၂ မှာ သရဲခြောက်တယ်ဆိုတဲ့ သတင်းပါပဲ သရဲမလေး ဂင်ဂျီယွန်း တိုက်ခန်းက မခွာနိုင် ဖြစ်နေရတဲ့ အကြောင်းအရင်းကဘာလဲ .. ဒုံဆော့ကရော ဘာလို့ ၆ လအကြာမှာ ပြန်မလာနိုင်ခဲ့တာလဲ အခန်း ၄၀၂ က မခွာနိုင်တဲ့သရဲမလေးနဲ့ အတူ စိတ်ဝင်စားစရာအဖြစ်အပျက်တွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin ...
movie

Scent of a Ghost (2019)

2019
Rockin’ on Heaven’s Door(2013) 7.0
Rockin’ on Heaven’s Door(2013) Rockin' on Heaven's Door(2013)*****************************Hong-ki Lee  နဲ့  Ma Dong-seok တို့ အဓိကပါဝင်ထားတဲ့ဒီဇာတ်ကားဟာ တစ်ခါကြည့်ပြီး တစ်သက်မမေ့နိုင်ဖို့ ဒီတစ်ခေါက် CMပရိသတ်ကြီးအတွက် ထင်မထားရလောက်အောင် ရင်ထဲမှာစွဲကျန်ရစ်ခဲ့မယ့် “Rockin On Heaven’s Door”ဆိုတဲ့ ဒီဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းကိုတော့ ထင်ရာဆိုင်းတတ်တဲ့ ခပ်ဆိုးဆိုးအိုင်ဒေါအနုပညာရှင်လေး ချွန်အွီနဲ့ အစချီထားပါတယ်တစ်နေ့ ချွန်အွီတစ်ယောက် ကလပ်မှာပြဿနာရှာမိပြီးစေတနာ့ဝန်ထမ်းအဖြစ်နဲ့ အပြစ်ပြန်ဆပ်ရဖို့ အကြောင်းဖန်လာပါတယ်ချွန်အွီလုပ်ပေးရမယ့်နေရာကတော့ နယ်မြို့လေးတစ်ခုက “ဒုံးဟျွန်း”ဆိုတဲ့ဆေးရုံတစ်ခုမှာပေါ့ဆေးရုံကို မုန်းပါတယ်ဆိုတဲ့ ချွန်အွီအတွက် အဲဒီဆေးရုံက လူတွေကလည်း ထူးဆန်းနေပြန်ပါတယ်နောက်ဆုံးထွက်သက်ရောက်တော့မယ့် လူနာအဘွားအိုကို အသက်ရှူစက်တပ်မပေးတာမျိုး…လူနာတွေကို ဆေးလိပ်သောက်ခွင့်ပေးတာမျိုး ကလပ်သွားခွင့်ပေးတာမျိုး.. စသည်ဖြင့်ပေါ့အဲဒီလိုဆေးရုံက လုပ်ရပ်တွေကို သဘောမကျလို့ ချွန်အွီ ထွက်ခဲ့မယ်လို့ကြံမယ့်နေ့မှာပဲ ..နောက်ကွယ်ကအကြောင်းအရာတွေကို အန်နာဆိုတဲ့ စေတနာ့ဝန်ထမ်းကောင်မလေးပြောလို့ ချွန်အွီသိသွားခဲ့တဲ့အခါ… File Size :(1.9GB)&(685MB) Quality : Blu-Ray 1080P5.1Ch,720P Format :mp4 Duration : 01:39:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Khine Khine ...
movie

Rockin’ on Heaven’s Door(2013)

Marriage Blue (2013)
Marriage Blue (2013) Marriage Blue (2013)၂၀၁၃ ခုနှစ်ထွက် Marriage Blue ဇာတ်လမ်းကတော့ Ju Ji Hoon, Ma Dong Seok, Lee Yeon Hee, Kim Kang Hoon, Lee Hee Joon, 2PM အဖွဲ့ဝင် Taecyeon စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ အချစ်ဟာသရုပ်ရှင်လေးဖြစ်ပါတယ်။လူတိုင်းရဲ့ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလှည့်အပြောင်းတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမွေးပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ကျရောဂါကိုတော့ baby blue လို့ခေါ်ပြီး လက်မထပ်ခင်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ marriage blue လို့ခေါ်ပါသတဲ့။ဒီရုပ်ရှင်ထဲမှာတော့ လက်ထပ်ပြီး ဘဝတစ်ခုတည်ထောင်ကြမယ့်စုံတွဲလေးတွဲရဲ့ ပြဿနာတွေ၊ ကြည်နူးစရာတွေကိုကြည့်ရှုရမှာဖြစ်ပြီး ပရိတ်သတ်တွေအသဲစွဲ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လက်တွေ့ဘဝက စုံတွဲတွေရဲ့ အချစ်ရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးမီးမောင်းထိုးပြထားသလို ဇာတ်လမ်းဇာတ်အိမ်လေးမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. ...
movie

Marriage Blue (2013)

Enemies In-Law (2015) 5.9
Enemies In-Law (2015) Enemies In Lawကဲ ''ရန်သူတော်ခမည်းခမက်''ဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်း ဟန်ချောဆူနဲ့ ပတ်ယောင်ဟီးတို့ ချစ်သူနှစ်ယောက်ကြားက ချစ်ခြင်းကိုခွဲမယ့် အကြီးမားဆုံး အဟန့်အတားကို ပြောရရင်တော့ဖြင့်..ယောင်ဟီးတို့မိသားစုဟာ ရဲမျိုးရိုးဖြစ်သလို ယောင်ဟီးရဲ့အဖေ ရဲသက်တမ်းတလျှောက် လိုက်ဖမ်းနေခဲ့တဲ့ နာမည်ကြီး လူလိမ်သူခိုးဘုရင်နဲ့ ဘုရင်မလို့တောင် တင်စားရမယ့်လင်မယား နှစ်ယောက်ဟာ သမီးဖြစ်သူရဲ့ ချစ်သူကောင်လေး ချောဆူရဲ့ မိဘတွေဖြစ်နေတဲ့အခါ...ချောဆူတစ်ယောက် ယောင်ဟီးအဖေဆီက ကြည်ဖြူလက်ခံလာအောင် ဘယ်လိုကြိုးစားမလဲရန်သူတော်ခမည်းခမက် မိသားစုနှစ်ခုရော ဘယ်လိုနှပါးသွားမလဲဆိုတာကို မှုခင်းဆန်ဆန် မြှုပ်ကွက်တွေရော ဟာသလေးတွေပါနှောထားပြီး ကြည့်ရမယ့်ကားလေးဖြစ်တာမို့ အခုပဲ ကြည့်လိုက်ကြရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(1.3GB) Quality__720p IMDb Rating__5.9/10 Format__mp4 Duration__01:59:00 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt
movie

Enemies In-Law (2015)

[18+] A Tale of Legendary Libido (2008) 5.4
[18+] A Tale of Legendary Libido (2008) Penthouse ရဲ့ ရှေ့နေလီ တဖြစ်လဲ မင်းသားကြီး Bong Tae-gyu ဟာရုပ်မြင်တာနဲ့ ရယ်ရတဲ့ ဟာသသရုပ်ဆောင်ကောင်းတစ်ယောက်ပါ။အခုလဲ သူ့ရဲ့ 18+ ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့... ငယ်စဉ်ကတည်းက မိဘဖြစ်သူတွေ မရှိတော့လို့ အစ်ကိုဖြစ်သူနဲ့သာကြီးပြင်းနေထိုင်ခဲ့ရတဲ့ဗြောင် ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်ကတည်းက အစ်ကိုဖြစ်သူနဲ့မတူဘဲ အင်္ဂါသေးပြီး ဗုဒ္ဓဟူးကြီးနေရှာတာပါ။ ဒီလိုနဲ့ တနေ့မှာ ကံကြမ္မာအလှည့်ပြောင်းပြီး ရှေးနှစ်ပေါင်းများစွာကတည်းက ဖော်စပ်ထားတဲ့ ဆေးတော်ကြီးနဲ့ တွေ့လိုက်တဲ့အခါမှာတော့ အဲ့ကောင်လေးရဲ့ မြုံနေတဲ့ပန်းကြီးပွင့်လန်းလာခဲ့ပါတော့တယ်။ တိုက်ဆိုင်ချင်တော့ ရွာထဲမှာ ယောကျာ်းတွေအကုန်နီးပါး စစ်မှုထမ်းဖို့ တစ်အိမ်တစ်ယောက်နဲ့ စစ်ထဲပါသွားကြပြီး တစ်ရွာလုံး မာတုကာမတွေချည်းသာကျန်ပါတော့တယ်။ ကိုင်း...နတ်ဆေးတွေ့ထားတဲ့ ဗြောင်ဆိုတဲ့ကောင်လေးနဲ့ တရွာလုံးက မိန်းမတွေ တွေ့ကြတဲ့အခါမှာတော့....။ (BluRay Quality 1080p 5.1 CH နဲ့ စာတန်းထိုးအမှန်အကန်နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။)File size…(1.8 GB) / (1.1 GB) / (500 MB) Quality…BluRay 1080p /720p / Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by JJ
movie

[18+] A Tale of Legendary Libido (2008)

2008
The Perfect Couple (2007) 5.8
The Perfect Couple (2007) [Unicode]ဒီတစ်ခေါက်မှာတော့ ကိုယ်တွေရဲ့ အချစ်တော် မင်းသားချော Lee Dong Wook ရဲ့ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် Comedy-Romance မို့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေကြည့်ရှုကြရမှာပါနော်ဇာတ်လမ်းအကျဉ်းဂန်ဂျယ်ယော့ဟာ သူအရမ်းဖြစ်ချင်တဲ့ စုံထောက်ဖြစ်ဖို့ ရဲသင်တန်းကျောင်းကို တက်ခဲ့ပါတယ်သူ့မှာ ချွန်ထက်တဲ့ အရာတွေကို ကြောက်တတ်တဲ့ရောဂါရှိပေမယ့် ကြိုးစားကုသပြီး စုံထောက်ဖြစ်အောင်လုပ်ခဲ့ပါတယ်အဲ့လိုနဲ့ တစ်နေ့မှာ ခါးပိုက်နှိုက်နောက်လိုက်ရင်း ပြဿနာရှာတတ်လွန်းတဲ့ သတင်းထောက် ချွဲဆူဂျင်းကို ဝင်တိုက်မိပါတော့တယ်ပြဿနာအိုး ချွဲဆူဂျင်းကလည်း နာမည်နဲ့လိုက်အောင် ပြဿနာတစ်ခုပြန်ဖန်တီးလိုက်ပါတယ်သူမစားနေတဲ့ ငါးကိတ်ချောင်းရဲ့ တုတ်နဲ့ ဂန်ဂျယ်ယော့ရဲ့ ဗိုက်ကို ပြန်ထိုးလိုက်ပါတယ်ချွန်ထက်တဲ့ အရာတွေ ကြောက်သူဖြစ်တဲ့အတွက် ဂန်ဂျယ်ယော့တစ်ယောက် အဲ့နေရာမှာတင် သတိလစ်သွားပါတယ်နောက်နေ့မှာတော့ ဒီသတင်းဟာ မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီး ဂန်ဂျယ်ယော့လည်း ချွဲဆူဂျင်းကို အကြီးကျယ်ဒေါသထွက်ပါတော့တယ်ဲတိုက်ဆိုင်စွာနဲ့ စုံထောက်တွေ လူဆိုးဖမ်းပုံတွေကိုရိုက်ပြတဲ့ reality show တစ်ခုမှာ သူတု့ိ ၂ ယောက် ပူးပေါင်းတင်ဆက်ဖို့ ဖြစ်လာတဲ့အခါမှာ...ဘာတွေဆက်ဖြစ်ကြမှာလဲ...သူတို့ ၂ ယောက်ပေါင်းပြီးတော့ ဘယ်လို ...
movie

The Perfect Couple (2007)

Finding Mr. Destiny (2010) 6.5
Finding Mr. Destiny (2010) [Unicode]Finding Mr.Destiny(2010)IMDb rating - 6.5/10ဒီကားကတော့ Kim Joon Ok Chatgiဆိုတဲ့musical playကို adaptationလုပ်ပြီးပြန်ရိုက်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာလည်း 7.5millionsထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Romance/Comedyဖြစ်ပြီးတော့ ဇာတ်ဝင်ခန်းတွေကလည်းတော်တော်ရယ်ရတဲ့အပြင် အိန္ဒိယနိုင်ငံမှာရိုက်ကူးထားတဲ့sceneတွေလည်းပါတာမို့ ကြည့်ရကျိုးနပ်စေမဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။ Male lead ဟန်ဂီဂျွန်းအဖြစ် ဆယ်ကျော်သက်အမျိုးသမီးလေးတွေရဲ့အချစ်တော် ဦး Gong Yooကပါဝင်သရုပ်ဆောင်ထားပါတယ်။*ဆောဂျီဝူး*ဆိုတဲ့မိန်းကလေးက ရှိုးပွဲမန်နေဂျာတစ်ယောက်ပါ။ သူက'ကံကိုယုံပြီးဆူးပုံနင်း'ဆိုသလို ကံကိုအလွန်အမင်းယုံကြည်ပုံအပ်ထားတတ်တဲ့သူမျိုးပါ။ လွန်ခဲ့တဲ့၁၀နှစ်တုန်းက အိန္ဒိယကိုအလည်သွားစဉ်မှာ ကင်ဂျုံဝုဆိုတဲ့သူ့အချစ်ဦးကိုစတွေ့ခဲ့ပြီး ခရီးစဉ်အတွင်းမှာပဲသူနဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်။ဒီလူဟာသူ့ရဲ့Mr.destinyဟုတ်မဟုတ်စမ်းသပ်ချင်တဲ့ဂျီဝူးက သူတို့နှစ်ယောက်ကိုရီးယားကိုပြန်ရောက်ရင်တွေ့မယ်ဆိုပြီး ချိန်းဆိုထားတဲ့နေရာကိုရောက်အောင်မသွားခဲ့ပါဘူး။ ဒီလိုနဲ့ပဲသူ့အချစ်ဦးနဲ့အဆက်အသွယ်ပြတ်ကာ ၁၀နှစ်လုံးသူ့ရဲ့အလုပ်ထဲမှာပဲစိတ်နှစ်ထားပြီး ပြင်ပြင်ဆင်ဆင်လည်းမရှိ၊အချစ်ရေးကိုလည်းစိတ်မဝင်စားတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။*ဟန်ဂီဂျွန်း*ကတော့ ခရီးသွားအေဂျင်စီမှာအလုပ်လုပ်တဲ့အေးဂျင့်တစ်ယောက်ပါ။ သူ့ရဲ့ရိုးသားလွန်းပြီးခရီးသွားတွေအပေါ်အလွန်အမင်းစိုးရိမ်ပေးတတ်တဲ့စိတ်ကြောင့်ဖောက်သည်တွေပျက်ရတဲ့အတွက် အလုပ်ထုတ်ခံရပါတယ်။ ဒါနဲ့သူလည်းနောက်အလုပ်သစ်ရှာရင်း "အချစ်ဦးရှာဖွေရေးအကျိုးဆောင်လုပ်ငန်း"ကိုစတင်လိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလိုပါ - အချစ်ဦးကိုမေ့မရနိုင်ဖြစ်ပြီးလက်ထပ်ဖို့နောက်ကျနေတဲ့ဆောဂျီဝူးအတွက်စိတ်ပူတဲ့သူ့အဖေက ဂျီဝူးကျေနပ်အောင်သူ့အချစ်ဦးကိုရှာပေးဖို့ ဂီဂျွန်းရဲ့အကျိုးဆောင်လုပ်ငန်းဆီရောက်လာပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ဘယ်ဆီရောက်နေမှန်းမသိတဲ့"ကင်ဂျုံဝု"ကို နာမည်တစ်ခုတည်းနဲ့တစ်နိုင်ငံလုံးနှံ့အောင်အတူတူလိုက်ရှာကြတာတွေကို ဟာသတွေရော romanceတွေနဲ့ပါကြည့်ရှုရမှာပါ။ ကင်ဂျုံဝုနဲ့ဂျီဝူးဘာလို့ကွဲသွားလဲဆိုတာကိုသိရရင်ဒေါသဖြစ်မိနိုင်ပေမဲ့ ဇာတ်သိမ်းပိုင်းမှာတော့ဂျီဝူးရဲ့Mr.destinyအစစ်ကဘယ်သူလဲ ဘယ်လိုကြောင့်လဲဆိုတာကိုသိရရင် ကျေနပ်မိမှာပါ။ဂျီဝူးတစ်ယောက် "ကံကြမ္မာကိုယုံကြည်မိတာမှန်လားမှားလား"သိချင်ရင်တော့ ဒီကားလေးထဲမှာဆက်လက်ကြည့်ရှုကြပါဦးနော်။( အညွှန်းရေးသားထားသူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Finding Mr.Destiny(2010)IMDb rating ...
movie

Finding Mr. Destiny (2010)