Channel Myanmar

Jeremy Gauna

Washington’s Armor: The Journey (2022) 6.0
Washington’s Armor: The Journey (2022)  အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ၄၆ ဆက်အထိရှိခဲ့ပြီးလက်ရှိထမ်းဆောင်နေတာကတော့ သမ္မတဂျိုးဘိုင်ဒန်ဆိုတာကိုတစ်ကမ္ဘာလုံးနီးပါးသိကြမှာပါ။ အခုဇာတ်ကားကတော့အမေရိကန်ရဲ့ပထမဆုံးသမ္မတဖြစ်ခဲ့တဲ့ ဂျော့ဂျ်ဝါရှင်တန်ရဲ့ ငယ်စဉ်ကအကြောင်းတွေကို ရိုက်ကူးထားတာဖြစ်ပြီး ဝါရှင်တန်ငယ်စဉ်ကအကြောင်းအရာတွေ၊ သမ္မတမဖြစ်ခင် ၁၇၅၃ ခုနှစ်က အမေရိကန်နဲ့ပြင်သစ်တို့ကြားက တင်းမာမှုတွေကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်.. File size…1.56GB / 727MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe
movie

Washington’s Armor: The Journey (2022)

Birthright: Outlaw (2023) 5.8
Birthright: Outlaw (2023)  ဇာတ်လမ်းနာမည်က "ရာဇဝတ်သားအမွေခံ"...။ဆိုလိုချင်တာက တစ်ခါရာဇဝတ်သားဖြစ်ဖူးရင်၊ ရာဇဝတ်မျိုးရိုးပါရင်အမြဲပဲ ရာဇဝတ်သားဖြစ်နေမှာ...အတိတ်ကို မေ့ထားလို့သာရမယ် ဖျောက်ဖျက်ငြင်းပယ်မရတဲ့အမွေအနှစ်ကြီးပေါ့....။ဒီလိုအဓိပ္ပာယ်လေးနဲ့ ဇာတ်အိမ်တည်ထားတဲ့ Western Dramaလေးပါ...။ဇာတ်လမ်းအကျဥ်းက‌တော့ သင်းအုပ်ဆရာဖခင်တစ်ယောက်၊ အိမ်ရှင်မဇနီးသည်နဲ့သမီးလေးတို့ မိသားစုသုံးယောက်သား အမေရိကန်အနောက်တိုင်းဘဝအတိုင်းအေးအေးချမ်းချမ်းနေကြတယ်ပေါ့...။တစ်နေ့မှာတော့ ကံဆိုးမိုးမှောင်ကျပြီး သမီးဖြစ်သူကို လူတစ်စုကပြန်ပေးဆွဲဖမ်းခေါ်သွားပါတယ်...။ကြံရမရတဲ့ သင်းအုပ်ဆရာနဲ့ ဇနီးသည်ဟာ ဒီအမှုကို တိုင်တန်းရင်းနဲ့မှအဖုံးဖုံးအဖိဖိ ထားခဲ့တဲ့ အတိတ်တွေက ပြန်ပေါ်လာပါတယ်...။ဒီရာဇဝတ်အမွေခံအတိတ်ကိုရော အသစ်ပြန်စလို့ရနိုင်မလား...၊သူတို့ရင်ဆိုင်ရမယ့် လျှို့ဝှက်ဂိုဏ်းကဘာဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ....။  File size…1.39GB / 654MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 41m Genre ….. Drama , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Birthright: Outlaw (2023)

Terror on the Prairie (2022) 6.7
Terror on the Prairie (2022) Terror on the Prairie (2022) ဂျပ်ဘ်မက်အယ်လစ်စတာဟာ တစ်ချိန်ကခွဲထွက်ရေးဝါဒီစစ်သားတစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ မွန်တာနာကိုမိသားစုနဲ့အတူပြောင်းရွှေ့နေထိုင်ရင်းခြံလုပ်ငန်းနဲ့အသက်မွေးနေပါတယ်။ ဇနီးဖြစ်သူဟတ်တီက သူ့အတိတ်နောက်ကြောင်းကိုသိပေမယ့် အပြည့်အဝမဟုတ်ပါဘူး။ ဒါပေမဲ့လည်း တစ်နေ့မှာတော့ ဂျပ်ဘ်ရဲ့ အတိတ်တွေဟာ ကပ္ပတိန်နဲ့ သူ့ဓားပြတွေအသွင်နဲ့ သူတို့ဆီကိုပြန်လည်ခြောက်လှန့်ဖို့ရောက်ရှိလာပါတော့တယ်။ အဲ့ဒီအချိန်ဟာ ဂျပ်ဘ်မြို့ကိုတက်သွားချိန်၊ အိမ်မှာ ဇနီးသည်မိန်းမသား ဟတ်တီနဲ့ လူမမယ်ကလေးနှစ်ယောက်ပဲ ရှိနေချိန်ဖြစ်ပါတယ်။တစ်ချိန်က စစ်ပြန်တွေ၊ အခုချိန်မှာ ဓားပြအဖြစ် အသက်မွေးနေတဲ့ လက်နက်အပြည့်အစုံ ယောက်ျားရင့်မာတစ်အုပ်ကို သူတို့ ဘယ်လိုရင်ဆိုင်တွန်းလှန်ကြမလဲ?Western ရုပ်ရှင်တစ်ခုကို ခေတ်ပေါ် home invasion thriller ဇာတ်ကားတွေလိုမျိုး suspense တွေ လှည့်ကွက်တွေအပြည့်နဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Alias ပါ။)File Size : 1.6GB, 670MB & 334MB Quality : 1080p WEBRip, 720p WEBRip & 480p Format : mp4 Duration ...
movie

Terror on the Prairie (2022)

2022
Buckskin (2021) 5.7
Buckskin (2021) Buckskin (2021)=============IMDb Rating - 5.7/10“မြွေပါလည်းဆုံး သားလည်းဆုံး” ဆိုတဲ့စကားပုံတွေလိုပဲ အခုရုပ်ရှင်ကားကတော့ သားမွှေးကုမ္ပဏီပိုင်ရှင်အတွက် သားမွှေးလည်းဆုံးမြေးလည်းဆုံးဖြစ်နေပါပြီ။ ဇာတ်အိမ်ကို ၁၈၂၀ ခုနစ်လောက်မှာ တည်ထားပြီး အမေရိကန် အင်ဒီးယန်းနဲ့ နယ်မြေခံလူမျိုးစုအကြားတင်းမာမှုတွေ မပြေလည်မှုတွေကိုတင်ဆက်ထားတာဖြစ်ပါတယ်။ကင်းစတွန်းအုပ်စုဆီပြန်လာကြတဲ့ အမေရိကန်တွေက ဘက်စကင်တောအုပ်ထဲအရောက်မှာ နယ်မြေခံလူမျိုးစုရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ ထိုတိုက်ခိုက်ခြင်းခံရတဲ့အထဲ လူ ၁၇ ယောက်သေဆုံးသွားသလို ကုမ္ပဏီပိုင်ရှင်ရဲ့ မြေးလေးလည်းပျောက်ခြင်းမလှပျောက်နေခဲ့ပါတယ်။“ကျရှုံးမှုကို လက်ခံရတာထက်သေဆုံးရတာကို လက်ခံရတာပိုခက်ခဲတယ်” ဆိုကာ သားသေပြီး မြေးပျောက်လို့ ပူဆွေးနေတဲ့ကပ္ပတိန်ကတော့ မြေးပျောက်ရှာပုံတော်အတွက် မုဆိုးကြီးပေါ်တာကို အကူအညီတောင်းခဲ့ပါတယ် ။ဒါပေမဲ့ အဲ့ဒီ ဘက်စကင်တောအုပ်ကြီးဆိုတာက “ဝင်သူသာရှိ ထွက်သူမရှိ”ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့တောအုပ်။ နယ်မြေခံတွေအုပ်စိုးထားတဲ့ တောအုပ်လေးပါ။ အဲ့ဒီတောအုပ်ထဲမှာပျောက်နေတဲ့ မြေး နဲ့ မုဆိုးကြီးပေါ်တာ တို့ပြန်လည်တွေ့ဆုံနိုင်ပါ့မလား?နယ်မြေနှစ်ခုရဲ့တင်းမာမှုတွေရော ပြေလည်နိုင်ပါ့မလားဆိုတာတွေကို တောတွင်းစွန့်စားခန်းတွေအစုံအလင်နဲ့ကြည့်ရှုရမှာပါ။ Vintageဆန်ဆန် ခေတ်ဟောင်းပုံစံအင်္ဂလိပ်ကားကို သဘောကျတတ်တဲ့သူအတွက်တော့ အဆင်ပြေမယ့် ကားလေးတစ်ကားလို့ညွှန်းပေးချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Jo Jo ...
movie

Buckskin (2021)

2021