Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jermaine Smith
6.7
Attack the Block (2011)
ပရိသတ်ကြီးကို 2011 ကထွက်ရှိခဲ့တဲ့ Attack The Blockဆိုတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့လူငယ်တွေပေါင်းပြီးအကောင်တွေကိုဆော်တာ ၊အမျိုးအမည်မသိသတ္တဝါတွေ ကမ္ဘာပေါ်ကျရောက်လာတာ ဂြိုဟ်သားကျူးကျော်တဲ့ကားတွေကြည့်ချင်သူတွေအတွက်တော့ အရွေးမမှားသင့်တဲ့ကားတစ်ခုပါ။ ဇာတ်လမ်းကတော့ ဒီလိုစပါတယ်။လန်ဒန်တောင်ပိုင်းက ဘရစ်စတွန်လို့ခေါ်တဲ့ မြို့ငယ်တစ်ခုမှာ တိုက်ခန်းတွဲကြီးတစ်ခုရှိပါတယ်။အဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာတော့ မိုးဇက် ၊ ပက်ဇ် ၊ ဂျရုန်း ၊ ဘစ်ဇ် ၊ ဒန်းနစ်လို့ခေါ်တဲ့ကလေးတစ်အုပ်ပါဝင်တဲ့ BLOCK အမည်ရအဖွဲ့က ဉာဉ့်နက်သန်းခေါင်တွေကျ ရပ်ကွက်ထဲကျင်လည်ရင်း ကြုံရင်ကြုံသလို ခိုးဆိုးလုနှိုက်နေတတ်ကြတဲ့ ကလေးတွေပါ။တစ်ရက်မှာ အလုပ်ကပြန်လာတဲ့ဆမ်ဆိုတဲ့ သူနာပြုမလေးကို ဓားပြတိုက်နေကြတုန်း သူတို့နားကကားတစ်စီးဆီ ကောင်းကင်ပေါ်ကမီးလုံးကြီးတစ်ခုကျလာပါတယ်။ပစ္စည်းတစ်စုံတစ်ရာ ရလိုရငှားသွားကြည့်တော့ မျောက်ဝံသဏ္ဍာန်ကိုယ်ထည်နက်မှောင်နေတဲ့ အမျိုးအမည်မသိသတ္တဝါတစ်ကောင်က သူတို့ကိုရန်ပြုတိုက်ခိုက်ခဲ့ပါတယ်။မိုးဇက်တို့အဖွဲ့လည်း အခဲမကျေထိုသတ္တဝါကိုလိုက်လံနှိမ်နင်းပြီး ပိုက်ဆံရမယ်အထင်နဲ့ အကောင်သေကိုပြန်သယ်လာခဲ့ပါတယ်။ အကောင်ကိုတိုက်ခိုက်နိုင်ခဲ့လို့ပျော်ရွှင်မြူးထူးနေကြပေမဲ့ ပြဿနာက ဒီမှာတင်မဆုံးသေးပါဘူး။နောက်ထပ်အကောင်ပေါင်းမြောက်မြားစွာက သူတို့မြို့ကိုထပ်မံရောက်လာခဲ့ပါတယ်။ဒါပေမဲ့ ပွဲတော်ညဖြစ်ပြီးမီးရှူးမီးပန်းတွေ ဖောက်နေကြလို့ တခြားသူတွေအပြင် ရဲတွေတောင်ဒါကိုသတိမထားမိပါဘူး။တစ်ဖက်ကလည်း ဓားပြမှုကြောင့်ရဲလက်ကပြေးရင်းနဲ့ အကောင်တွေနဲ့ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီလိုလူမသိ သူမသိကြားက အကောင်တွေကိုရင်ဆိုင်တိုက်ခိုက်နေရရင်း ထိုညအဖို့ အသက်ဘေးကနေဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ အကောင်တွေကိုအပြတ်ရှင်းပြီး သူတို့နေရာကို ...
movie
Attack the Block (2011)