Channel Myanmar

Jerry Hoffmann

The Heartbreak Agency (2024) 5.3
The Heartbreak Agency (2024)  ခဏခဏအသည်းကွဲနေတဲ့ ဆရာကြီးတွေ ဆရာမကြီးတွေအတွက် ကုစားပေးနိုင်မဲ့နေရာကိုသိပါသလား။အဲ့ဒီနေရာကတော့အရက်ဆိုင်တို့ ဘာတို့ မဟုတ်ဘဲနဲ့အခုတင်ဆက်ပေးမဲ့The Heartbreak Agency လို့ခေါ်တဲ့ဇာတ်ကားထဲကအေဂျင်စီမှာပဲဖြစ်ပါတယ်။IMDb Rating 5.3 ရရှိထားပြီးအရမ်းကြီးလည်းမဆိုးသလို ကြည့်ပျော်ရှုပျော်ရှိတဲ့အခြေအနေမှာရှိတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။အစပိုင်းမှာ ကားလ်ဆိုတဲ့စာရေးဆရာတစ်ယောက်ကဆော်နဲ့ ရုတ်တရက်ကြီးကောက်ကာငင်ကာပြတ်သွားတာကိုတွေ့ရမှာဖြစ်ပြီး အဲ့ဒီကိစ္စကိုမကျေနပ်လို့ လိုက်စုံစမ်းတဲ့အခါမှာတော့ အသည်းကွဲတဲ့လူတွေ အတွက်ဝန်ဆောင်မှုပေးနေတဲ့အေဂျင်စီတစ်ခုကို ထောင်ထားတဲ့မာရီယာလို့ ခေါ်တဲ့ မိန်းမတစ်ယောက်ရဲ့ အကြံပေးမှုကျေးဇူးကြောင့်ဆိုတာကို သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ သူလည်းစာရေးဆရာ ပီပီမာရီယာ့အပေါ်မကျေနပ်ချက်တွေကို ခပ်ရိုင်းရိုင်းဆောင်းပါးတစ်ပုဒ်ရေးပြီးဘာမပြောညာမပြောကောက်တင်လိုက်တဲ့အခါမှာတော့ အလုပ်ပြုတ်သွားပါတော့တယ်။ကျဆင်းသွားတဲ့သူ့ဘ၀ကြီးကို ပြန်အဖတ်ဆည်ဖို့အလုပ်ပြန်ရအောင်ကြိုးစားခဲ့ပေမဲ့ မရနိုင်တာကြောင့် အရင်ကုမ္ပဏီမှာပဲပြန်သွား တောင်းပန်တဲ့အခါမှာ အလုပ်ပြန်ပေးမယ်လို့ ကမ်းလှမ်းခံခဲ့ရပါတော့တယ်။ဒါပေမယ့် အဲ့လိုအလုပ်ပြန်ရဖို့သူလုပ်ရမှာတစ်ခုရှိပြီး အဲ့ဒါကတော့မာရီယာထောင်ထားတဲ့ အဲ့ဒီအသည်းကွဲအေဂျင်စီမှာ ကုထုံးသွားခံယူရမှာပဲဖြစ်ပါတယ်။ဒီလိုနဲ့ အလုပ်ပြန်ရချင်ဇောနဲ့သူအမြင်ကပ်နေတဲ့ အဲ့ဒီအေဂျင်စီမှာကုထုံးသွားခံယူပြီးနောက်ပိုင်း မာရီယာနဲ့ သူ့ကြားမှာဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကြည့်ရမဲ့ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။  File size…1.45GB / 675MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

The Heartbreak Agency (2024)

Hitman: Agent 47 (2015) 7.4
Hitman: Agent 47 (2015) IMDb Rating 5.7 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။အေးဂျင့်47 ဟာ မျိုးဗီဇပြုပြင်ထားတဲ့ အဆင့်မြင့်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီး သူဟာ သာမန်ကြေးစား လူသတ်သမားထက် ပိုမိုတဲ့ စွမ်းအင်တွေရှိပြီး သူ့ကို အလွယ်တကူ သတ်ဖြတ်လို့ မရပါဘူး။ သူ့ဦးခေါင်းနောက်စေ့မှာ သူ့ကိုယ်ပိုင်နံပတ် ၄၇ ဆိုတာပါရှိပြီး အဲဒီနေရာကို ဖျက်ဆီးပစ်နိုင်မှာသာ အေးဂျင့်47လိုမျိုးဗီဇပြင်အဆင့်မြင့် ကြေးစားလူသတ်သမားတွေကိုသတ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ဇာတ်ကားစစချင်းမှာ အေးဂျင့်47ဟာ ကောင်မလေး တစ်ယောက်ကို ရှာဖွေပါတယ်။အဲဒီကောင်မလေးဟာ ဥရောပတိုက်ကဖြစ်ပြီးအဲဒီကောင်မလေး နောက်ကို အေးဂျင့်47လိုက်နေချိန်မှာအေးဂျင့်47  နောက်ကိုလည်း အခြားသူတွေက လိုက်နေပါတယ်။အေးဂျင့် 47 လိုက်ရှာနေတဲ့ ကောင်မလေး ကတော့ ကတ်တီးယား ဆိုတဲ့ ကောင်မလေးပဲ ဖြစ်ပါတယ်။  အဲဒီကောင်မလေးဟာ ဘေးကြုံခါနီးမှာ သူ့ဘေးကို ကြိုမြင်နိုင်တဲ့ အစွမ်းရှိပြီး အေးဂျင့် 47 သူဆီ လာနေတာကိုကြိုသိလိုက်တာနဲ့ ခြေရာဖျောက်ထွက်ပြေးပါတယ်။ အေးဂျင့်47 ကို ခြေရာဖျောက် ပြေးလာတဲ့ ကတ်တီးယား မြေအောက် ဘူတာရုံ ...
movie

Hitman: Agent 47 (2015)

HEVC 1080p 5.1