Channel Myanmar

Jerry Tondo

Nick of Time (1995) 6.3
Nick of Time (1995)  ဒီတစ်ခေါက်မှာ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ မင်းသားကြီး Jhonny Deep ရဲ့ ၁၉၉၅ ခုနှစ်လောက်ကထွက်ရှိထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Realistic ဆန်ပြီး ကြည့်ရှူသူတွေကိုပါ "ငါသာသူ့နေရာမှာသာဆိုရင်..."ဆိုတဲ့မေးခွန်းတွေအပြည့် စိတ်ထဲမှာတွေးမိနေပြီးတော့ ခံစားကြည့်ရှူသွားရစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ရထားဘူတာမှာထူးဆန်းတဲ့လူ ၂ ယောက်က ကြုံရာကျပန်းလူတစ်ယောက်ကို ရွေးချယ်နေပါတယ်။တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက်ပေါ့... အဲဒီအချိန်မှာ မိန်းမနဲ့ကွာရှင်းပြတ်စဲလုနီးပါးဖြစ်နေတဲ့ မစ္စတာဝက်ဆန်တစ်ယောက် သမီးလေးလက်ကိုဆွဲပြီး ရထားဘူတာထဲကိုဝင်လာခဲ့ပါတယ်.. အဲဒီ လူရွေးချယ်နေတဲ့သူထဲက တစ်ယောက်က မစ္စတာဝက်ဆန်ကို သူတို့ပရောဂျက်နဲ့ ကိုက်ညီတဲ့သူအဖြစ် သတ်မှတ်လိုက်ပြီး သူ့သမီးလေးနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ကာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကို လုပ်ကြံခိုင်းပါတော့တယ်။ ဒီတော့ "Nick of time:အဲဒီသတ်မှတ်ထားတဲ့အချိန်လေးအတွင်းမှာ လူ ၃ ယောက်ရဲ့ဘဝက ဘယ်လိုအပြောင်းအလဲတွေနဲ့ တွေ့ကြုံရမှာလဲ" ဝက်ဆန်တစ်ယောက် ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူခံစားရမှာပါ။File size…(2.4 GB)/(1.4 GB)/(740 Mb) Quality….Webrip 1080p ...
movie

Nick of Time (1995)

Mulan (1998) 7.6
Mulan (1998) Mulan (1998) IMDb Rating (7.6/10)_____Rotten Tomatoes (86%)  ဒီကာတွန်းရုပ်ရှင်လေးဟာ တရုတ်ပြည်ကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် ကို ပြန်လည်ပြီး ဇတ်လမ်းဖွဲ့ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်… တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ယခင် တာဝန်ထမ်းဆောင်ခဲ့သော သက်ကြီးစစ်သားဟောင်းများကို ပြန်လည် ဆင့်ခေါ်ခဲ့ပါတယ် အကယ်၍ သက်ကြီးစစ်သားနှင့်အရာရှိများက စစ်ထဲ မလိုက်နိုင်အောင် ကျန်းမာရေး ဆိုးဝါးနေခဲ့ရင် အိမ်တွင်ရှိသော သား တူ မြေး ယောင်္ကျားသား တစ်ဦးစီကို စစ်ထဲသို့ ပို့ပေးပါရန် ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထားပါတယ်… အဲ့ဒီအချိန်မှာပဲ မုလန် ရဲ့ အဖေဆီသို့ ထိုစာချွန်လွှာ ရောက်လာတဲ့အချိန် ကျန်းမာရေး မကောင်းတော့တဲ့ အဖေကို ကြည့်ရင်း တစ်ဦးထဲသော သမီးဖြစ်သူ မုလန် ဟာ ကွယ်လွန်ပြီးသော ဘိုးဘွားတွေ ရဲ့ မှတ်တိုင်များရှေ့တွင် ဆုတောင်းပြီး ဖခင် မသိအောင် ဖခင်စစ်ဝန်တန်ဆာတွေ ခိုးဝတ်ကာ ထွက်ခွာသွားပါတော့တယ်… ယောင်္ကျားလေးကဲ့သို့ ပြင်ဆင်ပြီး စစ်မြေပြင်ကို ထွက်ခွာသွားသော ဖခင်ချစ်တဲ့ မုလန် လေးကို မြင်တဲ့ ကွယ်လွန်ပြီးတဲ့ ဘိုးဘွားများဟာ ...
movie

Mulan (1998)

1998