Channel Myanmar

Jerzy Trela

Ida (2013) 7.4
Ida (2013) ပိုလန်နိုင်ငံ ဒုတိယကမ္ဘာစစ်ကြီးအပြီးကာလများမှာဇာတ်အိမ်တည်ထားတယ်။ရုပ်ရှင်တစ်ခုလုံးကိုအဖြူအမဲ ကာလာနဲ့ ရိုက်ကူးထားတယ်။ဓာတ်ပုံဆန်ဆန် မလှုပ်မလျက်ကင်မရာရိုက်ချက်တွေအများကြီးသုံးထားတယ်။ဒုတိယကမ္ဘာစစ်ပွဲအတွင်းနဲ့စစ်ပြီးကာလမှာ လူသားတွေရဲ့ ပုဂ္ဂိုလ်ရေး၊ သမိုင်းရေးအရရုန်းကန်ရတာတွေကို ကွင်းကွင်းကွက်ကွက်ရိုက်ပြထားတယ်။ ကျပ်တည်းမှုတွေ၊ ချွတ်ခြုံကျမှုတွေကြားမှာ လူတွေရဲ့ စိတ်ဓာတ်ဖောက်ပြားမှုဟာ ရိုးအီနေပြီဖြစ်တဲ့ ဘဝရဲ့လှည့်ကွက်တစ်ခုသာဖြစ်တယ်။စစ်ကြီးအတွင်းမှာ မိဘမဲ့ဖြစ်ခဲ့ရတဲ့ အယ်လ်ဒါတစ်ယောက် သီလရှင်ကျောင်းမှာပဲကြီးပြင်းခဲ့ရတယ်။သီလရှင်တသက်လုံးဝတ်ဖို့ ကျမ်းမကျိန်ခင်မှာ ကျောင်းအုပ်မာသာကြီးကတစ်ဦးတည်းသောသက်ရှိထင်ရှားဆွေမျိုးရင်းခြာဖြစ်တဲ့ သူ့အဒေါ်ဆီမှာသွားနေဖို့ စေလွှတ်ခဲ့တယ်။အဒေါ်ဖြစ်သူဗန်ဒါက အငြိမ်းစား ပြည်နယ်တရားသူကြီး၊ စစ်အတွင်းမှာရခဲ့တဲ့စိတ်ဒဏ်ရာအမာရွတ်တွေနဲ့ခုချိန်ထိ ဘဝကိုလေးပင်စွာဖြတ်သန်းနေတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ပေါ့။ အယ်လ်ဒါ့ ရဲ့ဇစ်မြစ်၊ အဖေနဲ့အမေ စစ်ကြီးအတွင်းမှာဘယ်လိုဆုံးပါးခဲ့လဲဆိုတာ ဗန်ဒါနဲ့တွေ့မှ သီလရှင်လေးအယ်လ်ဒါ သိခဲ့ရတယ်။ တူကြီးနှစ်ယောက်ရှေ့ဆက်ပြီး အတိတ်ကိုပြန်လည်တူးဆွ ကြည့်ကြတာကိုတော့ ဆက်ကြည့်လိုက်ကြပါ။ ရင်ဘတ်ထဲမှာလေးပင်တဲ့ခံစားချက်တစ်ခုတော့ ကျန်ခဲ့မှာအသေချာပါပဲ။ File size…  1.71 GB /  581 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 22m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Ida (2013)

Three Colors: White (1994) 7.6
Three Colors: White (1994) Three Colors: White (1994) Genre – Comedy, Drama, Romance IMDB – 7.6/10ဒုတိယကားကျ အဖြူရောင်၊ သူက ညီမှုမှုကို ကိုယ်စားပြုတာ။ ဒီဇာတ်လမ်းကျ မင်းသမီးဇာတ်မဟုတ်တော့ဘူး မင်းသားဇာတ် ဖြစ်သွားတယ်။ ပိုလန်နိုင်ငံသား ဆံပင်ပညာရှင် ကာရိုးလ်ဆိုတာ ပြင်သစ်နိုင်ငံသူ ချောချောလေးနဲ့ အိမ်ထောင်ကျထားတာ ဒါပေမဲ့ ၆ လလောက်ကြာတော့ မိန်းမဖြစ်သူက အသုံးမကျလို့ ကွာရှင်းလိုက်လို့ နိုင်ငံစွန့် အလုပ်စွန့်ပြီး ပြင်သစ်ကို တရားခွင်မှာ ကွာရှင်းဖို့ လိုက်လာတယ်။ ဒါပေမဲ့ မိန်းမက ဆုံးဖြတ်ချက် ပြတ်သားနေတဲ့အတွက် ပူးပေါင်းဖွင့်ထားတဲ့ လုပ်ငန်းလည်းရှုံး အဝတ်အိတ်တစ်ခုနဲ့ ပိုက်ဆံမရှိပဲ ပြင်သစ်မှာ ခွေးလုံးလုံး ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ မြေအောက်ဘူတာရုံထဲ ဖြစ်သလို ရှင်သန်နေရင်း ပိုလန်နိုင်ငံသားချင်းတူတဲ့ ဘဲကြီးတစ်ပွေနဲ့ တွေ့ပြီး အပြောင်းအလဲတွေဖြစ် မိန်းမဖြစ်သူကို ပြန်လိုက်ဖို့ ကြိုးစားရတာကို ကြည့်ရမှာပါ။ သူက ဘဲကြီးတလွဲတွေဖြစ်တာကို ပြထားပြီး ဟာသဆိုပေမဲ့လည်း ရယ်အားထက် ငိုအားသန်လေးတွေပါ ပြီးတော့ ညီမျှမှုကို ကိုယ်စားပြုတဲ့ဟာက နောက်ဆုံး ဇာတ်သိမ်းမှာ စပရိုက်စ် တိုက်သွားဦးမှာပါ။ ဒီကားထဲက မင်းသမီးနေရာကတော့ Before Trilogy ...
movie

Three Colors: White (1994)

1994