Channel Myanmar

Jesse James Pierce

Peter Pan & Wendy (2023)
Peter Pan & Wendy (2023) PeterPeter Pan & Wendy (2023)ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ...
movie

Peter Pan & Wendy (2023)

2023
Light of My Life (2019) 6.6
Light of My Life (2019) ကမ္ဘာပေါ်မှာမိန်းမဆိုတဲ့လူမျိုးတွေ တဖြည်းဖြည်းပျောက်ကွယ်လာရင်ယောကျာ်းတွေဘယ်လိုဖြစ်ကျမလဲ...IMDb 6.6 ရထားတဲ့ဇာတ်ကားကောင်းလေးပါအဖေတစ်ယောက်ရဲ့သမီးအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတွေယောကျာ်းတွေရဲ့မိန်းမတစ်ယောက်အပေါ်ထားတဲ့လိုချင်တပ်မက်မှုတွေ,မိန်းမဆိုတာရှားပါးလာတာကြောင့်ကလေးတစ်ယောက်ကိုတောင်အလွတ်မပေးတဲ့ယောကျာ်းကြီးတွေ,သမီးကိုဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ်ကာကွယ်ပေးမယ့်ဖခင်တစ်ယောက်ရဲ့စိတ်ဓါတ်တွေကို ဒရမ်မာဆန်ဆန်နဲ့အကောင်းဆုံးရိုက်ကူးထားတာပါကမ္ဘာပေါ်မှာမိန်းမဆိုတာတွေမရှိသလောက်ရှားပါးလာတာကြောင့်လူတိုင်းကမိန်းမဆိုတာနဲ့ဝိုင်းပြီးအမဲဖြန်သလိုဆွဲဖို့စောင့်နေတာကြောင့်သူ့သမီးကိုယောကျာ်းလေးတစ်ယောက်လိုဝတ်စားစေပြီးဘေးကင်းရာကိုထွက်ပြေးဖို့ကြိုးစားနေတဲ့အဖေအန္တရာယ်ရှိတဲ့ကူးစက်ရောဂါတစ်မျိုးသူ့သမီးဆီမှာရှိနေပေမယ့်လည်းသမီးကိုပစ်မထားခဲ့ပဲ အမြဲတမ်းကာကွယ်စောင့်ရှောက်ပေးရင်းနဲ့တစ်ဖက်မှာလည်းကျန်နေသေးတဲ့မိန်းမတွေစုနေတဲ့နေရာကိုစုံစမ်းပြီးသမီးကိုကောင်းကောင်းမွန်မွန်အသက်ရှင်စေချင်တဲ့အခါ...သားအဖနှစ်ယောက်ဘေးအန္တရာယ်တွေကိုဘယ်လိုကျော်လွှားကြမလဲသူတို့လိုရာအရပ်ကိုရောရောက်အောင်သွားနိုင်ပါ့မလားဆိုတာတွေကိုစိတ်ဝင်တစားကြည့်ရှူရမယ့်ကားကောင်းလေးပါ File Size : ( 1GB , 255 MB)Quality : WEB-DL 720pRunning Time : 1 hr 59 minFormat : Mp4Genre :  Drama , Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie

Light of My Life (2019)

2019