Channel Myanmar

Jesse Moore

Pride (2007) 6.3
Pride (2007) ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ၁၉၇၄ ခုနှစ်နောက်ခံ အားကစားဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဖယ်လာဒဲဖီးယားပြည်နယ်က ရေကူးနည်းပြ ဂျင်မ်အဲလစ်စ်ရဲ့ ဘဝဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ၁၉၇၄ ခုနှစ်မှာ ကောလိပ်ဘွဲ့ရ ဂျင်မ်အဲလစ်အတွက် အလုပ်ရှာရခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မြို့တော်ဌာနကနေ ဖယ်လာဒဲဖီးယားက ရပ်ကွက်ငယ်လေးတစ်ခုက အပန်းဖြေစင်တာတစ်ခုကို ပိတ်သိမ်းပေးဖို့ ကမ်းလှမ်းတလာတဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။ အဆိုပါစင်တာမှာ အလုံးစုံပျက်ဆီးနေတဲ့ ရေကူးကန်တစ်ခုကို ဂျင်မ်အနေနဲ့ ပြန်လည်အသုံးပြုလို့ရတဲ့အထိ ပြင်ဆင်ခဲ့ပါတယ်။ ရပ်ကွက်ထဲက လူမည်းဆယ်ကျော်သက် ယောကျ်ားလေးတွေကို ရေကူးဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်မှာတော့ ရေကူးအသင်းတစ်ခု တည်ထောင်ဖို့အထိ စည်းရုံးနိုင်ခဲ့ပြီး တက္ကသိုလ်အဆင့် ပြိုင်ပွဲတွေထိပါ ခြေဆန့်နိုင်ဖို့ အိပ်မက်ကိုယ်စီ ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ယောကျ်ားလေးတွေပဲ ရှိတဲ့ ရေကူးအသင်းထဲကို ဝီလီဆိုတဲ့ ပါရမီရှင်ရေကူးသမား အမျိုးသမီးငယ်လေး ပါ ပူးပေါင်းလာချိန်မှာတော့ တခြားလူဖြူရေကူးအသင်းတွေတန်းတူ အစွမ်းပြလာနိုင်ခဲ့ပါတယ်။ လူမည်း ရေကူးသမားတွေကို နေရာတိုင်းမှာ နှိမ့်ချဆက်ဆံလူမျိုးရေးခွဲခြားခံနေရတဲ့ အချိန်ကာလကြီးမှာ ဂျင်မ်အဲလစ်စ်က သူ့ရဲ့ရေကူးသမားဘဝက မပြီးဆုံးနိုင်ခဲ့တဲ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာခဲ့ပါတယ်။ ရေကူးအသင်းသားတွေရဲ့ ရေကူးကန်အတွင်းနဲ့ အပြင်ဘဝကိုပါ ထိန်းကျောင်းပေးရင်းနဲ့ပဲ ဂျင်မ်အဲလစ်စ်ရဲ့ ရေကူးအသင်းလေးဟာ ဘယ်လ်တီမိုးတက္ကသိုလ် အမျိုးသားရေကူးပြိုင်ပွဲဗိုလ်လုပွဲအထိပါ တက်ရောက်လာနိုင် ခဲ့ပါတယ်။ ...
movie

Pride (2007)

Barefoot (2014) 6.6
Barefoot (2014) Barefoot (2014)_____IMDb - 6.6/10  ဒီဇာတ်ကားလေးက ကျွန်တော့် Favouriteကား တွေထဲက တကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ IMDb rating 6.6/10 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် မင်းသားဂျေးကတော့အိမ်က ပိုက်ဆံရှိချမ်းသာပေမယ့် တခြားမြို့မှာ မိန်းမရှုပ် လောင်းကစားလုပ်နဲ့မူးရူးသောင်းကျန်းနေတဲ့ လူ့ဘောကျော့တယောက်ဖြစ်တယ်။ သူ့ရဲ့လုပ်ရပ်တွေကြောင့် စိတ္တဇဆေးရုံမှာ လူမှုရေးဝန်ထမ်းအဖြစ်လုပ်ကိုင်ဖို့အမိန့်ချခံလိုက်ရတယ်။ ထိုအချိန်မှာပဲ ဆေးရုံလာတက်တဲ့စိတ်ဝေဒနာရှင်မင်းသမီးဒေစီနဲ့ စတင်တွေ့ဆုံပါတော့တယ်။ ဒေစီဟာ ဂျေးကို မြင်မြင်ချင်းသံယောဇဉ်ဖြစ်သွားပြီနေရာတကာတကောက်ကောက်လိုက်တယ်။ အကြွေးတွေဆပ်ဖို့ပိုက်စံလည်းလို…ညီရဲ့မင်္ဂလာဆောင်ကလည်းရှိ…အဖေကလည်း ဂျေးကိုချစ်သူတယောက်ခေါ်ပြီး အိမ်ကိုပြန်ဖို့ပြောတဲ့အချိန်မှာ…ချစ်သူကလည်းရှာမရ ကြံရာမရတဲ့အဆုံးစိတ်ဝေဒနာရှင်ဒေစီကိုပဲ ချစ်သူအဖြစ်ဟန်ဆောင်ပြီး မိသားစုနဲ့ သွားတွေ့တဲ့အချိန်မှာပဲ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦး။ မင်းသမီးဒေစီရဲ့ innocent ဆန်တဲ့ သရုပ်ဆောင်ချက်တွေကြောင် ဇာတ်ကားဟာ ရသမြောက်ခဲ့ပါတယ် sex ခန်းတခန်းမှမပါပဲ Romance ဆန်ဆန်ရိုက်ကူးထားတဲ့ drama ကားကို မိမိချစ်သူရည်းစားနဲ့အတူကြည့်မယ်ဆိုရင်တော့ကြည်နှုးမှုရသအပြည့်အဝပေးစွမ်းနိုင်မှာပါ။ (ရည်စားမရှိသူများကတော့ တယောက်တည်းကြည့်ပေ့ါ….:P)    (ဇာတ်ကားအညွှန်းရေးပေးသူရော . ဘာသာပြန်ပေးသူရော Channel Myanmar Team မှ Ko AP Newschool ဖြစ်ပါတယ်။)@San Win Maung   File Size                          : 700 MB Quality            ...
movie

Barefoot (2014)

2014
22 Jump Street (2014) 7.0
22 Jump Street (2014) 22 Jump Street (2014) IMDb - 7.0/10_____Rotten - 84%    2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating 7 အထိရရှိထားတဲ့ရဲဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..2012 က ထွက်ရှိခဲ့တဲ့ 21 Jump Street ရဲ့ အဆက်အဖြစ်နဲ့ထွက်လာပါတယ်..2ကားလုံးကတော့ ဟာသအက်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ် ဇာတ်လမ်းဇာတ်အိမ်ဖန်တီးထားတဲ့နေရာမှာလည်းသေသပ်သလို ဟာသလည်းမြောက်ပါတယ် 21 Jump Street မှာတော့ ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်း2ယောက် ကျောင်းပြီးလို့ရဲထဲဝင် တဲ့အခါ အလုပ်အတူတူတွဲလုပ်ရင်း ထူးခြားတဲ့အမှုအတွက် ကျောင်းပြန်တက်ရပြန်ပါတယ်.. ကျောင်းတက်ရင်းဘယ်လိုတလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ ယခု တင်တဲ့ဇာတ်ကား 22 Jump Street ကတော့ အဆက်အနေနဲ့ဆက်လက်ရိုက်ကူးထားပါတယ်   21 Jump Street ကို မကြည့်ရသေးသူများ အတွက်လည်း အောက်မှာလင့်ပြန်ပေးထားပါတယ်..။   21 Jump Street (2012)   2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating ...
movie

22 Jump Street (2014)

2014