Channel Myanmar

Jesseca Liu

Circle Line ( 2023 ) 5.9
Circle Line ( 2023 ) စင်္ကာပူရုပ်ရှင်လောကရဲ့ ပထမဆုံးခေတ်သစ်ထူးဆန်းသတ္တဝါကားလို့ဆိုတဲ့ Circle Line ကို တင်ဆက်ပေးလိုက်ပါတယ်။ စင်္ကာပူဒါရိုက်တာJD Chuaရိုက်ကူးထားပြီး ထိုင်ဝမ်ထုတ်လုပ်ရေးကုမ္ပဏီနဲ့ တွဲဖက်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့-ကားအက်စီးဒင့်အပြင်းအထန်ဖြစ်ခဲ့ပြီး စိတ်ဒဏ်ရာတွေကို ကုသကျော်ဖြတ်နေရတဲ့ သားအမိနှစ်ယောက် -အဖေဟာအလုပ်ထဲမှာပဲနှစ်မြှုပ်ထားပြီး သမီးကိုအချိန်မပေးနဲ့တဲ့ အဖေနဲ့သမီး မြေအောက်အမြန်ရထားတွေဟာအလိုအလျောက်Programနဲ့ပဲထိန်းချုပ်ပြီးသွားကြတာပါSystem ဟောင်းမှာချို့ယွင်းချက်တွေဖြစ်လာတဲ့အခါ ရထားကဘူတာ မရောက်ခင်ရပ်သွားတာတွေစတဲ့ချို့ယွင်းချက်တွေဖြစ်လာပါတယ်။ Systemကိုပြန်ပြင်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ ညပိုင်းနောက်ဆုံးရထားတစ်စီးဟာ ချို့ယွင်းချက်ကြောင့် ပုံမှန်ရထားလမ်းကြောင်းကနေသွေဖီပြီး အသုံးမပြုတဲ့ရထားလမ်းထဲကိုရောက်သွားခဲ့ပါတယ်။အဲဒီအချိန်မှာမြေအောက်ရထားလှိုဏ်ခေါင်းထဲမှာဘယ်လိုအရာကစောင့်ကြိုနေမလဲ...... မြေပြင်ဗဟိုဌာနကရော မြေအောက်ရထားထဲကလူတွေကိုဘယ်လိုကယ်တင်မလဲ...... အန္တရာယ်တွေကြုံလာတဲ့အခါ မိခင်တို့ရဲ့သဘာဝအတိုင်း အမေတစ်ယောက်ဟာ သားတစ်ယောက်ကိုဘယ်လိုကာကွယ်ပေးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပြီး စင်္ကာပူရဲ့ပထမဆုံးသောခေတ်သစ်ထူးဆန်းသတ္တဝါကားဟာ ဘယ်လိုအနေအထားရှိမလဲဆိုတာကိုကြည့်ရှုလိုက်ကြပါဦးနော်...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Circle Line ( 2023 )

Bring Back the Dead (2015) 7.3
Bring Back the Dead (2015) ဘယ်သူမဆို ကိုယ်ချစ်တဲ့သူတစ်​ယောက်​ယောက်ကိုဆုံးရှုံးလိုက်ရရင် ချက်ချင်း​တော့ လက်မခံနိုင်​သေးတာ လူ့သဘာဝပါ ဒီကားမှာ​တော့ ဇာတ်​​​ဆောင်မင်းသမီး ဂျာအန်တို့လင်မယားက တစ်ဦးတည်း​သောသား​လေး​ရှောင်လဲ့ကိုတအားချစ်ရှာတယ် တစ်​နေ့သူတို့သား​လေးရုတ်တရက်ကားတိုက်ပြီးဆုံးသွားတယ် သား​သေဆုံးတာကိုလက်မခံနိုင်တဲ့မိခင်တစ်​ယောက်အ​နေနဲ့ သူ့သားဝိဥာဥ်ကိုဘယ်မှမသွား​စေချင်​တော့မလုပ်သင့်တာ​တွေလုပ်ရာက​နေ အ​ခြေအ​နေကဆိုးလာပါ​တော့တယ် စင်ကာပူသရဲကားဖြစ်တဲ့အတွက်​ပေါ​တော​တော လုံးဝမဟုတ်တာ​တော့ အာမခံပါတယ် မိခင်တစ်​ယောက်က သားကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်ရယ် သားမရှိ​တော့တာကိုလက်မခံနိုင်​သေးတဲ့ခံစားချက်ရယ် နဲ့သရဲကား​ပေမယ့် jump scare လည်းအများကြီးမပါတာမို့ ကြည့်ရင်းသနားလာမိမှာ​သေချာပါတယ်   File Size -  1 gb Quality - 1080p bluray 5.1ch Subtitle -  Burmese Translator - Dolly Encoder - Thit San Khant
movie

Bring Back the Dead (2015)

2015