Channel Myanmar

Jessica Alexander

The Little Mermaid (2023) 7.2
The Little Mermaid (2023) The Little Mermaid (2023)ဒစ္စနေးရဲ့ နောက်ဆုံးထွက် ကာတွန်းကနေ လူရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ ရေသူမလေး လာပါပြီ။ လူမည်းမင်းသမီးသုံးတဲ့အတွက် မျိုးစုံဝေဖန်ခံနေရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ လူမျိုးရေးကြောင့်မဟုတ်ဘဲ မူရင်းဇာတ်ကောင်တွေကို အတင်းလူမည်းပြောင်းတဲ့အတွက်ပါ။ ထောက်ခံသူတွေ ကြိုက်သူတွေလည်း ရှိကြပါတယ်။ ကိုယ်တိုင်ကြည့်ကြည့်လိုက်ကြတာ ကောင်းပါတယ်။ဇာတ်လမ်းကတော့ မူရင်းကာတွန်းပုံပြင်အတိုင်းပါပဲ။ ပင်လယ်ဘုရင်ကြီးရဲ့အငယ်ဆုံးသမီးလေး သတ္တမမြောက်သမီးတော် ရေသူမလေး အယ်ရီရယ်ဟာ လူသားကမ္ဘာကို အရမ်းစိတ်ဝင်စားနေသူပါ။ ဒါကြောင့် သင်္ဘောပျက်တွေထဲမှာ လူသားပစ္စည်းတွေကိုရှာပြီး အမြဲ စုထားတတ် စပ်စုတတ်တဲ့သူပါ။ တစ်နေ့မှာတော့ လှေမှောက်ပြီး ရေထဲနစ်လာတဲ့ မင်းသားလေးအဲရစ်ကို ကယ်ရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ရေဘုရင်ကြီးက ကုန်းပေါ်ကို သွားဖို့ တားမြစ်ထားတာကြောင့် အခက်တွေ့နေပါတယ်။ အဲဒီအချိန်မှာပဲ ရေဘုရင်ကြီးရဲ့ ညီမ ပင်လယ်စုန်းမ အာဆူလာက အယ်ရီရယ်နဲ့အပေးအယူလုပ်လိုက်ပါတယ်။ အယ်ရီရယ့်ကို လူအဖြစ်ဖန်ဆင်းပေးပြီး သုံးရက်အတွင်း မင်းသားလေးနဲ့ အချစ်စစ်အနမ်းရခဲ့ရင် လူအဖြစ် အမြဲနေရမှာဖြစ်ပြီးမရခဲ့ရင်တော့ အယ်ရီရယ်ရဲ့ အရမ်းလှတဲ့အသံကို သိမ်းပိုက်ပြီး အယ်ရီရယ်ကိုပါ ကျွန်အဖြစ် အပိုင်ရမှာဖြစ်ပါတယ်။ ဒီတော့ အယ်ရီရယ်နဲ့မင်းသားလေးတွေဘာဆက်ဖြစ်မလဲ စုန်းမကြီးအာဆူလာကရောဘယ်လိုနှောင့်ယှက်မလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ...
movie

The Little Mermaid (2023)

2023
4K HEVC
Into the Deep (2022)
Into the Deep (2022)  ဂျက်စ် ဆိုတဲ့ ကောင်မလေးက မြို့ငယ်လေးတစ်မြို့မှာ သူငယ်ချင်းတစ်ယောက်နဲ့ စပ်တူ တီရှပ်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ် ဂျက်စ်ဟာ ငယ်စဉ်က ကားမတော်တဆမှုတစ်ခုမှာ အ‌မေဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ မိတဆိုးတစ်ဦးဖြစ်ပြီး နှစ်တွေကြာခဲ့ပေမယ့် အတိတ်ကို ဖက်တွယ်ထားနေဆဲ ဖြစ်တဲ့သူတစ်ယောက်ပါတစ်ရက်မှာတော့ သူတို့တီရှပ်ဆိုင်ဆီကို တိုးရစ် ကိုလူချောတစ်ဦး ရောက်လာလေတော့ သူတို့မြို့ငယ်လေးထဲမှာ မျက်နှာစိမ်းမများတာမို့ ဂျက်စ်တစ်ယောက် ဘန် ဆိုတဲ့ ကိုလူချောကောင်လေးကို မျက်စိကျသွားပြီး သူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့်ပါ ညပါတီပွဲကို ဖိတ်လိုက်ပါတယ် ပါတီပွဲမှာ ကဲကြရင်း အစောကတည်းက ကြွေနေတဲ့ ဂျက်စ်တစ်ယောက် ဘန်ရဲ့ အပျော်စီးလှေပေါ်မှာ တစ်ညတာကို ဖြတ်သန်းခဲ့ပါတော့တယ်ဒါပေမယ့် ကိုလူချော ဘန်ဟာ ဂျက်စ် ထင်ထားသလို လူရိုးလေးမဟုတ်ခဲ့ဘဲ လျှို့ဝှက်ချက်တွေရှိနေ‌တဲ့အခါမှာတော့ ကျားဘက်လိုက်ပြီးကြိုက်ခဲ့တဲ့ ဂျက်စ်တစ်ယောက်တော့ အပျော်စီးလှေပေါ်မှာ ဒုက္ခတွေတသီကြီး ကြုံရတော့မှာပါ File size…(1.39GB)/(742MB)/(472MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Thriller Subtitle….Myanmar Subtitle ...
movie

Into the Deep (2022)

Glasshouse (2022)
Glasshouse (2022)    ဖန်လုံအိမ်အာနိသင် Glass house effectဆိုတာကို ၈တန်း ၉သန်းသိပ္ပံမှာထဲက ကြားဖူးကြမှာပါ ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းမှာတော့ အနာဂတ်လွန်ကာလတစ်ခုမှာ ကမ္ဘာကြီးမှာကပ်ရောဂါတစ်ခုဆိုက်ကပ်ခဲ့ပါတယ် အဲ့ဒါကတော့ တခါမှစိတ်‌တောင်မကူးဖူးတဲ့ ကပ်ရောဂါတစ်ခုပါပဲအဲ့ဒါကတော့ရှူရှိုက်လိုက်တာနဲမှတ်ဉာဏ်တွေကိုပျက်စီးပြန့်ကျဲသွားစေတဲ့ The Shredလို့‌ ခေါ်တဲ့အဆိပ်တမျိုးပါ အဆိပ်က လေထုတစ်ခုလုံးမှာ ပြန့်နှံ့နေတာကြောင့် ကမ္ဘာလူအဖွဲ့အစည်းတစ်ခုလုံး ပြိုလဲသွားပါတော့တယ် အဲ့ဒီလိုကပ်ဘေးဆိုက်နေချိန်မှာ အဆိပ်ကလက်ကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကျေးလက်နေမိသားစုလေးတစ်စုရှိပါတယ် ဒီမိသားစုက ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ကာ လေမဝင်အောင် သူတို့တည်ဆောက်ထားတဲ့ဖန်လုံအိမ်ကြီးမျိုးထဲမှာနေကြပါတယ်သူတို့ရဲ့စခန်းထဲကိုဘယ်သူ့ကိုမှလည်းအဝင်မခံပါဘူးဒါပေမဲ့ငယ်ငယ်တုန်းက သူတို့အိမ်ကနေထွက်သွားတဲ့ လူကာဆိုတဲ့အကိုကြီးကို အမေကြီးနဲ့မောင်နှမတွေကမျှော်နေခဲ့ပါတယ် တနေ့မှာစခန်းနားမှာဒဏ်ရာရလူတစ်ယောက်ကို ဘီး‌‌ ကကယ်တင်ခဲ့ပါတယ် သူတို့‌မမှတ်မိနိုင်တော့တဲ့ သူတို့ထင်မိသလို သူတို့ရဲ့တစ်ချိန်ကထွက်သွားတဲ့အကိုကြီးက တကယ်ပဲအဲ့ဒီလူဖြစ်နေမလား အဲ့ဒီလူရဲ့သရုပ်မှန်ကရော ဘယ်သူလဲ မောင်နှမမေတ္တာ ၅၂၈ နဲ့ အချစ် ၁၅၀၀တို့ရောထွေးမိပုံကို ဖော်ပြထားတာကြောင့် ကြည့်ရှုသင့်တဲ့Dramaကားကောင်းပါ ဒါပေမဲ့ Incest 18+sceneတွေပါတာကြောင့် မိသားစုနဲ့တော့မကြည့်ရှုဖို့အကြံပေးပါရစေ File size…(1.24GB)/(661MB)/(331MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre..Drama / Sci-Fic ...
movie

Glasshouse (2022)

A Banquet (2021) 5..0
A Banquet (2021) A Banquet (2021) ============= Horror, Thrillerဟိုလီဟာ ခင်ပွန်းသည် ရောဂါဆိုးတစ်ခုနဲ့သေဆုံးသွားပြီးတဲ့နောက်မှာ ဘက်စီ ၊ အစ်ဇီ ဆိုတဲ့ သမီးနှစ်ယောက်နဲ့ ဘ၀ကို ဆက်လက်ရုန်းကန် နေခဲ့ပါတယ်။တစ်နေ့မှာ သမီးကြီး ဘက်စီဟာ အစာလုံး၀မစားနိုင်ဘဲ နေမကောင်း ဖြစ်လာပါတယ်။ ဆရာ၀န်မျိုးစုံ အထူးကုမျိုးစုံပြပေမယ့် ထူးခြားမလာ ပါဘူး။ တကယ်တော့ ဘက်စီကို နတ်ဆိုးတစ်ကောင်က ၀င်ပူးနေခဲ့တာ ဖြစ်ပြီး ဘက်စီရဲ့ အပြုအမူအပြောအဆိုတွေဟာလုံး၀ပြောင်းလဲလာကာ ရှေ့ဖြစ်ဟော မှော်ဆရာတစ်ယောက်လိုဖြစ်ပါတယ်။ အဲ့တော့ ဘက်စီကို ဘာကြောင့် ဒီလိုတွေဖြစ်နေတာလဲ၊ ဖခင်သေဆုံးမှုနဲ့ ဘယ်လိုပတ်သက် နေလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ စိတ်၀င်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(730 MB) / (489 MB) / (281 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Thiha Yan Naing Encoder..........SWM
movie

A Banquet (2021)

2021