Channel Myanmar

Jessica Blackmore

Five Nights at Freddy’s (2023) 5.7
Five Nights at Freddy’s (2023) Five Nights at Freddy's (2023) ======================ကလေးကစားကွင်းရုံဟောင်းကြီးတစ်ခုထဲက အရုပ်သရဲတွေအကြောင်း နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Five Nights at Freddy's ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အသစ်တစ်ခုဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်လိုက်ဟာ ဂိမ်းထဲကအတိုင်း ကစားကွင်းဟောင်းရဲ့ ညစောင့် ပါပဲ။သူ့မှာ အက်ဘီဆိုတဲ့ ညီမလေးတစ်ယောက်လည်းရှိပါတယ်။ သူ့ရဲ့ ညီလေး ဟာ သူငယ်ငယ်ကတည်းက အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားတာမို့ သူ့ညီ ဘာဖြစ်သွားခဲ့လဲဆိုတာ သူအမြဲစုံစမ်းနေခဲ့တာပဲဖြစ်ပါတယ်။ အဲဒီကစားကွင်း မှာ ညစောင့်လုပ်တဲ့အချိန်မှာတော့ သူ့အိပ်မက်ထဲမှာ သူ့ညီကို ခဏခဏပြန်တွေ့ နေရပြီး သူ့ညီဘာဖြစ်သွားလဲဆိုတာကို သိတဲ့အခြားကလေးတွေကိုပါ တွေ့လာ ရပါတယ်။ အဲဒီအိပ်မက်တွေကနေ သူ့ညီအကြောင်းကို သိရဖို့ စုံစမ်းပေမဲ့ မသိ ရရုံမကဘဲ သူ့ညီမလေးကိုပါ သရဲတွေက အန္တရာယ်ပေးဖို့ ကြိုးစားလာတဲ့အခါ...ဇာတ်လမ်းအနေနဲ့က ပဟေဠိတွေနဲ့တည်ဆောက်ထားတဲ့အပြင် အထဲမှာ အရုပ် သရဲတွေနဲ့တိုက်ခိုက်ရတာ လွတ်အောင်ထွက်ပြေးဖို့ ကြိုးစားရတာတွေက ဂိမ်း စတိုင်အတိုင်း ဖန်တီးပြထားပြီး ကြောက်စရာကောင်းတာကြောင့် ဟော်ရာကြိုက် သူတွေအတွက်တော့ ကြည့်လို့ကောင်းမဲ့အမျိုးအစားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(2.0 GB) / (1.22 GB) ...
movie

Five Nights at Freddy’s (2023)

2023
4K HEVC
Squeaky Clean Mysteries: Hazardous Duty (2022) 6.4
Squeaky Clean Mysteries: Hazardous Duty (2022) အမတ်လောင်းရဲ့ မိန်းမကို ဘယ်သူသတ်သွားတာလဲ ညတစ်ည…သေနတ်သံတစ်ချက်နဲ့အတူ အလားအလာအရှိဆုံး ဥပဒေပြုလွှတ်တော် အမတ်လောင်း မိုက်ကယ်ကာနင်ဟန်ရဲ့ ဇနီးဖြစ်သူဟာ သေဆုံးသွားခဲ့တယ်။ လူသတ်သမားပါဆိုပြီး စွဲချက်တင် ဖမ်းဆီးထားခဲ့တာက ဂေးလ်နယူးစွန်း အမည်ရှိ အာမခံနဲ့ လွတ်လာတဲ့သူ။ အဓိကမဇာတ်‌ဆောင် ဂယ်ဘီ စိန့် ကလဲယာက မှုခင်းနေရာသန့်ရှင်းရေးဆားဗစ်က ဝန်ထမ်းတစ်ယောက်ဖြစ်တယ်။ အမတ်လောင်းရဲ့ အမှုအခင်းဖြစ်ပွားရာ နေအိမ်ကို ပါတနာဖြစ်သူ ဟာရိုမာတင်နဲ့ သန့်ရှင်းရေးလုပ်ဖို့ ရောက်လာကြရင်း စာအုပ်စင်နောက်က လျှို့ဝှက်အခန်းငယ်ထဲက သေနတ်တစ်လက်ကို တွေ့ခဲ့ရတယ်။ သူ သေနတ်ကို တွေ့တဲ့အချိန်မှာပဲ အိမ်က မီးလောင်သွာတာဟာ ဘယ်သူရှို့တာ ဖြစ်မလဲ ရှို့မီးအတွက် တရားခံအဖြစ် စွဲချက်တင် ဖမ်းဆီးခံလိုက်ရသူကတော့ အမှိုက်ပစ်ဖို့ ထွက်သွားခဲ့တဲ့ ဟာရိုပါပဲ။ ဂယ်ဘီက သူ့ပါတနာဖြစ်သူကို အပြစ်ကင်းစင်ကြောင်းပြဖို့အတွက် သူကိုယ်တိုင်ပဲ လိုက်လံစုံစမ်းခဲ့တဲ့အခါ သူရှာတွေ့သမျှအထောက်အထားတွေက တရားခံဟာ အမတ်လောင်းမိုက်ကယ်ကာနင်ဟန်လို့ ညွှန်ပြနေကြတယ်။ ဆိုတော့ တကယ်ပဲ အမတ်လောင်း ...
movie

Squeaky Clean Mysteries: Hazardous Duty (2022)

Monsters of Man (2020) 5.2
Monsters of Man (2020) Monsters of Man (2020)===================IMDb Rating - 5.2/10 ဇာတ်လမ်းကိုတော့ ရွှေတြိဂံလို့ လူသိများကြတဲ့ ဘိန်းနဲ့ မူးယစ်ဆေးတို့ ကြီးစိုးရာနယ်မြေထဲ နှိမ်နင်းရေးမှာအသုံးချဖို့ စီအိုင်အေက နည်းပညာမြင့် စက်ရုပ်တွေကို စမ်းသပ်ဖို့ရာ အတော်ဆုံးနည်းပညာရှင်တစ်ဖွဲ့ကိုအဲ့ဒီဒေသနားမှာ ငှားရမ်းခေါ်ယူထားပါတယ်။ ရည်ရွယ်ချက်ကတော့ ဒီစက်ရုပ် ပရိုဂရမ်က ဘယ်လောက်တောင်အသုံး၀င်ကြောင်းပြသဖို့ပါ။ ထင်မှတ်မထားတာက အဲ့ဒီနယ်မြေထဲက ရွာလေးတစ်ရွာမှာ မရိန်းတပ်သားဟောင်းမေဆန်တစ်ယောက် တိတ်တဆိတ်အခြေချနေထိုင်နေတာရယ် လုပ်အားပေးဆေးကျောင်းသားတစ်ဖွဲ့ လမ်းပျောက်လို့ရောက်လာတာရယ်ပါ။ ဒီပရိုဂရမ်ကို လူသိခံလို့မဖြစ်တဲ့ စီအိုင်အေအနေနဲ့ နည်းပညာအဖွဲ့နဲ့ပူးပေါင်းပြီး မျက်မြင်သက်သေမကျန်အောင် လက်စဖျောက်ဖို့ကြိုးစားမယ့်ကြားက မေဆန်တို့အဖွဲ့လွတ်မြောက်မလား အဲ့ဒီစက်ရုပ်ပရိုဂရမ်ကရောဘယ်လိုတွေဖြစ်လာမလဲဆို‌တာ ကြည့်ရှုရမဲ့ Sci-fi Action ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - 2h 11minSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie

Monsters of Man (2020)

2020