Channel Myanmar

Jessica Lowndes

A Mother’s Nightmare (2012) 5.8
A Mother’s Nightmare (2012) A Mother's Nightmare (2012) "မိခင်သောက" IMDb - 5.8/10ဒီကားကတော့ Flashမင်းသား ဂရန့်ဂတ်စတင်ရဲ့ The Flash ဇာတ်လမ်းတွဲ မရိုက်ခင် ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ teen thrillerရုပ်ရှင်ပါ။ ဒီကားထဲမှာတော့ ကျွန်တော်တို့ရဲ့ အမြန်ကောင်က ခရစ်ဆိုတဲ့ စာတော်ပြီး ရိုးသားကြိုးစားတဲ့ လူလိမ္မာလေးပေါ့။ ဒီလူလိမ္မာလေးက စော်ပစ်ကောင်လေးဖြစ်သွားလို့ ကြေကွဲလူငယ်လေး လုပ်နေတုန်းမှာပဲ သူတို့ကျောင်းကို ဗန်နက်ဆာဆိုတဲ့ ရေလည်ဟော့တဲ့ ခပ်မိုက်မိုက် စော်လေးတစ်ဗွေပြောင်းလာပါတယ်။ ပုံမှန်ဆို ခရစ်တို့လို လူရိုး စာဂျပိုးလေးတွေကို ဗန်နက်ဆာလို ခါးသေးရင်ချီ ခပ်ဟော့ဟော့ မိန်းမလှလေးက စာရင်းထဲတောင် ထည့်မှာမဟုတ်ပေမဲ့ ဗန်နက်ဆာကတော့ ခရစ်ကို ကြွေသွားပြီး ရေလာမြောင်းပေးလုပ်ရင်းနဲ့ ခဏအတွင်းမှာပဲ တွဲဖြစ်ခဲ့ကြပါတယ်။ လူလိမ္မာလေးဖြစ်ခဲ့တဲ့ ခရစ်တစ်ယောက် ဗန်နက်ဆာအတွက်နဲ့ အတန်းတွေပျက်၊ စာမေးပွဲတွေကျ အမေဖြစ်သူကို ကလန်ကဆန်တွေလုပ်တတ်လာပြီး ဗန်နက်ဆာရဲ့ အစွဲအလန်းကြီးမှု လွှမ်းမိုးမှုတွေမှာ တဖြည်းဖြည်း ပိတ်မိလာပါတယ်။ ဒီလိုနဲ့ ပျက်စီးစပြုလာတဲ့ခရစ်ဟာ သူသိထားတဲ့ ဗန်နက်ဆာရဲ့အကြောင်းတွေက အလိမ်အညာတွေဖြစ်ပြီး ဗန်နက်ဆာရဲ့ အတိတ်က စိတ်ဒဏ်ရာတွေကို သိလာချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတစ်မျိုးတစ်ဖုံ ...
movie

A Mother’s Nightmare (2012)

2012
Altitude (2010)
Altitude (2010) ဇာတ်လမ်းက တစ်နေ့မှာ လူငယ်ငါးယောက်ပွဲတော်တစ်ခုကိုလေယာဥ်နဲ့သွားကြတယ်ပေါ့ဗျာ အဲ့မှာ လေယာဥ်ကထူးထူးဆန်းဆန်း အလုပ်မလုပ်တော့တာကနေ ဇာတ်လမ်းက စတာပဲလေယာဥ်ကိုမထိန်းချုပ်နိုင်တော့ အပျံတတ်ခါကလေယာဥ်မှုးလေးနဲ့ သူငယ်ချင်းလေးယောက်တိမ်တိုက်ကြီးတစ်ခုထဲကို အထိန်းအချုပ်မရှိဝင်ချသွားတာကနေတိမ်တိုက်ကြီးထဲမှာ ဘယ်လို သဘာဝလွန်ဖြစ်ရပ်ဆန်းကြုံရမလဲဘယ်လိုရုန်းကန်ကြရလဲ ဘယ်လိုပြဿနာတွေတက်ကြလဲလူတွေ သေဘေးနဲ့ကြုံရင် ဘယ်လိုပြုမူတတ်လဲဆိုတာကိုအပြည့်အဝပုံဖော်ထားတာကိုရှုစားရမှာပဲ ဖြစ်ပါတယ် File size…  1.57 GB /  703 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie

Altitude (2010)

A Father’s Nightmare (2018) 5.5
A Father’s Nightmare (2018) A Father's Nightmare (2018) =====================လီဆာက အယုံလွယ်တဲ့ကောင်မလေးတစ်ယောက်။ မိခင်ဖြစ် သူ ဆုံးသွားပြီးကတည်းက စိတ်ဒဏ်ရာအကြီးကြီးရခဲ့တဲ့သူ။ သူ့အဖေနဲ့အတူ အဖေတစ်ခုသမီးတစ်ခုမိသားစု။ အဲဒီကောင် မလေးရဲ့ ဘဝထဲကို ဗန်နက်ဆာဆိုတဲ့ မိန်းမတစ်ယောက်ရောက် လာတယ်။ အဲဒီမိန်းမက ကောက်ကျစ်တယ်။ လှည့်စားတတ် တယ်။ ဉာဏ်များတယ်။ ဟန်ဆောင်ကောင်းတယ်။ မာယာများ တယ်။ စကားကို ပလီပလာပြောတယ်။ အကွက်ကျကျစီစဉ်တတ် ပြီး လက်ရဲဇက်ရဲရှိတယ်။ သူများဘဝကိုဖျက်ဆီးရတာ ပျော်မွေ့ သူတစ်ယောက်။ သူ့ပစ်မှတ်က သနားစရာလီဆာဖြစ်တယ်။သူလီဆာ့ဘဝထဲကို သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကနေ စိမ့်ဝင် လာတယ်။ လီဆာ့အနားက လီဆာ့ကိုချစ်တဲ့သူတွေကို ဖယ်ထုတ် ပစ်တယ်။ လီဆာ့အပေါ်မှာ သူ့တစ်ယောက်တည်းရဲ့လွှမ်းမိုးမှုသာ ရှိစေတယ်။ မသိမသာရော သိသိသာသာရော လီဆာက သူ့ရုပ် သေးရုပ်လိုဖြစ်လာတယ်။ သူဝင်ရောက်လာတာနဲ့အမျှ လီဆာ့ ဘဝက တဖြည်းဖြည်းပြောင်းလဲသွားတယ်။ ပြောရရင် လီဆာ့နေ့ စဉ်ဘဝကို သူဂြိုဟ်ဝင်မွှေနေတာပဲ။ လီဆာက သူ့အတွက် အရေး ပါတဲ့အရာတွေ၊ အရေးပါတဲ့သူတွေကို တစ်စတစ်စဆုံးရှုံးလာရ တယ်။ သတိမထားမိလိုက်ခင်မှာပဲ ဗန်နက်ဆာဆိုတဲ့ မိန်းမရဲ့ကစား စရာလေးဖြစ်နေပြီ။လီဆာဟာ နုနယ်တယ်။ သူ့ပြောင်းလဲမှုတွေကို သတိထားမိတာက သူ့အဖေ။ လက်သည်တရားခံကိုသတိထားမိတာကလည်း သူ့အ ဖေပဲ။ ကိုယ့်ရင်သွေး ပျက်စီးနေတာကို ...
movie

A Father’s Nightmare (2018)

2018