Channel Myanmar

Jharrel Jerome

Spider-Man: Across the Spider-Verse (2023) 9.1
Spider-Man: Across the Spider-Verse (2023) IMDb 9.1 အထိရသွားပြီး အားပေးမှုတွေအပြည့်ရနေတဲ့ကာတွန်းကားလာပါပြီ။ ဒါကတော့ 2018 တုန်းက Spider-Man:Into the Spider-Verse ရဲ့အဆက်ပါပဲ။ အရင်ကာတွန်းမှာလည်းစပိုက်ဒါမန်းမျိုးစုံနဲ့ ဟာသတွေနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့လူကြိုက်များခဲ့သလို အခုကားမှာလည်း နောက်ထပ်တဆင့်ပါမြှင့်ထားလိုက်ပါပြီ။ 2 hours and 20 minutes ရှိလို့ ကာတွန်းကားတွေထဲမှာ အရှည်ဆုံးကာတွန်းလည်းဖြစ်သွားပါတယ်။ မိုင်းစ် မိုရားလစ်စ်ဟာ အပြိုင်စကြဝဠာတွေက သူငယ်ချင်းတွေနဲ့ခွဲခွာပြီးနောက် ပြန်မတွေ့ရတော့တာ ကြာပါပြီ။ သူသတိရနေပေမဲ့တစ်ယောက်မှ လာမတွေ့ဖြစ်ကြပါဘူး။ တစ်နေ့မှာတော့ အပြိုင်စကြဝဠာတွေကြားထဲကို ခရီးသွားနိုင်တဲ့ စပေါ့ဆိုတဲ့ စူပါဗီလိန်နဲ့ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ စပိုက်ဒါဂွမ်တို့ ပီတာပါကာတို့တွေနဲ့တွေ့ပြီး အပြိုင်စကြဝဠာတွေကို စောင့်ရှောက်တဲ့ အဖွဲ့ခေါင်းဆောင်စပိုက်ဒါမန်း မီဂဲဆီကိုရောက်သွားပါတယ်။ အဲဒီမှာမှ စကြဝဠာပေါင်းစုံကစပိုက်ဒါမန်းရာထောင်ချီနဲ့ထပ်တွေ့ပြီး စကြဝဠာကြီးကို ဘယ်လိုကယ်တင်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲဖြစ်ပါတယ်။ File size… 1.93 GB , 4.21 GB , 5.16 GB Quality…Web-Dl  4k / 1080p ...
movie

Spider-Man: Across the Spider-Verse (2023)

2023
4K HEVC
Monster(2018) 7.0
Monster(2018) Monster(2018) အညွှန်း********************IMDb..7.0 စတိဗ်ဟာမွန်းက ရုပ်ရှင်ရိုက်ကူးရတာကို ခုံမင်တဲ့ အထက်တန်းကျောင်းသားလေးပါ။ချစ်စရာမိသားစုလေးကို ပိုင်ဆိုင်ထားသလို ကျောင်းမှာလည်းသူငယ်ချင်းတွေ ဆရာတွေ သိုက်သိုက်ဝန်းဝန်းနဲ့ သူ့ဘဝက ပြီးပြည့်စုံတယ်လို့ ထင်ရပါတယ်။ကံဆိုးချင်တော့ စတိဗ်တစ်ယောက် အပေါင်းအသင်းမှားပြီးလူသတ်မှုတစ်ခုထဲ ကြားညပ်သွားတဲ့အခါ သူ့ကို လူသတ်မှုမှာကြံရာပါလို့အားလုံးက မြင်သွားကြတယ်...ဒီလူအမြင်တွေနဲ့စွပ်စွဲချက်တွေဟာ ငယ်ရွယ်ကလေးတစ်ယောက်အတွက်အကြီးမားဆုံးထိုးနှက်ချက်ပါပဲ..သူဘယ်ဆိုရပ်တည်မလဲ..ဒီလို ယိုးစွပ်ချင်ကြတဲ့လူတွေရဲ့ အမြင်ကိုရော သူပြောင်းလဲနိုင်ပါ့မလား။သူကိုယ်တိုင်ကရော တကယ်ပဲ ကြံရာပါလုပ်ခဲ့သလားဆိုတာကိုတော့... File Size : (1.8GB)(678 MB) and (235 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…01:38:00 Genre :  Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Monster(2018)

Concrete Cowboy (2021) 6.3
Concrete Cowboy (2021) Concrete Cowboy (2021)==================IMDb Rating - 6.3/10အရှိတရားကနေကင်းလွတ်ပြီး ပြောင်မြောက်တဲ့ ရုပ်ရှင်တွေလည်းရှိပေမဲ့ အရှိတရားကို ရိုက်ပြပြီး ပြောင်မြောက်တဲ့ ရုပ်ရှင်တွေက ပိုများတာတော့ သေချာပါတယ်။ ဒီရုပ်ရှင်ဟာ လက်သစ်ဒါရိုက်တာ Ricky Staubရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါပဲ။ ထိပ်တန်းရုပ်ရှင်တော့ ဖြစ်မသွားပေမယ့် အလယ်အလတ်တန်းအဆင့်ရဲ့ထိပ်ဆုံးမှာ ရပ်နေမယ့်ကားလို့တော့ အာမခံလို့ရတယ်။အကြောင်းအရာကတော့ ဒီနေ့ခေတ်ထိရှိနေတဲ့ ခေတ်ကာလနဲ့မကိုက်တဲ့ အ‌လေ့အထုံတစ်ခုကို ကိုင်စွဲပြီး ရုန်းကန်နေရတဲ့ လူမဲကောင်းဘွိုင်တွေ အကြောင်း။ ဒီဇာတ်လမ်းကို တစ်ချို့တွေကတော့ အတော်သဘောကျကြတယ်။ ဇာတ်အိမ်တည်ဆောက်မှု အားနည်းတဲ့ တစ်ချက်ကြောင့် တစ်ချို့ကတော့ သိပ်သဘောမကျကြဘူး။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ အဲ့ဒီနှစ်ခုကြားလို့ဆိုရမယ်။ ဇာတ်လမ်းတင်ပြပုံနဲ့ အခြေအနေနဲ့ Cinematographyလှလှကို တွဲသုံးပြီး ဆွဲငင်လိုက်တဲ့ အခန်းတစ်ချို့ကိုတော့ အတော်သဘောကျမိတယ်။သို့ပေမဲ့ ကျွန်တော်ဟာ ကောင်းဘွိုင်ဓလေ့လည်း မသသလို သူတို့ယဉ်ကျေးမှုနဲ့လည်း အလှမ်းဝေးတဲ့အတွက် တစ်ချို့အခန်းတွေကိုတော့ ခံစားလို့မ၀င်လိုက်ဘူး။ ဒါပေမဲ့ တစ်ချို့ပြောကြတဲ့ ဇာတ်အိမ်အားနည်းမှုဆိုတဲ့အချက်နဲ့ သဘော မကျမိတာတော့မဟုတ်ဘူး။ ဇာတ်အိမ်ဟာ အားမနည်းဘူး။ဇာတ်အိမ်ဟာ ဘ၀ပါပဲ။ ကျွန်တော်သာတစ်နေ့နေ့ရိုက်နိုင်ခဲ့ရင် ပုဂံရယ် နေအ၀င်ခြင်းခတ်တဲ့လူတွေရယ်ကို ဇာတ်အိမ်တကူးတကမလိုဘဲ ရိုက်ပြနိုင်ချင်တယ်ဆိုတဲ့ စိတ်ကူးရှိတယ်။ ဒီဒါရိုက်တာကလည်း သူ့အရပ်သူ့ဒေသက မြင်းစီးတဲ့လူတွေအကြောင်းကို သူတို့ ယဉ်ကျေးမှုကိုပြပြီး ရိုက်ပြသွားတာပါပဲ။ ပွဲဦးထွက်မှာ ဒီအနေရိုက်ပြနိုင်တာ နောင်များ အတော်ကောင်းတဲ့ကားတွေ လာနိုင်ဦးမယ်လို့ မျှော်လင့်လို့ရပါတယ်။ခေတ်သစ်ကောင်းဘွိုင်တွေရဲ့ကမ္ဘာထဲကို ၀င်သွားကြည့်ရင် အမြင်အားဖြင့် လှပမနေတဲ့အရာတွေများပေမဲ့ သူတို့ရဲ့သူတို့ဘ၀အပေါ်ချစ်ခြင်းက လှပမနေတဲ့အရာတွေကိုတောင် လှပစေနိုင်တယ်။ မြင်းချီးတွေကြားထဲ မြင်းနဲ့အတူနေတဲ့လူတွေ မြင်းကို ဧည့်ခန်းထဲထည့်ထားတဲ့လူတွေ အငတ်ခံပြီး မြင်းကိုအစာကျွေးတဲ့လူတွေ မြင်းသေပုပ်ကိုတောင် မလွှင့်ပစ်ရက်တဲ့လူတွေ ခင်ဗျားမြင်ရမယ်။သူတို့မြို့ကလေးရဲ့ နေအ၀င်မှာ ကောင်းဘွိုင်ကောင်လေးကို ကောင်းဘွိုင်မလေးက နမ်းလိုက်တာကိုလည်း ခင်ဗျားမြင်ရလိမ့်မယ်။ ဒါပေမဲ့ သူတို့ အချစ်အကြောင်းစကားတစ်ခွန်းမှ ဆိုတာကိုတော့ ခင်ဗျား မြင်ရမှာမဟုတ်ဘူး။ ဒါပေမဲ့ တာကော့စကီးရုပ်ရှင်ထဲကစကားလေးလိုပဲ "Unspoken ...
movie

Concrete Cowboy (2021)

2021