Channel Myanmar

Jim Haynie

Bringing Down the House (2003) 5.6
Bringing Down the House (2003) Bringing down the House (2003) Genre – Comedy IMDB – 5.6/10ခွက်ထိုးလန် ရယ်ရတာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်နေရမယ့် ၂၀၀၃ ခုနှစ်တုန်းက ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်ဗျ။မင်းသားကတော့ Pink Panther တို့ Cheaper by Dozen တို့လို ဟာသကားကောင်းလေးတွေ ရိုက်ကူးခဲ့တဲ့ဟာသမင်းသားကြီး Steve Martin ဖြစ်ပြီး အမွှေစိန်နေရာက မင်းသမီးတစ်ဖြစ်လဲရပ်ပ်အဆိုတော်လည်း ဖြစ်တဲ့ Queen Latifah တို့ အဓိက သရုပ်ဆောင်ပြီး ပံ့ပိုးထားကြတာပါ။American Pie ရုပ်ရှင်တိုင်းမှာ ပါလေ့ရှိတဲ့ ဘဲကြီး Eugene Levy ကလည်း ဒီကားထဲ ပရမ်းပတာနဲ့ ဝင်ဖောက်ထားပါသေးတယ်။ဒီကားလေးထဲမှာတော့ သက်လတ်ပိုင်းအရွယ် ကြုံဆုံရတဲ့ ဒုက္ခတွေနဲ့အတူလူမျိုးရေး ခွဲခြားမှု အိမ်ထောင်ရေး ပြဿနာ အဆင့်အတန်း ခြားနားမှုတွေကိုခပ်ပါးပါး သရော်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ပီတာဆိုတဲ့ အခွန်ရှေ့နေက ...
movie

Bringing Down the House (2003)

Sleepwalkers(1992) 5.3
Sleepwalkers(1992) Sleepwalkers(1992)=================IMDb 5.3 / Rotten Tomatoes 29%နာမည်ကျော်ရုပ်ရှင်ကားတွေဖြစ်တဲ့ The ShawshankRedemption, IT တို့ကို ရေးသားခဲ့သူ King of Horror လို့တင်စားခံရတဲ့စာရေးဆရာ Stephen King ရဲ့ လက်ရာကောင်းရုပ်ရှင်ကားလေး တစ်ကားကိုCM ပရိတ်သတ်ကြီးအတွက် ယူဆောင်လာပါတယ်.သဘာဝလွန်ဇာတ်ကားတွေကို သဘောကျတဲ့သူတွေ အကြိုက်တွေ့မယ့် ဒီရုပ်ရှင်ကားလေးထဲမှာတော့ အများအမြင်မှာ သားအမိလိုနေ​ပေယ့်နောက်ကွယ်မှာ ချစ်သူတွေလိုဖြစ်နေကြတဲ့ သွေးစုပ်ဖုတ်ကောင် နောက်ဆုံးမျိုးဆက် နှစ်ယောက် အပျိုစင်ရဲ့သွေးနဲ့မှ အာသာပြေမယ့် မိခင်ရဲ့ဆာလောင်မွတ်သိပ်မှုအတွက် သားဖြစ်သူ ချားစ်တစ်ယောက် ထန်ညာ လို့ခေါ်တဲ့အပျိုစင်မလေးအနား ချဉ်းကပ်ပါတော့တယ် တစ်ဖန် ဆရာတစ်ယောက်က ချားစ်ရဲ့သရုပ်မှန်ကို ရိပ်မိသွားတဲ့အခါ...ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ထန်ညာ့အပေါ််ချားစ်တစ်ယောက် ဘယ်လိုခံစားချက်တွေ ဖြစ်လာမလဲ မိခင်အတွက် သူထန်ညာ့ကို တကယ်သတ်ပစ်မှာလား ဆရာကရော ဘာဆက်လုပ်မလဲဆိုတာ...သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် Horror / Teen ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်... File size…1.70GB / ...
movie

Sleepwalkers(1992)

The Bridges of Madison County (1995) 7.6
The Bridges of Madison County (1995) The Bridges of Madison County (1995)~ IMDb - 7.6/10, RT - 90%, Meta - 69% ~အိုင်အိုဝါပြည်နယ်၊ မက်ဒီဆင် စီရင်စုက တောမြို့လေးရဲ့ ယာခင်းတစ်ခုမှာ ပျော်ရွှင်နေတဲ့ မိသားစုလေးတစ်စုရှိပါတယ်။ စစ်ပြန်လယ်သမားခင်ပွန်းရယ်၊ အီတလီမှာ စစ်ထွက်ရင်း ဖူးစာဆုံခဲ့တဲ့ ဇနီးသည်တစ်ယောက်ရယ်၊ သားနဲ့သမီးရယ် ယာစိုက်ရင်း နွားမွေးရင်း မိသားစုဘဝလေးမှာ ကိုယ်စီရှင်သန်နေကြတာပေါ့။ အဲဒီမှာပဲ ခင်ပွန်းနဲ့ သားသမီးနှစ်ယောက်က ဇနီးသည်ကို ထားခဲ့ပြီး အီလီနွိုက် ပြည်နယ် ကျေးလက်နွေရာသီပွဲကို မွေးထားတဲ့ နွားထီးလှလှကြီး ပြိုင်ပွဲသွင်းဖို့ လေးရက်ကြာခရီးထွက်သွားပါတယ်။ အဲဒီမှာပဲ ခရီးသွားဓာတ်ပုံဆရာတစ်ယောက် လမ်းဝင်မေးရင်းကနေ ဆင့်ကဲ ဆင့်ကဲ ဖြစ်ရပ်များနဲ့အတူ အချစ်တစ်ခု ပေါက်ဖွားလာခဲ့တဲ့ လေးရက်ကြာ အချစ်ဇာတ်လမ်းပေါ့။ခင်ပွန်းလည်းမသိ၊ သားသမီးတွေလည်း မသိပဲ လေးရက်ကြာချစ်ဇာတ်လမ်းကို သေသည်အထိ ဖုံးကွယ်ခဲ့ပြီး သေဆုံးပြီးနောက်မှာမှ ...
movie

The Bridges of Madison County (1995)

1995
Escape From Alcatraz (1979) 7.6
Escape From Alcatraz (1979) Escape from Alcatraz (1979)~ IMDb- 7.6/10, RT - 96%, Meta - 76%အပြင်လောကမှာလူမိုက်တွေက "ထောင်အပြင်မှာ တန်းမရှိဘူးကွ"လို့ ကြွေးကြော်ရင်း မိုက်ဂုဏ်ပြလေ့ရှိပါတယ်။ ဟုတ်ကဲ့၊ ထောင်အပြင်မှာသာတန်းမရှိတာပါ။ ထောင်ထဲမှာတော့ တန်းလည်းရှိတယ်၊ တိုက်လည်းရှိတယ်၊ မိုက်ပေ့ဆိုတဲ့ငနဲတွေအထဲရောက်လာရင် ဦးကျိုးသွားအောင်ချိုးပြမယ့်သူတွေကလည်းအသင့်စောင့်နေတာပါ။ ဆရာကျော်မြသန်းတို့၊ ဆရာရန်အောင်မောင်မောင်တို့ရဲ့ဝတ္ထုတွေကိုဖတ်ရင်း ထောင်လောကအကြောင်း မြည်းစမ်းကြည့်ဖူးသူတွေအတွက်တော့ အခုတင်ပြမယ့်ဇာတ်ကားဟာ စွဲမက်ဖွယ်ရသအပြည့်ပေးပါလိမ့်မယ်။ ထောင်ဆိုတာဘာလဲ မသိသေးသူတွေအတွက်လည်း မြည်းစမ်းကြည့်သင့်ပါတယ်။အလ်ကာထရက်ဇ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်နားက ကျောက်ဆောင်တွေပြည့်နေတဲ့ကျွန်းတစ်ခုပါ။ အစက စပိန်တွေပိုင်ခဲ့တယ်၊ သူ့နာမည်ကိုက ငှက်ကြီးဝန်ပိုကျွန်းလို့ စပိန်လိုခေါ်ရာကနေအမည်တွင်လာတာပါ။ အမေရိကန်ပိုင်ကျွန်းတစ်ခုဖြစ်လာပြီးတဲ့နောက် ၁၈၆၁ခုနှစ်မှာ အဲဒီကျွန်းကို စစ်ပြေးတွေ၊ သူပုန်တွေကိုအကျဉ်းချတဲ့နေရာအဖြစ်စအသုံးပြုခဲ့ပါတယ်။ ၁၉၃၄မှာတော့ ခေတ်မီအဆောက်အဦတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ်နဲ့စတင်ခဲ့ပါတယ်။ အလ်ကာထရက်ဇ်ကို အဆိုးဆုံး၊ အကြမ်းဆုံးရာဇဝတ်ကောင်တွေထားတယ်ဆိုတာထက် စည်းကမ်းအဖောက်ဆုံးထောင်သားတွေပို့လေ့ရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ကို တစ်ယောက်တစ်ခန်းစီခွဲပြီးချုပ်ထားတယ်။ အဲဒီနေရတဲ့အခန်းကလည်း အလျားဆယ်ပေ၊ အနံလေးပေခွဲသာကျယ်ပါသတဲ့။ တစ်နေ့ကို ...
movie

Escape From Alcatraz (1979)

1979