Channel Myanmar

Jim Hild

Contact (1997) 7.5
Contact (1997) Contact (1997)IMDb Rating (7.5) / Rotten Tomatoes (68%)Forrest Gump တို့  Cast Away တို့  Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် ...
movie

Contact (1997)

Along Came a Spider (2001) 6.4
Along Came a Spider (2001) မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားပြီး2001 တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်‌ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်/စုံထောက်ဒေါက်တာ အဲလက်စ် ခရော့စ် (မော်ဂန် ဖရီးမန်း) ဟာစစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့တွဲဖက်ကို ဆုံးရှုံးလိုက်ရပြီးကတည်းကသူ့ကိုယ်သူခွင့်မလွှတ်နိုင်ပဲ၊ ဘဝကြီးကိုလည်းရည်ရွယ်ချက်မရှိဖြတ်သန်း‌နေသူပါ။ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်အပြီး ရှစ်လအကြာမှာတော့ပြည်နယ်လွှတ်တော်အမတ် ဟန့်ခ် ရို့စ်ရဲ့ကိုယ်ပိုင်ကျောင်းတစ်ခုမှာကျောင်းတက်နေတဲ့သမီးလေး ရို့စ်ဟာ Secret Service ရဲ့စောင့်ရှောက်မှုအောက်မှာရှိနေရင်းနဲ့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ဒီလိုနဲ့ အဲလက်စ်ဆီကို ပြန်ပေးသမားကဖုန်းဆက်ပြီးသူရဲ့ကစားပွဲထဲကို ဝင်ပါခိုင်းရင်း အဲလက်စ်တစ်ယောက် ပြန်ပေးသမားရဲ့ကစားပွဲကိုနိုင်အောင်ကစားနိုင်မှာလား၊ ရို့စ်ကိုရော အောင်အောင်မြင်မြင်နဲ့ကယ်ထုတ်နိုင်မှာလား၊ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ၊ဘယ်လိုအလှည့်အပြောင်းတွေရှိလာမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size…  2.77 GB /  742 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT
movie

Along Came a Spider (2001)

2001
The People vs. Larry Flynt (1996) 7.3
The People vs. Larry Flynt (1996) တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်နေရင် ခွင့်လွှတ်လိုက်ကြပါ။ "လိင်ကိစ္စမှာတောင် တားမြစ်ချက်တွေရှိနေရင် ကျုပ်တို့မှာ ပြဿနာတွေများနေတာ အံ့သြစရာမရှိဘူး။ ကျုပ်တို့လူမျိုးတွေ စိတ်ဆတ် ၊ အကြမ်း-ဖ(က်)တတ်ပြီး လူမျိုး-(တုံး) သ-(တ်)ဖြတ်တတ်ကြတာ အံ့သြစရာမရှိဘူး" ဒီစကားတွေကိုဆိုခဲ့တဲ့ လယ်ရီဖလန့်ဟာ ငယ်ငယ်ကတည်းက အရက်ပုန်းရောင်းပြီး အသည်းအသန် ငွေရှာချင်ခဲ့တဲ့ကလေးတစ်ယောက်ပါ။ အရွယ်ရောက်လာချိန်မှာတော့ ဖော်ချွတ်မယ်တွေနဲ့ ကလပ်တစ်ခုဖွင့်ထားတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပေမဲ့လည်း မအောင်မြင်ဘဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ကြံရည်ဖန်ရည်ကောင်းတဲ့ လယ်ရီဟာ သူ့ကလပ်ရဲ့လုပ်ငန်းတွေအဆင်ပြေစေဖို့ ၊ လူများများရောက်လာဖို့အတွက် ဖော်ချွတ်မယ်တွေရဲ့ကိုယ်လုံးတီးပုံတွေနဲ့ စာစောင်တွေထုတ်ပြီး ကြော်ငြာခဲ့ပါတယ်။ တစ်ရက်မှာတော့ လူတစ်ယောက်ဟာ လယ်ရီနဲ့တော်တဆတွေ့ခဲ့ပြီး ဒီမဂ္ဂဇင်းကို ဘယ်လိုထပ်ဝယ်လို့ရမလဲလို့ မေးခဲ့ရာကနေ လယ်ရီဟာ အပြာမဂ္ဂဇင်းထုတ်ဖို့ အကြံဉာဏ်ရသွားခဲ့ပါတယ်။ စစချင်းမှာ မဂ္ဂဇင်းဟာ ဝက်ဝက်ကွဲ ရှုံးခဲ့တယ်။ နောက်တော့ အောင်မြင်တယ်။ အဲဒီနှစ်ကာလများရဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူကြီးလူကောင်းများရဲ့ ကန့်ကွက်ထုတ်ဖော်မှု၊ ဝေဖန်တိုက်ခိုက်မှု ၊ တရားစွဲဆိုမှုတွေကြောင့်နဲ့ လယ်ရီဟာ တရားရုံးလည်း ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ လယ်ရီ ...
movie

The People vs. Larry Flynt (1996)