Channel Myanmar

Jim Maniaci

Armageddon (1998) 6.7
Armageddon (1998) Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ ...
movie

Armageddon (1998)

1998
4K HEVC
The Scorpion King (2002) 5.5
The Scorpion King (2002) The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်းငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ကင်းမြီးကောက်ဘုရင်ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုလို့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ...
movie

The Scorpion King (2002)

2002
The Rock (1996) 7.4
The Rock (1996) The Rock (1996) IMDb (7.4/10)...Rotten Tomatoes (66%) Unicodeမင်းသားကြီးရှောင်ကွန်နရီ နဲ့ နီကိုလပ်ကေ့ချ် တို့အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးဟာ Armageddon,Transformers ဇာတ်ကားတွေကို ဖန်တီးသူ ဒါရိုက်တာ Michael Bay ရဲ့ နောက်ထပ်လက်ရာကောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။တိုင်းပြည်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတိုက်ပွဲတွေမှာ အသက်စွန့်ခဲ့ရပေမယ့် ဘာဂုဏ်ပြုမှတ်တမ်းမှ မရေးထိုးပေးဘဲ ချောင်ထိုးခံလိုက်ရတဲ့ ကျဆုံးစစ်သည်နဲ့ မိသားစုတွေအတွက်  ရင်နင့်နေတဲ့ အမေရိကန်ဗိုလ်ချုပ်ဖရန့်ဟမ်းမဲလ်....ဘယ်သူမှဖဖောက်နိုင်တဲ့ထောင်ကို ဖောက်ထွက်ပြေးခဲ့ဖူးတဲ့ နာမည်ကြီးထောင်ဖောက်သမားကြီး ဂျွန်မေဆင်....FBI ဌာနရဲ့ ဓါတုဗေဒ ပညာရှင် ဂွတ်စပိဒ်....ဒီလိုထိပ်တန်းလူသုံးယောက် ကိုယ့်ခံယူချက် ယုံကြည်ချက်အတွက် တိုက်ပွဲဝင် ထိပ်တိုက်တွေ့ဆုံရာဝယ်.............။ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်....မင်းသားကြီးတွေရဲ့ သရုပ်ဆောင်မှုတွေ အသောအထေ့တွေက အသက်ဝင်လွန်းပါတယ်။နီကိုလပ်ကေ့ချ်ကို ငယ်ရွယ်နုပျိုစွာမြင်ရတာကလဲ အတော်ပဲ ကြည့်ပျော်မှာပါ။ (Myo Min Aung မှခံစားတင်ထားပါတယ်။) --------------------------------------------------------------------- Zawgyiမင်းသားကြီးရှောင်ကွန်နရီ နဲ့ နီကိုလပ်ကေ့ခ်ျ တို့အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးဟာ Armageddon,Transformers ဇာတ်ကားတွေကို ဖန်တီးသူ ဒါရိုက်တာ Michael Bay ရဲ့ နောက်ထပ်လက်ရာကောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။တိုင်းပြည်ရဲ့ ...
movie

The Rock (1996)

1996