Channel Myanmar

Jim Pirri

Now You See Me 2 (2016) 6.5
Now You See Me 2 (2016) ဒါက ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ NYSM ရဲ့ အဆက်ဖြစ်ပါတယ်။ဒါရိုက်တာ Jon M, Chu က ရိုက်ကူးထားပြီးတော့ယခင်ကားက သရုပ်ဆောင်အကုန်နီးပါ ပြန်လည်ပါဝင်သရုပ်ဆောင်ထားပြီးတော့ ယခင်ကားရဲ့ တိုက်ရိုက်အဆက် sequel ဖြစ်ပါတယ်။ပထမကားမှာလိုပဲ ဒီဇာတ်ကားရဲ့ ထူးခြားချက်ဖြစ်တဲ့လှည့်ကွက်ပေါ် လှည့်ကွက်ဆင့်တာတွေကို ထပ်ပြီး ကြည့်ကြရဦးမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မြင်းစီးသမားတွေ လူတွေရှေ့ကိုပေါ်မလာတာ တစ်နှစ်လောက် ကြာသွားပါပြီ။မြင်းစီးသမားထဲက တစ်ယောက်ကလည်း နုတ်ထွက်သွားသလိုအဖွဲ့ဝင်တွေလည်း ပုန်းနေရတော့ စိတ်မကြည်မလင် ဖြစ်လာကြပြီ။ဒီမှာပဲ ပြန်လှုပ်ရှားကြဖို့ အကြောင်းဖန်လာတဲ့အခါပထမဆုံးပွဲမှာတင်ပဲ သေသွားကြောင်း ကြေညာထားတဲ့မြင်းစီးသမား မသေတဲ့အကြောင်း၊ ပဥ္စမမြင်းစီးသမားဘယ်သူဖြစ်ကြောင်း ထုတ်ဖော်ခံလိုက်ရပါတယ်။ အကုန်လုံး ဝရမ်းပြေးတွေဖြစ်ကုန်ရင်းနဲ့ ဘယ်သူဒီလိုထုတ်ဖော်လိုက်တာလဲ၊ ဘာကြောင့်လဲဆိုတာတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Rating တွေအနေနဲ့ IMDb 6.4 ရထားပြီးတော့NYSM 3 လည်း ထပ်ထွက်လာဦးမယ်လို့သတင်းထွက်ထားတာ ရှိပါတယ်။ File size…      6.5 GB /    ...
movie

Now You See Me 2 (2016)

2016
4K HEVCHDR
The Fault in Our Stars (2014) 7.6
The Fault in Our Stars (2014) IMDb Rating (7.6) / Rotten Tomatoes (81%)ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။"ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ...
movie

The Fault in Our Stars (2014)

2014
Rise of the Teenage Mutant Ninja Turtles: The Movie(2022) 5.2
Rise of the Teenage Mutant Ninja Turtles: The Movie(2022) Rise of the Teenage Mutant Ninja Turtles:The MovieRotten tomatoes 78%Metacritic 6.2/10 ဒါကတော့ အားလုံးသိကြတဲ့ TMNT ရဲ့နောက်ဆုံးထွက်လာတဲ့Animation ရုပ်ရှင်ပါ။2018 ကထွက်ရှိလာတဲ့ ပြန်ဆန်းသစ်ထားတဲ့ Nickelodeon tv series ရဲ့အဆက်ပါ။ လိပ်နင်ဂျာညီအစ်ကိုလေးဦးတို့ Shredder ကိုနှိမ်နင်းပြီး နှစ်နှစ်အကြာမှာ အနာဂတ်ကပြန်ရောက်လာတဲ့ Casay Jonesနဲ့ပူပေါင်းပြီး အစွမ်းထက်လှတဲ့ ဂြိုလ်သားKrangတွေကို တားဆီးဖို့ကြိုးစားကြပါတယ်။ ဒီ Rise of the Teenage Mutant Ninja Turtles ကတော့ Family dynamicတွေနဲ့တချို့ Character တွေကို ပုံစံတစ်မျိုးနဲ့ပြန်ဖန်တီးထားပါတယ်။ဥပမာ ဒီVersion မှာLeo ကအကြီးဆုံးမဟုတ်တော့ဘဲ Ralph ကအကြီးဆုံးဖြစ်နေပါတယ်။ ဒါပေမယ့် Animation style ကပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းပြီး Action sequence တွေကလည်း တော်တော်မိုက်ပါတယ်။လိပ်နင်ဂျာ ညီအစ်ကိုတွေကြားက ဆက်ဆံရေးကလည်း စိတ်၀င်စားစရာပါပဲ။ File size…1.6GB / 855MB Quality…1080p WEB DL AAC5.1CH ...
movie

Rise of the Teenage Mutant Ninja Turtles: The Movie(2022)

2022
Batman: The Long Halloween, Part Two(2021) 7.5
Batman: The Long Halloween, Part Two(2021)   စုံ​ထောက်ကြီးဘတ်မန်းနှင့် ဟောလိုးဝင်းခရီးရှည်ကြီး အပိုင်း(၂)ထွက်လာပါပြီ.အပိုင်း(၁)မှာ ဂျိုကာနဲ့ နွယ်ပျိုမယ်တို့ ​ပေါ်လာကြပြီဖြစ်သလို ဇာတ်လိုက်​ကျော် ​ဟောလီး​ဒေးလူသတ်သမားကလည်း မြို့မျက်နှာဖုံးကြီးဖယ်ကိုနီရဲ့အ​ရေးပါတဲ့မိသားစုဝင်တစ်​ယောက်ကို ထပ်သတ်ပြီးအဆုံးသတ်ထားပါတယ်အပိုင်း(၂)မှာ​​တော့ ​ဟောလီး​ဒေးအမည်ခံလူသတ်သမားက ဘယ်သူဖြစ်​နေမလဲ.စုံ​ထောက်ကြီးဘတ်မန်းထင်​နေသလို ဟာ​ဗေးဒန့်ကပဲ​ ဟောလီး​ဒေးဖြစ်​နေမလား.ပရိတ်သတ်အချစ်​တော်ဂျိုကာကြီးနဲ့ နွယ်ပျိုမယ်တို့က​ရော ဘယ်လိုအ​ဖျက်အ​မှောင့်လုပ်ငန်း​တွေ လုပ်ကြဦးမလဲ.တခြားဘယ်နာမည်ကြီးဗီလိန်​တွေ ထပ်ပါလာဦးမလဲ.ဟာ​ဗေးဒန့်ဆိုတဲ့နာမည်ကြားလိုက်ရုံနဲ့ DC fanတိုင်းသိကြတဲ့ ဗီလိန်တစ်​ယောက်က ဘယ်လို​မွေးဖွားလာမလဲ...စတဲ့​​ပ​ဟေဠိ​ပေါင်းများစွာ၊လှည့်ကွက်​ပေါင်းများစွာကို ဘတ်မန်းနဲ့အတူ ပရိတ်သတ်​​တွေကိုယ်တိုင် ​ဖော်ထုတ်အ​ဖြေရှာရဦးမှာပါBatman:Under The Red Hood​ နောက်ပိုင်းထွက်လာတဲ့ထဲမှာ ဒီLong Halloween part 1 and 2ဟာ ​တော်​တော်​လေးDarkဖြစ်တာမို့DC animated universe fanတိုင်း လတ်လွတ်မခံပဲကြည့်ရှုသင့်တဲ့ animationတွေပဲဖြစ်ပါတယ်. အား​ပေးကြည့်ရှုလိုက်ကြပါဦး Translated by : JimXEncoded by  YKFile Size : 1.67GB and 970MBDuration : 1h 27mins 
movie

Batman: The Long Halloween, Part Two(2021)

2021
Batman: The Long Halloween, Part One (2021) 7.5
Batman: The Long Halloween, Part One (2021) Batman: The Long Halloween, Part One (2021)ဒီဇာတ်လမ်းမှာတော့ ဘတ်မန်း စုံထောက်ဝင်လုပ်တာကိုတွေ့ရမှာပါ. ထုံးစံအတိုင်း ရာဇဝတ်ကောင်တွေ ပေါများတဲ့ဂေါ်သမ်ဟာ ဟောလိုးဝင်းအားလပ်ရက်တွေမှာ အခြေအနေပိုဆိုးလာခဲ့ပါတယ်.ဘာလို့လဲဆိုတော့ မြို့မျက်နှာဖုံးငွေခဝါချနေတဲ့ ဖယ်ကိုနီမိသားစုဆိုတဲ့ ဒိတ်ဒိတ်ကျဲမိသားစုတွေရဲ့ဂိုဏ်းကလူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရလို့ပါ,ဒါကြောင့် ဖယ်ကိုနီမိသားစုကို ဖြုတ်ချချင်တဲ့ ဒန့်ရယ်လူသတ်မှုကိုဖော်ထုတ်ချင်တဲ့ ဘတ်မန်းရယ်နှစ်ယောက်ပေါင်းပြီး အမှုလိုက်ကြမှာပါ,ဒီဇာတ်လမ်းကတော့ Part1ဖြစ်ပြီးPart2ကတော့Julyလမှာထွက်ရှိမှာမလို့ စောင့်မျှော်အားပေးနိုင်ပါတယ် Translated by MoonLightEncoded by YKQuality : 1080p BluRay and 720pFile Size : 1.19GB and 855MBDuration :  1h 25min 
movie

Batman: The Long Halloween, Part One (2021)

2021
Suicide Squad: Hell to Pay (2018) 7.3
Suicide Squad: Hell to Pay (2018) Suicide Squad: Hell to Pay ဇာတ်ကားကိုWarner Bros. Animation မှထုတ်လုပ်ပြီးတော့ Warner Bros. Home Entertainment မှဖြန့်ချိပါတယ်။31 ကားမြောက် DC Animation Movie ဖြစ်ပြီးတော့ ဒါရိုက်တာ Sam Liu ကရိုက်ကူးခဲ့ပါတယ်။ဇာတ်ကားရဲ့အစမှာတော့ Amanda Waller ကDeadshot, Count Vertigo, Punch and Jewelee နဲ့ Black Manta တို့ပါဝင်တဲ့ Task Force X ကို Tobian Whale လို့ခေါ်တဲ့လူကိုရှင်းဖို့ တာဝန်ပေးလိုက်တာ။အဆိုပါတာဝန်ကို ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း Count Vertigo ရဲ့သစ္စာဖောက်မှုကြောင့် Punch တစ်ယောက်သေဆုံးသွားပါတယ်။Deadshot လည်းသေခါနီးအခြေအနေရောက်ခဲ့ပေမယ့် အမြဲတမ်းတစ်ကွက်ကြိုမြင်တဲ့ Amanda Waller ရဲ့သတိရှိမှုကြောင့် သစ္စာဖောက်ကိုရှင်းပစ်နိုင်ခဲ့ပါတယ်။အဆိုပါစစ်ဆင်ရေးပြီးပြီးချင်းမှာပဲ Amanda Waller ဟာ Task Force X ကိုနောက်တစ်ခါ ...
movie

Suicide Squad: Hell to Pay (2018)

2018
Penguins of Madagascar (2014) 6.7
Penguins of Madagascar (2014) Penguins Of Madagascar (2014) IMDb - 6.7/10_____Rotten - 73%  ဒီ ဇာတ်လမ်းလေးကတော. Skipper, Kowalski, Rico နဲ. Private join ဆိုတဲ့ပင်ဂွင်းလေးကောင်ရဲ. စွန်စားခန်းလေးတွေအကြောင်းပါ ဇာတ်လမ်းအစမှာတော့ Skipper, Kowalski, Rico တို.ဟာ Private မွေးဖွာမဲ. ဥ ကိုကယ်တင်ခဲ့ပြီး Private ဟာ Skipper, Kowalski, Rico တို.နဲ. မိသားစုဝင်ဖြစ်လာခဲ့ပါတယ်။ ပင်ဂွင်းလေးကောင်ဟာ နယူးယောက်ခ် မြို.ကိုရောက်ရှိခဲ့ပြီး ပင်ဂွင်းတွေကို ရန်ငြိုးကြီးနေတဲ့ရေဘဝဲ ဒေဗ့်က ဖမ်း သွားပါတယ်။. နော.ဝင်း အဖွဲ.သားတွေနဲ.ပင်ဂွင်းလေးကောင် ပူပေါင်းပြီး ရေဘဝဲ ဒေဗ်. ရဲ. ယုတ်မာမူတွေကို အတူတွန်းလှန်ရာကနေ အကုန်လုံး ရေဘဝဲ ဒေဗ်.ရဲ.ဖမ်းဆီးခြ င်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ပင်ဂွင်း အဖွဲ.ရဲ. အငယ်ဆုံးကောင်လေးဖြစ်တဲ့ Private ဟာ ပင်ဂွင်း တွေအကုန်လုံးကို ...
movie

Penguins of Madagascar (2014)

2014