Channel Myanmar

Jim Storm

The Monster Project (2017) 4.4
The Monster Project (2017) ထိတ်လန့်စရာဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းက ၂၀၁၇ August 18 မှာထွက်ထားတာဖြစ်ပြီး Action/ Horror အမျိုးအစားပဲဖြစ်ပါတယ်။မကောင်းဆိုးရွားတွေလိုဝတ်စားပြီး မကောင်းဆိုးဝါးအတုလုပ်ကာ ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်တင်ကာ ပိုက်ဆံရှာတတ်တဲ့သူငယ်ချင်းနှစ်ယောက်ရှိပါတယ် …တစ်နေ့တော့သူတို့နှစ်ယောက်ဟာ သူတို့ဗီဒီယိုတွေကို လူတွေပိုကြည့်စေချင်တဲ့အတွက် viwers များများရဖို့ရည်ရွယ်ချက်နဲ့ Documentary တစ်ခုရိုက်ဖို့ အကြံရကြပါတယ်…သူတို့က Documentary ကို Monster Project လို့အမည်ပေးပြီး ရည်ရွယ်ချက်ကတော့ တကယ့်မကောင်းဆိုးဝါးတွေကို ဖိတ်ခေါ်ပြီး အင်တာဗျူးလုပ်မယ့် အစီအစဉ်ပဲဖြစ်ပါတယ်…ဒီလိုနဲ့သူတို့ဟာ အမေရိကန်တစ်ဝိုက်က မကောင်းဆိုးဝါးတွေဆက်သွယ်နိုင်တယ်ဆိုပြီး အွန်လိုင်းမှာတင်လိုက်ပါတယ်…မကြာခင်ပဲ သူတို့ကိုယ်သူတို့ မကောင်းဆိုးဝါးတွေလို့ပြောကြတဲ့ လူသုံးယောက်ဆက်သွယ်လာကြပါတယ်…ဒီလိုနဲ့နောက်ထပ်ရောက်လာတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ သူငယ်ချင်းလေးယောက်ဟာ အိမ်အိုကြီးတစ်ခုကို ရိုက်ကွင်းအတွက်ငှားရမ်းပြီး မကောင်းဆိုးဝါးသုံးကောင်နဲ့ အင်တာဗျူးဖို့ ဖန်တီးပါတော့တယ်..ဖြစ်ချင်တော့ ဒီ documentary ရိုက်ကူးမယ့်ညဟာ လကြတ်တာနဲ့ တိုက်ဆိုင်နေပါတော့တယ်..သူတို့ဖိတ်ခေါ်ထားတဲ့ မကောင်းဆိုးဝါးသုံးကောင်ဟာ လူတွေလား မကောင်းဆိုုးဝါးအစစ်တွေပဲလား..လကြတ်ညမှာ ဘာတွေဆက်ဖြစ်လာဦးမလဲ ဆိုတာတွေကိုတော့ ပိတ်ကားပြင်ပေါ်ဆက်လက်ကြည့်ရှူရင်ခုန်လှိုက်မောလိုက်ပါ တို့(ချန်နယ်) မြန်မာ…အယ်လယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ) File Size ...
movie

The Monster Project (2017)

2017