Channel Myanmar

Jiří Macháček

Bethlehem Light (2022)
Bethlehem Light (2022)  ဒီဇာတ်လမ်းလေးကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ချက်ဇ်နိုင်ငံကရိုက်ထားတဲ့ ဒရာမာဇာတ်လမ်းတစ်ပုဒ်ပါ။ဒီဇာတ်လမ်းမှာတော့ အသက် ၇၅ နှစ်အရွယ် စာရေးဆရာကြီးတစ်ယောက်ဟာ သူ့ဘဝရဲ့နေဝင်ချိန်ကို ရောက်လုနီးပါးရှိနေပြီလို့ထင်ပြီး သူ့ရဲ့ခေါင်းထဲမှာရှိနေတဲ့ မပြီးပြတ်သေးတဲ့ ဇာတ်လမ်းသုံးပုဒ်ကို လက်စသတ်ဖို့လုပ်ပါတယ်။ ဒီဇာတ်လမ်းတွေထဲက ဇာတ်ကောင်တွေကလည်း အပြင်လက်တွေ့ဘဝမှာပေါ်လာပြီး သူတို့ရဲ့ဇာတ်လမ်းတွေကို အဆုံးသတ်ပေးဖို့ စာရေးဆရာကြီးကို တောင်းဆိုကြပါတယ်။ပထမဇာတ်လမ်းထဲက စာရေးဆရာ မာတက်ဂ်ျကတော့ ချောမောလှပပြီး ချဉ်းကပ်လို့မရနိုင်လောက်အောင် မာနကြီးတဲ့ကောင်မလေးတစ်ယောက်ကိုရနိုင်ဖို့အတွက် သူ့ဇာတ်လမ်းကို ဖန်တီးပေးဖို့ စာရေးဆရာကြီးဆီမှာ အပူလာကပ်တဲ့အကေကြာင်းဖြစ်ပြီး နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ကတော့ ဆေးကုဆရာတစ်ယောက်ဖြစ်ချင်တဲ့ ကားပြင်ဆရာတစ်ယောက်အကြောင်းပါ။ နောက်‌ဆုံးဇာတ်လမ်းကတော့ autism ဖြစ်နေတဲ့သားအတွက် ပုံမှန်ဘဝရနိုင်ဖို့ ဆန်းကြယ်မှုတစ်ခုကို လိုအပ်နေတဲ့ဖခင်တစ်ယောက်ရဲ့အ‌ဖြစ်‌ပေါ့။ စာရေးဆရာကြီးက ဒီဇာတ်လမ်းသုံးပုဒ်ကို အပြီးသတ်ဖို့လုံးပန်းနေချိန်မှာ တစ်ဖက်မှာလည်း စာရေးတာကိုရပ်ပြီး နောက်ဆုံးအချိန်မှာ သူ့ကိုဂရုစိုက်ပေးစေချင်တဲ့ ဇနီးကရှိနေပြန်ပါရော။ ဒီလိုနဲ့ စာရေးဆရာကြီးတစ်ယောက် ဒီဇာတ်လမ်းတွေနဲ့ ဇနီးသည်အကြား နှစ်ပါးသွားကြပုံကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲစိတ်ကူးယဉ်ဇာတ်ကောင်တွေရဲ့ အချစ်၊ အိမ်ထောင်ရေးဘဝ၊ ယုံကြည်ချက်တွေနဲ့ ဆန်းကြယ်မှု‌တွေအကြောင်း ...
movie

Bethlehem Light (2022)

Men in Hope (2011)
Men in Hope (2011) IMDb Rating (7.1) ထိရရှိထားတဲ့ ဒီဇာတ်ကားဟာ ချက်(Czech)နိုင်ငံက ဇာတ်ကားဖြစ်ပြီးRomantic comedy-sex comedy film အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းကတော့....အွန်ဒရက်ချ်ဟာ အေးဆေးတည်ငြိမ်ပြီး အိမ်ထောင်ဖက်အပေါ် သစ္စာရှိတဲ့သူတစ်ယောက်။ပြောင်းပြန်ဆိုသလိုပဲ သူ့ ဇနီးရဲ့အဖေသူ့ယောက္ခမကြီးကတော့ ၃၅ နှစ်သက်တမ်းရှိတဲ့ အိမ်ထောင်ကို မထောက်ပဲ အချိန်ပြည့်ဖောက်ပြန်နေတဲ့သူဖြစ်တယ်။ပျင်းရိစရာကောင်းတဲ့ သူ့အိမ်ထောင်ရေးကို ဘေးကကြည့်ပြီး သူ့လိုပဲ အပြင်မှာ အပျော်ရှာဖို့ ယောက္ခထီးကြီးကမြှောက်ပေးပါတော့တယ်။အစပိုင်းမှာတော့ အွန်ဒရက်ချ် အတတ်နိုင်ဆုံးငြင်းပယ်ခဲ့သေးပေမယ့်အဘိုးကြီး ဒိတ်လုပ်ဖို့ခေါ်လာတဲ့ ဆာလော့တာ ဆိုတဲ့ ဆံပင်နီနီ ဘတ်သီးတောင့်တောင့် မိန်းမလှလေးနဲ့ အတွေ့မှာ စိတ်ပြောင်းသွားပါတော့တယ်။Men in Hope ဟာဆန်းပြားရှုပ်ထွေးတဲ့ ဇာတ်အလှည့်အပြောင်းတွေ မပါပဲ ပေါ့ပေါ့းပါးပါး ရယ်ရယ်မောမော ခံစားကြည့်ရှုရမယ့်မိသားစု အချစ် ဟာသ ဇာတ်ကားကောင်းလေးတစ်ကားပါ။(မင်းသမီး နှစ်ယောက်လုံးကလဲ တစ်ယောက် တစ်မျိုးစီ အတော်မိတယ်)  File size…(1.1 GB) and (500 MB) Quality…BluRay 720p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Men in Hope (2011)