Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jitendra Kumar
5.3
Lantrani (2024)
Lantrani (2024) (မြေနိမ့်ရာလှံစိုက်)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ anthology အမျိုးအစားလို့ပဲပြောရမယ်။ အိန္ဒိယနိုင်ငံအတွင်း မြို့ငယ်လေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အကြောင်းအရာလေး၃ပုဒ်နဲ့ ဖွဲ့စည်းထားတဲ့ကားလေးပဲဖြစ်ပါတယ်။မြို့ကြီးပြကြီးနဲ့အလှမ်းဝေးပြီး တော်ရုံဥပဒေမစိုးမိုးနိုင်တဲ့ နယ်မြို့လေးတွေမှာ အရာရာကို ခက်ခက်ခဲခဲနဲ့ကြိုးစားရင်ဆိုင်နေရပြီး လူ့သဘာဝ လူ့ဘောင်အဖွဲ့အစည်းက နှိမ်ကွပ်ပုံတွေ... လောကနိယာမတရားအရအားနည်းသူ ရှုံးတတ်ရပုံတွေကို ဖေါ်ပြထားပါတယ်။လူရယ်လို့ဖြစ်လာပြီး လောကအလယ်မှာ ရင်ဘောင်တန်းနိုင်ဖို့ လူလူချင်းကိုတောင် လူမဆန်စွာဆက်ဆံကြပုံတွေကိုလည်း သေချာရိုက်ကူးတင်ဆက်ထားပါတယ်နော်။လူ့အခွင့်အရေးရရှိဖို့အရေး မလျှော့သောဇွဲနဲ့ တွန်းလှန်ကြမယ့် ဒီဇာတ်လမ်းတိုလေးသုံးပုဒ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုလို့ရပါပြီနော်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.4GB / 700MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Lantrani (2024)
2024
8.3
Dry Day (2023)
Dry Day (2023) "ခြောက်ကပ်ကပ်နေ့များဆီသို့..." Crackdown(2022)စီးရီးထဲက မင်းသမီးချော ရှရှီယာပေလ်ဂွန်ကာနဲ့ ကားရိုက်ကျဲတဲ့ မင်းသား ဂျစ်တန်ဒရာကူးမားတို့ရဲ့ ဘောလိ၀ုဒ် အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။Dry Dayဆိုတာ အိန္ဒိယမှာ အရက်ရောင်းချခွင့်တားမြစ်တဲ့နေ့။ဒါပေမဲ့ သောက်လို့တော့ရတယ်ထင်ပါရဲ့။ သောက်ပြီဟေ့ဆိုရင် နှစ်ပင် သုံးပင်လိမ်အောင်သောက်တဲ့ ဂန်နူးကူးမား။ မနက် အိပ်ယာကနိုးပြီဆိုရင်တော့ ကျွတ်တသပ်သပ်နဲ့ နောက်မသောက်တော့ပါဘူး နှစ်ပင်မလိမ်တော့ပါဘူးလို့ ဘုရားတပြီး ကျိန်တဲ့သူ။ အမူးပြေရင် ထန်းနို့မော့ကြည့်ဆိုတာလိုပဲ အရှိန်လေးကျပြီဆိုတာနဲ့ အရက်ဆိုင်ဝင်တော့တာပါပဲ။ ဒီလိုအရက်သမားကို အဖေကျောင်းဆရာကြီးရဲ့စကား နားမထောင်ဘဲ တည့်မတ်ပေးလို့ရမှာပါဆိုပြီး ယူခဲ့မိတဲ့ လင်ဆိုးမယားလေးကတော့ နီရ်မာလာ။ဘာအလုပ်မှမယ်မယ်ရရ မလုပ်ဘဲ သောက်သောက်စားစား လူမင်းသားလုပ်နေတဲ့ယောကျ်ားဖြစ်သူကြောင့် ကလေးမယူပါဘူးလို့ ဆုံးဖြတ်ထားတဲ့ကြားက ကိုယ်ဝန်လွယ်ရပါရော။ စိတ်တိုတိုနဲ့ပဲ ယောကျ်ားဖြစ်သူကို တော် သောက်သုံးကျရင်ကျ မကျလို့ကတော့ ဒီကိုယ်ဝန်ဖျက်ချမှာလို့ ကြိမ်းပါတော့တယ်။ ကလေးလိုချင်သူ ယမကာလုလင်လေး မောင်ဂန်နူးတစ်ယောက် ဘာလုပ်လဲဆိုတော့ သူနဲ့ကျေးဇူးမကင်းတဲ့ နိုင်ငံရေးသမားကြီးအကူအညီနဲ့ အမတ်ဖြစ်ဖို့ကြံပါရောလား။ အမတ်လောင်း အရက်သမားဂန်နူးပေးတဲ့ကတိက ဒီမြို့နယ်တခွင် အရက်ကင်းစင်ရမယ်တဲ့။အဲဒီမှာပဲ ကြုံတွေ့လာတဲ့ အတိုက်အခိုက် အယှဉ်အပြိုင်တွေရယ် အရက်သမားတစ်ယောက်က သူပေးတဲ့ကတိကိုတည်နိုင် အကောင်အထည်ဖော်နိုင်မလားဆိုတာရယ်တော့ ဆက်လက်ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
Dry Day (2023)
2023
7.2
Jaadugar (2022)
Jaadugar (2022) (အညွှန်း)ဒီနေ့မှာတော့ IMDb 7.2/10 ရ အိန္ဒိယ Comedy, Fantasy ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ “Jaadugar” .. “မျက်လှည့်ဆရာ” လို့အဓိပ္ပာယ်ရပြီး ထူးထူးဆန်းဆန်းပဲ အားကစားနဲ့မျက်လှည့်ပညာ ဘာမှမဆိုင်တဲ့အရာနှစ်ခုကိုပေါင်းစပ်သရုပ်ဖော်ထားပြီးရိုက်ကူးထားတာပါ Neemuch လို့ခေါ်တဲ့ မြို့လေးက အိန္ဒိယနိုင်ငံရဲ့ဘောလုံးအားကစားချစ်မြတ်နိုးသူများ ဆုံစည်းရာမြို့ငယ်လေးပေါ့။ နှစ်စဥ်နှစ်တိုင်းလည်း အိမ်နီးချင်းမြို့တွေနဲ့ပြိုင်ပွဲတွေကျင်းပသလို အဲဒီပြိုင်ပွဲမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအမျိုးမျိုးလုပ်ကိုင်တဲ့ ယောက်ျားသားတွေ ဝင်ရောက်ကစားကြတာပေါ့။ အဲဒီထဲမှာ Meenu တော့မပါခဲ့ပါဘူး။ အဖေဖြစ်သူက မြို့ရဲ့ “ငွေတံဆိပ်ဘုရင်” ဂိုးသမားတစ်ဦးဖြစ်ခဲ့ပေမယ့် သူ့အဖေနဲ့အမေကိုသေရတာ ဒီဘောလုံးကြောင့်လို့စိတ်ထဲစွဲနေပြီး Meenu တစ်ယောက်ဘောလုံးကိုယောင်လို့တောင်မကန်ဘဲနဲ့ ငယ်စဥ်တည်းကအိပ်မက်ဖြစ်တဲ့ မျက်လှည့်ပညာရှင်ဖြစ်ဖို့အရေးကိုပဲ ကြိုးစားနေခဲ့တာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ဘဝရဲ့နောက်ဆုံးအချစ်ကိုရှာတွေ့သွားပြီး အချစ်ရဲ့စေခိုင်းမှုနဲ့ ဘောလုံးပြိုင်ပွဲရဲ့ဖလားဆုကြီးကိုအရယူမှဖြစ်တော့မယ့် အခြေအနေရောက်ရှိလာပါတော့တယ်။ ဒီတော့ ဘောလုံးဆိုခြေဖျားနဲ့တောင်မထိခဲ့တဲ့ Meenu ရယ် .. နှစ်အတော်ကြာ ဘာဆုမှမရဘဲ ဘိတ်ချေးဖြစ်နေတဲ့သူတို့အသင်းရယ် .. ဘယ်လိုအလွဲတွေနဲ့နှစ်ပါးသွားကုန်ကြမလဲဆိုတာတော့ ကိုယ်တိုင်ရှုစားရင်းရယ်မောလိုက်ပါတော့။ File size…2.68GB / 1.27GB Quality…1080p NF WEB DL AAC5.1CH / 720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Guu Guu & ...
movie
Jaadugar (2022)
2022
7.3
Chaman Bahar(2020)
Chaman Bahar(2020)ဒီဇာက်ကားလေးဟာ IMDB rating 7.3ရရှိထားတဲ့ Drama ဇာတ်ကားလေးဖြစ်ပါတယ်...ဇာတ်လမ်းအကျဥ်း ဘိလ်လူးရဲ့အဖေဟာသစ်တောထိန်းသိမ်းရေးဌာန DFO ကအရာရှိကြီးရဲ့လက်ထောက်အဖြစ်အလုပ်လုပ်ပါတယ်။ဘိလ်လူးကတော့အဲ့ဒီအလုပ်ကဘာမှနာမည်မရတာကြောင့်ကိုယ်ပိုင်စီးပွားရေးတစ်ခုထူထောင်မယ် ဆိုပြီးခပ်တည်တည်ပဲ ကွမ်းယာဆိုင်ဖွင့်လိုက်ပါတယ်....သူ့ရဲ့ကွမ်းယာဆိုင်ဖွင့်ပြီးမကြာခင်မှာပဲပြည်နည်နယ်နိမိတ်ပြောင်းလဲသတ်မှတွချက်တွေနဲ့လမ်းကြောအသွားအလာတွေပါပြောင်းလဲကုန်ပါတယ်။သိပ်မကြာခင်မှာပဲသူရောင်းတဲ့ကွမ်းယာဆိုင်ရှေ့ကလမ်းတစ်ဖက်ခြမ်းကို အငယ်တန်းအင်ဂျင်နီယာမိသားစုတစ်စုပြောင်းရွှေ့လာကြပါတယ်။အဲ့ဒီမိသားစုထဲမှာကောင်မလေးတစ်ယောက်လဲပါခဲ့လေရဲ့..ဒီကောင်မလေးကလည်း ခင်ဗျားတို့ ချစ်သူနီးပါး လှလေတော့လူပျိုလှည့်မယ့်ကောင်တေွ တစ်ဝုန်းဝုန်းပေါ့...ဒီလိုလှည့်ရင်း အနီးနားက ဘိလ်လူးကွမ်းယာဆိုင်က အကောင်းဆုံး တည်းခိုရာ ဖြစ်နေလေရဲ့..ကွမ်းယာဆိုင်အတွက်တော့ ရောင်းအားတွေထိုးတက်ကုန်တာပေါ့...ဒါပေမဲ့ ဘိလ်းလူးက အပြည့်အဝမပျော်နိုင်ရှာဘူး..ဘာလို့ဆို ဒီကောင်မလေးကို သူလည်း သိပ်ကြွေနေခဲ့ပြီကိုး...ကိုင်း ကွမ်းယာသည်ကောင်လေး သူချစ်တဲ့ကောင်မလေးကို ရနိုင်မလား ...သူ့အတွက်ရော ဘယ်လို အခက်အခဲမျိုးစုံကြုံရမလဲဆိုတာကိုတော့ခံစားကြည့်ကြပါဦီး...File Size : (950 MB) and (472MB) Quality : WEB-DL 720p Format…mp4 Duration…01:51:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Chaman Bahar(2020)
6.1
Shubh Mangal Zyada Saavdhan (2020)
မင်းသားချောကြီး အရွက်ရှ်မန်းရဲ့ အားလုံးစောင့်မျှော်နေကြတဲ့ ကားသစ်စစ်စစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။တစ်ကားနဲ့တစ်ကား မထပ်ရအောင် ကာရိုက်တာမျိုးစုံနဲ့ ရိုက်ပြီး အောင်မြင်မှုတွေ ယူတတ်တဲ့ မင်းသားချောဟာ ဒီတစ်ခါမှာ ဂေးဇာတ်ရုပ်နဲ့ မြင်ရမှာပါ။ဂေးဆိုလို့ မြင်နေကျ ခပ်နွဲ့နွဲ့ ဟာသခြောက် မဟုတ်ပါဘူး။ ဒေါသကြီးကြီး စီးပွားရေးခြောက်လည်း မဟုတ်ပါဘူး။သာမန်ယောကျ်ားတွေလိုပဲ နေပြီး ယောကျ်ားချင်းပဲ ကြိုက်တတ်တာပါ။(အခြောက်လို့ ခေါ်လားမခေါ်လားတော့ မသိဘူး၊ ဂေးဆိုတာကတော့ သေချာတယ်)ကာသစ်နဲ့ အာမန်ဆိုတဲ့ ချစ်သူနှစ်ယောက်ရှိတယ်။ ဒေလီမှာ အလုပ်အတူလုပ်ရင်း ချစ်ကြိုက်နေကြတာပေါ့။မိဘတွေ သိရင်တော့ ဘယ်လို နေမလဲ။ တစ်နေ့တော့ အာမန်ရဲ့ မိသားစုမှာ အစ်မတော်ရဲ့ မင်္ဂလာဆောင် ရှိလာတော့ အာမန်ကို မင်္ဂလာဆောင်လာခဲ့ဖို့ ခေါ်တယ်။အာမန်မသွားချင်ပေမဲ့ မိသားစုကို တောင့်တနေသူ ကာသစ်ကတော့ သွားချင်တာပေါ့။အာမန်ကို အတင်းတောင်းဆိုပြီး အာမန်ရဲ့ မိသားစုရှိရာ အလာဟာဘတ်ကို သူတို့ ချစ်သူနှစ်ဦး လိုက်သွားတဲ့အခါမှာတော့...သူတို့ချစ်ခြင်းကို မထောက်မခံတဲ့ မိသားစု ပတ်ဝန်းကျင်ကို သူတို့ ...
movie
Shubh Mangal Zyada Saavdhan (2020)
2020
8.1
A Wednesday! (2008)
A Wednesday! (2008) IMDb- 8.1/10_____Rotten - 89% "လူသားစစ်မှန်ခဲ့ရင် ဇီဝန်ခြွေတဲ့ အလုပ်ကို သာယာနေမှာမဟုတ်ဘူး " ဒါမှမဟုတ် အဲ့ဒီစကားပြောခဲ့တဲ့ဗုဒ္ဓဟူးနေ့လေးတစ်နေ့°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°နိုင်ငံတစ်နိုင်ငံ၏ တရားရေးကို သဘောမကျရင် ကိုယ်တိုင်စီရင်ပစ်ရမည်ဟု ဒီဇာတ်ကားလေးနဲ့ ပြောခဲ့ချင်ပုံရသည်။ထို့သို့အတိုင်းပင် အိန္ဒိယ၏ ဇာတ်ကားတော်တော်များများသည် တည့်မတ်စေလိုသော သဘောတရားအရင်းခံရင်း တရားရေးမဏ္ဍိုင်ကို ကြုံရင်ကြုံသလိုသရော်လိုက်ကြသည်။ ဤကားသည် ထို့သို့အတိုင်းပင်။ ဤဇာတ်ကား၏ အရှိန်သည် အစ၌ပင် စ၍ အဆုံးပြီးမှ ဆုံးလိုက်သည့် ရစ်သမ်ညီသည့်ဇာတ်မျိုးဖြစ်သည်။ IMDB - 8.1 အထိ ရရှိထားပြီး ဝေဖန်ရေး အရလည်း တော်တော်အောင်မြင်ခဲ့သည့် ကားမျိုးဖြစ်သည်။ဇာတ်လမ်း အကျဉ်းအားဖြင့် ဆိုသော် တစ်နေ့သော ဗုဒ္ဓဟူး နေ့လေးတွင်သာ ဖြစ်ပျက်ခဲ့၏။ ထိုနေ့လေးတွင် ရဲကော်မရှင်နာရာဟိုးလ် ထံသို့ အမည်မသိ ဖုန်း တစ်ခု ဝင်လာသည်။ အမည် ကို A ဟု သတ်မှတ်ပါစို့။ A ...
movie
A Wednesday! (2008)
2008