Channel Myanmar

Jo D. Jonz

Midnight Son (2011) 5.8
Midnight Son (2011)  Midnight Sun ဆိုတဲ့နေရောင်နဲ့ ထိတွေ့လို့မရတဲ့ကောင်မလေးရဲ့အချစ်ဇာတ်လမ်းကိုရိုက်ထားတဲ့ ရုပ်ရှင်ကိုတော့တော်တော်များများကြည့်ဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့ Midnight Son ဆိုတဲ့ဇာတ်ကားကတော့ နာမည်ချင်းဆင်သလို ဒီကားထဲကမင်းသားကလည်းနေရောင်နဲ့ထိတွေ့လို့မရပါဘူး။ဒါပေမယ့် ဒီကားကအချစ်ဇာတ်လမ်းဆိုတာထက်နည်းနည်း Dark ပိုဖြစ်တဲ့သွေးထွက်သံယိုတွေ သည်းထိပ်ရင်ဖိုတွေဖက်သွားပါတယ်။IMDb မှာ Rating 5.8 ရထားပြီး အဲ့လိုထူးထူးဆန်းဆန်းလူတွေအကြောင်းကြည့်ချင်တဲ့လူတွေအတွက်တော့ ကြည့်လို့ကောင်းမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ***************ဂျေကော့ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်က အမြဲတမ်းဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူ့မှာသွေးအားနည်းတတ်တဲ့ရောဂါရှိပါတယ်။အဲ့ဒီအပြင်ကိုမှသူ့အရေပြားက မူမမှန်တဲ့အတွက် နေရောင်နဲ့ထိရင်အလွယ်တကူ လောင်ကျွမ်းတတ်ပါတယ်။ဒီတော့တစ်နေကုန် အိမ်ထဲမှာပဲနေပြီး ညဘက်မှာလုံခြုံရေးအဖြစ် အလုပ်လုပ်ရင်းအသက်မွေးနေပါတော့တယ်။တစ်နေ့မှာ ညဘက်လျှောက်သွားရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်ပိုင်းဂျေကော့ဘ်ရဲ့ ကျန်းမာရေးက ဆိုးသထက်ပိုဆိုးလာပြီး ကြံရာမရဖြစ်နေတဲ့အချိန်မှာ လူသွေးသောက်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ထူးဆန်းစွာနဲ့ပဲ လူသွေးသောက်ပြီးသက်သာသွားတဲ့အတွက်နောက်ပိုင်း ရဖို့ခက်ခဲတဲ့လူသွေးတွေကို အဆက်မပြတ်လိုလာတဲ့အခါမှာဂျေကော့ဘ်တစ်ယောက်ဘယ်လိုကြံဖန်ပြီးတော့ ဘယ်လိုနောက်ဆက်တွဲတွေဖြစ်လာမယ်ဆိုတာကို ကြည့်ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.68 GB / 749 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

Midnight Son (2011)

Next Day Air (2009)
Next Day Air (2009) ဒီတစ်ခါမှာတော့ Next Day Air ဆိုတဲ့ အက်ရှင်ဟာသကားလေယကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့ ဂွတ်ချ်ရယ် ဘရိုဒီရယ် ဟက်စီဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ဒုစရိုက်မှုတွေလုပ်ကြပါတယ် ဒါပေမဲ့ သူတို့ဟာ ဒုစရိုက်မှုတွေလုပ်တယ်ဆိုပေမဲ့ ပေါက်ကရလုပ်တတ်တဲ့ တလွဲဥာဏ်ကြီးရှင်ဒုစရိုက်သမားတွေပါ လီယိုဆိုတဲ့ကောင်လေးကတော့ ဆေးခြောက်သုံး ပစ္စည်းလိုက်ပို့ပေးရတဲ့ကောင်လေးပါ တနေ့မှာ လီယိုတစ်ယောက်ဆေးကွဲနေတုန်း အရေးကြီးတဲ့ ကိုကိန်းတွေပါတဲ့ ပစ္စည်းပုံးကို အခန်းမှားပို့မိပါတော့တယ် မှားပြီးပို့မိတဲ့အခန်းကလည်း ဂွတ်ချ်နဲ့ဘရိုဒီတို့ရှိနေတဲ့အခန်းဆိုတော့ သူတို့အတွက် ရွှေထုပ်ကြီးပြုတ်ကျလာသလိုပဲပေါ့သူတို့ဟာ အဲ့ဒီကိုကိန်းအထုပ်တွေကိုရောင်းဖို့ ကြိုးစားပါတော့တယ် တစ်ဖက်မှာလည်း အဲ့ကိုကိန်းထုပ်တွေကိုပို့တဲ့သူဟာ အကြီးစားမူးယစ်ဆေးရောင်းချသူ လူမိုက်ကြီး ဘွန်ဒေဂါ ဖြစ်နေတာကြောင့် သူ့ရဲ့ပစ္စည်းကိုပြန်လိုက်ရှာပါတယ် အဲ့တော့ ပေါက်ကရတွေ တလွဲတွေလုပ်တတ်တဲ့ ဂွတ်ချ်နဲ့ဘရိုဒီတို့နှစ်ယောက်က အဲ့ကိုကိန်းထုပ်တွေကိုရောင်းချနိုင်မလား ဘွန်ဒေဂါတို့အုပ်စုကပဲ ပြန်ပြီး ရယူနိုင်မလား ဒါမှမဟုတ် သူတို့ ဒုစရိုက်အဖွဲ့နှစ်ဖွဲ့ကြားမှာ ပစ္စည်းပို့တဲ့ကောင်လေးလီယိုကပဲ ကြားညပ်သွားမလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာ အက်ရှင်ကားဆိုပေမဲ့ ဟာသနှောပြီးရိုက်ထားတာဖြစ်တဲ့အတွက် အရမ်းအပျင်းပြေစေပါတယ်File size…(2.2 GB)/(1 GB) Quality….Webrip 1080p / ...
movie

Next Day Air (2009)