Channel Myanmar

Joachim Fjelstrup

Hygge! (2023) 6.3
Hygge! (2023) အခန်းတစ်ခန်းမှာ လူ ၇ ယောက် ဒင်နာအတူစားကြရင်း စကားထိုင်ပြောကြတဲ့ ဒိန်းမတ်စကားပြော comedy/drama ရုပ်ရှင်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း..."ပီတာ" နဲ့ "ဟယ်လင်" တို့ လူချမ်းသာ လင်မယားနှစ်ယောက်ရဲ့အိမ်ကို ညီငယ်ဖြစ်သူ "နီကိုလပ်" နဲ့ သူ့ချစ်သူ "လော်ရာ"ကိုမာဝင်နေတဲ့ ပီတာ့ရဲ့ညီတစ်ယောက်ဖြစ်တဲ့ "ဂျက်စပါ"ရဲ့ ချစ်သူ "အရီကာ"ပီတာ့မိန်းမ ဟယ်လင်ရဲ့ မောင်လေး "ဖက်ဘ်" နဲ့ သူ့ရဲ့ လိင်တူချစ်သူ "အီဘာ" တို့...ကိုမာဝင်နေတဲ့ ဂျက်စပါ့အတွက် မွေးနေ့ဆုတောင်းပွဲလေး လုပ်ပေးဖို့ ကိုယ်စီရောက်လာကြပါတယ်ပီတာတို့လင်မယားက ကျိကျိတက်ချမ်းသာတော့ ဧည့်သည်တွေကိုလည်း အကောင်းဆုံးဝိုင် စားသောက်ဖွယ်ရာတွေနဲ့ ဧည့်ခံရင်း လော်ရာက ကစားနည်းတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်ကိုယ့်ရဲ့ဖုန်းကို စားပွဲပေါ်တင်ထားပြီး အဝင်ကောလ်မှန်သမျှကို စပီတာ ဖွင့်ပေးရမဲ့အပြင် မက်ဆေ့ဂျ်တွေကိုလည်း အသံထွက်ဖတ်ပြရမှာပါ ဒီလိုနဲ့ ပျော်စရာကောင်းမယ်ထင်တဲ့ ကစားနည်းလေးကနေ သူတို့ ၇ ယောက်ရဲ့ လျှို့ဝှက်ချက်တွေ အလီလီ ပေါ်လာပြီး အရှက်တကွဲ အကျိုးနည်းဖြစ် ...
movie

Hygge! (2023)

April 9th(2015) 6.6
April 9th(2015)  Genre - War, Action, Drama IMDB - 6.6/10ဧပြီလ ၉ ရက်နေ့တဲ့ ဒီနေ့ရက်ကို ဒိန်းမတ်လူမျိုးတွေ သူတို့ တစ်သက်တာ ဘယ်တော့မှ မေ့နိုင်ကြမယ်လို့ မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ ၁၉၄၀ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ဥရောပမှာ အင်အားကြီးထွားနေတဲ့ ဖက်ဆစ်ဂျာမန်တပ်တွေက ဒိန်းမတ်နိုင်ငံကို စတင်ကျူးကျော်ခဲ့လို့ ဖြစ်ပါတယ်။ဂျာ့လန်ကျွန်းစွယ်ရဲ့တောင်ဖက်တွေမှာ တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်ခဲ့ကြတာပေါ့။ ဒီလိုအင်အားကြီးနေတဲ့ ဂျာမန်စစ်တပ်ကြီးကို ယှဉ်တိုက်ရမှာက အဖက်ဖက်က မယှဉ်နိုင်တဲ့ ဒိန်းမတ်စစ်တပ်လေးပေါ့။ တင့်ကားတွေ သံချပ်ကာယာဉ်တွေ မော်တာတွေ ရှိတဲ့ ဂျာမန်နဲ့ ရင်ဆိုင်ရာမှာ ဒိန်းမတ်ဖက်တော့ အမြင့်ဆုံးဆိုလို့ စက်သေနတ်သာ ရှိပါတယ်။ပြီးတော့ တင့်ကားတွေ ယာဉ်တွေမပြောပါနဲ့ ပထမဆုံး စစ်မျက်နှာပြင်ကို ခံစစ်ဖွင့်ရတဲ့တပ်စုတွေကိုကြည့် မော်တော်ဆိုင်ကယ်တပ်စုတဲ့ မင်းသားတို့ဆို ပိုဆိုး နယ်စပ်က အိမ်စောင့်စက်ဘီးတပ်စုလေးဗျာ အဲဒါလေးနဲ့ ဟိုဖက်က ဧရာမဘီလူးတွေကို ...
movie

April 9th(2015)

Wildland (2021) 6.0
Wildland (2021) တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို မ​ကောင်းတဲ့ လူတွေနဲ့ အ​နေကြာလာတဲ့အခါ ကိုယ်ကိုယ်တိုင် အမှားကိုအမှားမှန်း သိရက်နဲ့မ​ကောင်းမှုမှာ ​ မွေ့​လျော်သွားတဲ့အခါ ဘာကို အပြစ်တင်ရမလဲ၊ ကိုယ့်ဗီဇကိုက ဆိုး​​နေလို့လား ပတ်ဝန်းကျင်လွှမ်းမိုးမှုကပဲ အရမ်းကြီး​နေလို့လား...ဒီရုပ်ရှင်ဟာ ဒိန်းမတ်ဒါရိုက်တာ Jeanette Nordahlရဲ့ ပွဲဦးထုတ်ရိုက်ကူးထားတဲ့ Crime Thriller ရုပ်ရှင်ဖြစ်ပြီး 2020 ဘာလင်ရုပ်ရှင်ပွဲ​တော်မှာပြသခွင့်ရခဲ့သလို Critic​ များစွာရဲ့ Review​ကောင်း​တွေကို ရရှိထားပါတယ်၊ကြည့်ရှုသူ​တွေက ​ပေးတဲ့IMDb ratingမှာ 5.8ပဲရှိပြီး Criticသမားအများစုရဲ့ Rotten Tomatoesမှာတော့ 93% အထိ ရှိ​နေတဲ့အတွက် ကြည့်ရှုသူအ​ပေါ် မူတည်ပြီး အကြိုက်​တွေ့မှု၊ မ​တွေ့မှု​တွေမှာ ဝိဝါဒကွဲပြားတာ​တွေ​တော့ ရှိနိုင်ပါတယ်၊ ဒါ​ပေမဲ့ဒီNoir themeရုပ်ရှင်ကားဟာ ​တွေးရင် တွေးသ​လောက် ​မေးခွန်း​များစွာ ကိုယ့်ကိုယ်ကိုယ် ပြန်​မေးမိမယ့် ဇာတ်ကားဆိုတာ​တော့ ​သေချာပါတယ်၊​ဆေးစွဲ​နေတဲ့မိခင်ဖြစ်သူရဲ့ ကားမ​တော်တဆမှု​ကြောင့် အသက်၁၇နှစ်သာ ရှိ​​သေးတဲ့ Idaဆိုတဲ့မိန်းက​လေးဟာ အ​ဒေါ်ဖြစ်သူ Bodilရဲ့မိသားစုနဲ့ သွား​နေထိုင်ရပါတယ်၊ ​အ​ဒေါ်မိသားစုဟာ သူ့အ​ပေါ်အရမ်း​ကောင်းပြီး တစ်ဦးနဲ့ တစ်ဦး အရမ်းချစ်ကြ​ပုံရပေမဲ့ သူတို့ရဲ့အဲဒီစရိုက်​တွေက ဟန်​ဆောင်မျက်နှာဖုံး ဖြစ်​နေခဲ့သလို သူတို့ရဲ့အသက်​ ​မွေးဝမ်း​ကြောင်းကလည်း သူတစ်ပါးရဲ့မျက်ရည်ကြီးငယ် နဲ့ ထမင်းစားရတဲ့အလုပ်မျိုးဖြစ်​နေတဲ့အခါIdaရဲ့အကျင့်စရိုက်​တွေ ဘယ်လိုပြောင်းလဲသွားမလဲ၊ တစ်​နေ့မှာ သူတို့ရဲ့အလုပ်က​နေ ဒုစရိုက်မှုတစ်ခုအဖြစ် ​ပြောင်းသွားတဲ့အခါ ဘယ်လို​ဖြေရှင်းကြမလဲဆိုတာ.....ဒီရုပ်ရှင်ကားဟာ ...
movie

Wildland (2021)