Channel Myanmar

Joanna Daniel

Parental Guidance (2012) 6.0
Parental Guidance (2012)  အာတီဟာ အသက် ၄၅ နှစ်အရွယ် ဘေ့စ်ဘောအားကစားပွဲတွေရဲ့ နောက်ခံအသံတင်ဆက်သူတစ်ယောက်ပါ။ သူဟာ အလုပ်ကို ချစ်လို့လုပ်တဲ့လူစားမျိုးဖြစ်ပေမဲ့လည်း အာတီတစ်ယောက် Facebook လေးတောင်မသုံးတတ်လို့ဆိုပြီး အလုပ်ကနေအထုတ်ခံလိုက်ရပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့သမီးဖြစ်သူက ကလေးတွေကိုထိန်းပေးဖို့ အကူအညီတောင်းတော့ အာတီတို့လင်မယားနှစ်ယောက် ကလေးတွေထိန်းပေးဖို့သွားပါတော့တယ်။ အမေရိကန်မိသားစုတွေဆိုပေမဲ့လည်း မတူညီတဲ့မျိုးဆက်တွေကြားထဲက မိဘအုပ်ထိန်းမှုပုံစံတွေနဲ့ သွန်သင်ဆုံးမတဲ့ပုံစံတွေကလလည်း ကွာခြားနေတော့ အာတီတို့လင်မယားနှစ်ယောက် သူ့မြေး၃ကောင်နဲ့ ဘယ်လိုဘယ်ပုံစခန်းသွားကြမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေဟာဆိုရင်လည်း ကလေးသရုပ်ဆောင်ကအစ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ကြဖူးထားကြပြီး IMDb 6.0 ရရှိထားတဲ့ အမေရိကန် မိသားစုဟာသ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်းဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပြေကြည့်ရှုဖို့အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။File size…(2.1 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mako
movie

Parental Guidance (2012)

Superintelligence (2020) 5.3
Superintelligence (2020) Superintelligence (2020) ====================IMDB rating - 5.3/10 A.I ဆိုတာကတော့ ဒီခေတ်မှာလူတိုင်းလိုလိုရင်းနှီးနေကြမယ့် စကားလုံးတစ်လုံးဖြစ်မှာပါ။ဒီကားထဲမှာတော့ Superintelligence လို့သူ့ဘာသူ နာမည်တပ်ထားတဲ့ A.I ကနေ ကမ္ဘာကြီးကိုစစ်ပွဲတွေ၊  ရောဂါတွေမရှိတော့တဲ့အနေအထားထိ ပြုပြင်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။ဒါပေမယ့် အဲ့လိုအခြေအနေမျိုးဖြစ်ဖို့က လူသားအားလုံးကိုကယ်တင်မယ် (သို့) လူသားအားလုံးကိုကျွန်ပြုမယ် (သို့) လူသားအားလုံးကိုမျိုးတုံးပစ်မယ် ဆိုပြီး ဖြစ်နိုင်ချေသုံးခုရှိနေတယ်။ အဲ့ဒါကို A.Iကနေ သေသေချာချာဆုံးဖြတ်နိုင်ဖို့အတွက် လူသားအဆန်ဆုံးလူတစ်ယောက်ကိုရွေးပြီး အနီးကပ်လေ့လာပါတော့တယ်။ တနည်းအားဖြင့် ကမ္ဘာကြီးရဲ့အဆုံးအဖြတ်က အဲ့ဒီလူအပေါ်မူတည်သွားတာပဲဖြစ်ပါတယ်။ အဲ့ဒီလူက ကာရိုး ဆိုတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကာရိုးအနေနဲ့ လူသားတွေက ကယ်တင်ထိုက်ပါတယ်ဆိုတာကို သတ်သေပြနိုင်သွားမလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် . . .ကားရိုးအဖြစ်သရုပ်ဆောင်ထားတဲ့ Melissa McCarthy ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးပါပဲ။သူပါဝင်သရုပ်ဆောင်ထားတဲ့ The Spy (2015), The Heat (2015), Ghostbusters (2016)  စတဲ့ Comedy,Action ...
movie

Superintelligence (2020)

2020