Channel Myanmar

Jodi Sadowsky

The Tall Man (2012) 5.9
The Tall Man (2012)  ဝါရှင်တန် ပြည်နယ်က ကိုးရော့ခ်ဆိုတဲ့ မြို့ငယ်လေးဟာယခင်က သတ္တုမိုင်း တူးဖော်ရေး လုပ်ငန်းအမှီပြုပြီးစည်ကားသိုက်မြိုက်တဲ့ မြို့လေး တစ်မြို့ ဖြစ်ခဲ့တာပါ။မိုင်းတွင်း တူးဖော်ရေး ပိတ်ချခံလိုက်ရပြီးတဲ့ နောက်ပိုင်းမှာစီးပွားလည်ပတ်မှု မရှိတော့ဘဲ တစ်စထက် တစ်စအကျဘက်ကို ဆုတ်ယုတ်လာခဲ့ပါတယ်။ အဆိုးဆုံးကမြို့နေလူထုထဲမှာ ကလေးငယ်တွေ တဖြည်းဖြည်းပျောက်ဆုံးသွားကြတာပါ။ ဒီပျောက်ဆုံးမှုတွေအတွက်ဒဏ္ဍာရီလိုလို ယုံတမ်းပုံပြင်လိုလို ဖြစ်လာတာကတော့ခေါင်းစွပ်နဲ့'လူရှည်ကြီး' တစ်ယောက်က ကလေးတွေကိုတောထဲကို ဆွဲခေါ်သွားခဲ့တာဆိုတာပါပဲ။ ဂျူလီယာဆိုတဲ့သူနာပြုတစ်ယောက်က ခင်ပွန်းဖြစ်သူ ဆရာဝန်ဆုံးပါးပြီးနောက်ပိုင်း အိမ်မှာ သားလေးဒေးဗစ်နဲ့အတူ ကလေးထိန်းတစ်ယောက်နဲ့ နေထိုင်သူပါ။ တစ်နေ့အိပ်ယာနိုးလာချိန်တွေ့လိုက်ရတာက ကလေးထိန်းကို ကြိုးနဲ့တုပ် ပါးစပ်အဝတ်ဆို့ထားပြီး ကလေးကိုလည်း မတွေ့ရတော့ပါဘူး။ကလေးကို ပြန်ရဖို့အတွက် ဂျူလီယာတစ်ယောက် ဘယ်လိုတွေလုပ်မလဲ။ မြို့က ပျောက်ဆုံးနေတဲ့ ကလေးတွေနဲ့ သူမနဲ့ကရောဘယ်လိုဆက်စပ်နေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ File size…1.44GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Crime , Drama , ...
movie

The Tall Man (2012)

Chained(2012) 6.4
Chained(2012) Chained (2012)============ IMDb - 6.4/10ဒီတခါတင်ဆက်ပေးမှာကတော့ သည်းထိတ်ရင်ဖို စိတ္တဇလူသတ်သမားကားကောင်းလေးတကားပါ။ သွေးထွက်သံယိုပြကွက်တွေပါဝင်တာကြောင့် ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ပါဘူး။ဇာတ်လမ်းလေးအကျဉ်းကတော့ယုန်လေးဟာ ငယ်ငယ်လေးကတည်းက သူ့ရဲ့ အမေနဲ့ ရုပ်ရှင်အတူကြည့်ပြီးအိမ်အပြန်လမ်းမှာစိတ္တဇလူသတ်သမားတယောက်ဖြစ်တဲ့ တက္ကစီသမား"ဘော့ဘ်" က ပြန်ပေးဆွဲတာကိုခံလိုက်ရပြီး သူက‌တော့ "ဘော့ဘ်"ရဲ့အိမ်မှာပဲ အဖမ်းခံထားရရင်း "ဘော့ဘ်" ကခိုင်းသမျှကို နှစ်ပေါင်းများစွာလုပ်ပေးခဲ့ရတဲ့ ကောင်လေးတယောက်ပါ။ဖမ်းလာတဲ့အချိန်ကနေ အရွယ်ရောက်တဲ့အထိ ခြေထောက်မှာသံကြိုးနဲ့ခတ်ထားတာကိုခံရပြီး "ဘော့ဘ်" လုပ်သမျှသွေးတွေကိုသန့်ရှင်းရေးလုပ်လိုက်၊အလောင်းတွေကိုမြေမြုပ်လိုက်လုပ်ပေးနေရာကနေ တနေ့မှာတော့"ဘော့ဘ်" ကသူ့ရဲ့ ခြေရာကိုလိုက်နင်းနိုင်ဖို့ ယုန်လေးကိုလည်း လူသတ်သမားတယောက်ဖြစ်လာအောင် လေ့ကျင့်ပေးဖို့ လုပ်ပါတော့တယ်။ယုန်လေးကပဲ "ဘော့ဘ်" ရဲ့ ခြေရာကိုလိုက်နင်းပြီး စိတ္တဇလူသတ်သမားတယောက်ဖြစ်လာမလား၊ ပုံမှန်ဆိုရင် ကောင်မလေးတွေကိုပဲ ပြန်ပေးဆွဲပြီးသတ်လေ့ရှိတဲ့ "ဘော့ဘ်" က သူနဲ့ သူ့ရဲ့အမေ နှစ်ယောက်ကိုမှရွေးပြီးဘာလို့ပြန်ပေးဆွဲခဲ့တာလဲ ဒီအကြောင်းအရာရဲ့ နောက်ကွယ်မှာရောဘယ်လိုအကြောင်းအရာတွေရှိနေမလဲဆိုတာကို စိတ်ဝင်စားစရာ ရင်တထိတ်ထိတ်နဲ့ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျ။ File size…1.16GB / 514MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ..... Horror , Crime, ...
movie

Chained(2012)