Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joe Camp III
5.1
Hot Pursuit (2015)
ခူပါ (Cooper) ဆိုတဲ့ကောင်မလေးဟာ သူ့အဖေခြေရာနင်းပြီး ရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့ သူကအမြဲစာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့သူဖြစ်တာကြောင့် သူလုပ်သမျှတိုင်းက တလွဲတွေဖြစ်ကုန်ပြီး အရာရှိအလုပ်မလုပ်ရတော့ဘဲ သက်သေစစ်ဆေးရေးဌာနမှာပဲ လုပ်ရတော့တယ်။ဒါပေမဲ့ တစ်ရက်မှာ ကာတယ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗစ်ဆန်းတစ်ကော်တက်ဇ်ကို ဖမ်းမိသွားပြီး တရားရင်ဆိုင်ဖို့ဖြစ်လာတယ်။ဒါအတွက် သက်သေခံပေးမယ့် ရီဗာလင်မယားနှစ်ယောက်ကိုရဲတွေကကာကွယ်ရင်း တရားရုံးကိုပို့ပေးဖို့ဖြစ်လာတယ်။အဲဒီတာဝန်ကို ကပ္ပတိန်ဖြစ်သူက ခူပါကိုပေးလိုက်တော့သူ့မှာရဲအရာရှိလိုပြန်လုပ်ဖို့ အခွင့်အရေးရလာတာပေါ့။တာဝန်ကတော့ မစ္စစ်ရီဗာကို တရားရုံးဆီလိုက်ပို့ပေးရုံပဲဆိုပေမဲ့ သူ့အိမ်ဆီသွားတဲ့အခါမှာ မျက်နှာဖုံးဝတ်ထားတဲ့ သေနတ်သမားတွေဝင်ပစ်လို့ ခူပါဟာမစ္စစ်ရီဗာနဲ့အတူ ထွက်ပြေးကြပြီး အမှုကိုပြေလည်အောင် ဖြေရှင်းကြရင်း သူတို့နှစ်ယောက်ရဲ့အလွဲတွေကို ဟာသလေးနှောပြီး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 1.57 GB / 739 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ..... Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie
Hot Pursuit (2015)
2015
6.1
The Lovebirds (2020)
Eternalsဇာတ်ကားမှာ Bollywood ကိုရောက်နေတဲ့Eternal Kingoအနေနဲ့သရုပ်ဆောင်ခဲ့တဲ့Kumail Nanjiani(ပိုးဟပ်မှာ ပုံအသုံးခံလိုက်ရလို့နာမည်ကြီးသွားတဲ့ဆရာကြီး)နဲ့အာသွက်လျှာသွက် Comedy movie အများစုမှာပါ၀င်နေကျဖြစ်တဲ့Issa Raeတို့ရဲ့ အချစ်ဟာသဇာတ်ကားလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျီဘရန်နဲ့ လီလာနီဆိုတာက တကယ့်ထူးထူးခြားခြားအတွဲ။ဂျီဘရန်ဆိုတာက ပါကစ္စတန်သား ကမ္ဘာကြီးကိုအဆိုးဘက်ကနေပဲကြည့်တတ်သလို ဘ၀ကြီးမှာ ဘာမှမစွန့်စားရဲပိုနေမြဲကျားနေမြဲနေတတ်သူ စိတ်လှုပ်ရှားတဲ့အချိန်ဆိုဘာမဟုတ်တဲ့ အကြောင်းအရာတခုကအစတောင်စဉ်ရေမရလျှောက်ပြောလိုက်ရမှ။အန္တရာယ်ဆိုတာနဲ့ ပြေးလိုက်ရမှဆိုတဲ့လူမျိုး။လီလာနီဆိုတာက လူမည်းအမျိူးသမီး အရမ်းလည်းစပ်စုပါလေရာငပိချက် ပြောချင်တဲ့အကြောင်းအရာတခုကိုကရားရေလွှတ် အဆုံးထိဖြစ်ချင်ရာဖြစ်ပြောထည့်လိုက်ရမှကျေနပ်တဲ့လူမျိုး။ဒီလိုမျိုးနဲ့ ချိန်းတွေ့မယ့်စားသောက်ဆိုင်ရွေးတာကအစရန်တကျက်ကျက်ဖြစ်နေရတဲ့ သူတို့နှစ်ယောက် တနေ့မှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ကြရင်းနဲ့မတော်မဆ လူသတ်မှုတခုထဲဆွဲထည့်ခံလိုက်ရပါတော့တယ်။ဒီလူသတ်မှုမှာ အပြစ်မရှိတာကို သက်သေပြနိုင်ဖို့လီလာနီရဲ့ မဟာအကြံကြီးအတိုင်း စုံစမ်းကြတာကနေသူတို့ ဘုနဲ့ဘောက်အတွဲ ဘယ်လိုမျိုး တလွဲတွေဖြစ်ဦးမှာလဲ။သူတို့ရဲ့အပြစ်ကင်းမှုကို သက်သေပြနိုင်မှာလား။သူတို့ရဲ့အရင်တည်းကဆိုးရွားလာနေတဲ့ realtionship ကိုရောပြန်အဖတ်ဆယ် ကယ်တင်နိုင်ဦးမလား။အဆုံးမှာဘယ်လိုမျိုး ဒီဇာတ်လမ်းလေးတခု ပြီးဆုံးသွားမလဲဆိုတာကိုthe lovebirds ဆိုတဲ့ အချစ်ဟာသဇာတ်ကားလေးမှာရှုစားအားပေးကြပါဦးခင်ဗျ။ File size… 1.67 GB / 640 MB Quality… Web-Dl 1080p / 720p Format… mp4 Duration…. 1h 25m Genre ..... ...
movie
The Lovebirds (2020)
2020