Channel Myanmar

Joe Carnahan

Boss Level 2020
Boss Level 2020 Time Loop ကားကောင်းကောင်းလေးတွေ ကြည့်ချင်လို့စောင့်မျှော်နေတဲ့ CM ပရိတ်သတ်ကြီးအတွက် ကားကောင်းကောင်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ Boss Level(2020)ပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ရွိုင်ဆိုတာကတော့ တစ်နေ့တည်းကိုပဲထပ်ကာထပ်ကာနိုးထနေရတဲ့ စစ်သားတစ်ဦးပါ။ထူးဆန်းတာက သူနိုးလာတာနဲ့ သူ့ကိုအသေအကြေသတ်မယ့်လူတွေက ဆီးကြိုနေတာပါပဲ။တစ်ယောက်လက်ကလွတ်ရင် တစ်ယောက်က ထပ်ပြီးတော့ သတ်ဖို့ကြိုးစားနေတဲ့ ဒီဘ၀ကြီးမှာ သူကလည်း ကြိုးစားရှင်သန်နေထိုင်ပေမယ့် အချိန်တန်ရင် အသတ်ခံရတာပါပဲ။ဒီလိုနဲ့ရက်ပေါင်းများစွာ ကြာလာခဲ့ချိန်မှာတော့ သူချစ်ရတဲ့အမျိုးသမီးအသတ်ခံလိုက်ရကြောင်း သူသိလိုက်ရပါတော့တယ်။သူကိုယ်တိုင်ကလည်း ရန်သူတွေပတ်လည်၀ိုင်းနေချိန် ဇနီးသည်ချန်ထားခဲ့တဲ့ သဲလွန်စလေးတွေနောက်ကိုလိုက်ရင်း လက်စားချေဖို့ကြိုးစားပါတော့တယ်။ အထပ်ထပ်၀ိုင်းနေတဲ့ လုပ်ကြံသူတွေလက်ကဘယ်လိုပြေးပြီး ဒီပိတ်မိနေတဲ့အချိန်ထဲကနေ ဘယ်လိုလွတ်အောင်ကြိုးစားမလဲ? လွတ်မြောက်ဖို့ရောဖြစ်နိုင်မှာလား?ဆိုတာ အရမ်းကိုစိတ်၀င်တစားနဲ့ကြည့်ရှုရမှာပါ။ ရိုးတာနေတဲ့ Time loop movie လမ်းကြောင်းကနေခွဲထွက်ခဲ့တဲ့ ဒီကားလေးနာမည်ကတော့ Boss Level(2020)ပါ။ Channel Myanmar ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ File size… 1.4 Gb / 700 Mb Quality… webrip 1080p Format…mp4 Duration….01:41:00 Genre … Action, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Translated by Aye Mon Kyaw   
movie

Boss Level 2020

The A-Team (2010) 6.8
The A-Team (2010) Non-stop Action ဇာတ်ကားတစ်ကားဖြစ်တဲ့ The A-Team ကို ဒါရိုက်တာ Joe Carnahan ရိုက်ကူးခဲ့ပြီး IMDb 6.8 ရရှိထားပါတယ် *ဆေးပြင်းလိပ်ခဲပြီး အစီအစဉ်ဆွဲရတာဝါသနာပါတဲ့ ကာနယ်ဟန်နီဘယ်စမစ်အဖြစ် Liam Neeson* မျက်နှာများတဲ့ စော်ကြည်ဘဲ Face အဖြစ် Bradley Cooper *ခွန်အားဗလကြီးသလောက် အသည်းငယ်တဲ့ ဘီအေဘရာကပ်စ် အဖြစ် Quinton*a *ဂေါက်ကြောင်စကားလုံးတွေကြောင့် ရယ်မောကြရမယ့် မားဒေါ့အဖြစ် Sharlto Copley* တို့က ဦးဆောင်ပါဝင်ထားပါတယ် ကာနယ်ဟန်နီဘယ်စမစ်ဦးဆောင်သော လူလေးဦးဖြင့်ဖွဲ့စည်းထားသည့် အယ်လ်ဖာတပ်ဖွဲ့ဝင် များဟာ စွန့်စားစစ်ဆင်ရေးတွေ ထမ်းဆောင်ရာမှာ ပျော်မွေ့ကြသူများဖြစ်ကြပါတယ် ဒေါ်လာရိုက်နှိပ်ရာတွင် အသုံးပြုသော ပျောက်ဆုံးပုံနှိပ်တံဆိပ်ပြားများ ဘက္ကဒက်တွင် ရောက်ရှိနေသည်ဟုသတင်းရပြီး ကာနယ်စမစ်နှင့်အဖွဲ့က ပြန်လည်လုယူခဲ့ကြပါတယ် ထိုတံဆိပ်ပြားများကို ခိုးယူရောင်းချလိုသူများထဲတွင် ထိပ်ပိုင်းအရာရှိများလည်းပါဝင်ခဲ့ရာ.......စကားချပ်။ ။ ကျည်ဆံများဇာတ်ကားထဲမှထွက်လာပြီး ထိမှန်နိုင်သောကြောင့် ကျည်ကာဝတ်၍ ကြည့်ကြပါကုန်။ File Size : (956 MB) and (327 MB) Quality : BluRay 1080p Running Time : 1hr 57min Format : Mp4 Genre :Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

The A-Team (2010)

2010