Channel Myanmar

Joe Don Baker

Cape Fear (1991) 7.3
Cape Fear (1991)  သေသောသူကြာလျှင်မေ့ဆိုသလို ဟိုးအရင်တုန်းကတကယ်ကောင်းခဲ့တဲ့ဇာတ်ကားဟောင်းလေးတွေကို အခုအချိန်မှာမေ့နေကြလောက်မှာပါ။အဲ့ဒါကြောင့်မလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့လူတွေအတွက် 1991 ခုနှစ်ကထွက်ရှိခဲ့တဲ့ Cape Fear ဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 7.3 ရရှိထားပြီး သူ့ခေတ်သူ့အခါကအတိုင်းအတာနဲ့ဆိုရင်တော်တော်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။တရားဥပဒေလောကမှာ တကယ်တမ်းတရားမျှတမှုကိုရရှိနိုင်ဖို့အတွက်ဥပဒေဘောင်အပြင်က လုပ်လိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ဒီကားထဲက ဆမ်ဘိုဒန်ဆိုတဲ့ရှေ့နေတစ်ယောက်ကလည်း သူ့ရဲ့အမှုသည်အတွက် တရားမျှတမှုစစ်စစ်ကိုရရှိနိုင်အောင် အချက်အလက်ထိမ်ချန်ပြီးဥပဒေဘောင်အပြင်ကနေ လုပ်ခဲ့ပါတော့တယ်။သူ့အမှုသည်ကတော့ မုဒိမ်းမှုကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အမှုကနေလွတ်အောင်လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်ဆိုပေမဲ့ ရက်စက်လွန်းတဲ့အမှုသည်အတွက် မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီအမှုသည်ဖြစ်တဲ့ကေဒီက ၁၄ နှစ်အကြာမှာတော့ ထောင်ထဲကနေလွတ်လာပါတော့တယ်။ထောင်ထဲက လွတ်လာတာနဲ့ရှေ့နေဆမ်ဆီကို လက်စားချေဖို့ပြန်လာခဲ့ပါတော့တယ်။ဒါပေမယ့် သူ့ရဲ့လက်စားချေပုံက သတ်ဖြတ်တာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ဆမ်ရဲ့မိသားစုကို လုံးပါးပါးအောင်ဉာဏ်သုံးပြီးလက်စားချေနေတာပဲဖြစ်ပါတယ်။ဒီတော့ ဆမ်တစ်ယောက် ကိုယ်လုပ်ခဲ့တဲ့အတိတ်က ကိုယ့်နောက်ကိုပြန်လိုက်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လိုလုပ်ပြီး ဖြေရှင်းမလဲ။ကေဒီကရောဘယ်လိုနည်းလမ်းတွေသုံးပြီး သူတို့မိသားစုအပေါ်မှာ လက်စားချေမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 2.05 GB / 988 MB Quality… Blu-Ray 1080p  / 720p Format…mp4 Duration….2h 8m Genre …..  ...
movie

Cape Fear (1991)

Joe Dirt (2001) 6.0
Joe Dirt (2001)   ဟောင်းသွားပေမယ့် ကောင်းနေဆဲရုပ်ရှင်ကားတွေကတော့ ယခုထိတိုင်ရှိနေဆဲပါ။အခုတင်ဆက်ပေးမယ့် ကားလေးကလည်း ၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့Old But Gold ဇာတ်ကားလေးဖြစ်တဲ့ Joe Dirt ပဲဖြစ်ပါတယ်။IMDb Rating 6.0 ရရှိထားပြီးဇာတ်ကားနာမည်အတိုင်း ဂျိုးဒတ်ဆိုတဲ့ဇာတ်ကောင်တစ်ယောက်ကိုအဓိကထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားလေးက ဟာသကားဆိုပေမဲ့ ကြည့်တတ်ရင်တကယ်ပညာရတဲ့ ကားလေးပါ။ကိုယ့်ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပြုံးပြုံးလေးရင်ဆိုင်ပြီးအကောင်းမြင်စိတ်နဲ့ ဘ၀ကိုသွားရင် ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်တယ်ဆိုတာကို အဓိကပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဂျိုးဒတ်ဆိုတဲ့ကောင်လေးတစ်ယောက်က အသက် ၈ နှစ်မှာမိဘတွေနဲ့ ခရီးသွားရင်းတစ်ယောက်တည်းကျန်ရစ်ခဲ့ပြီး လမ်းပျောက်နေခဲ့ပါတယ်။မိဘတွေကလည်း သူ့ကိုပြန်လာမရှာတာနဲ့သူ့အားသူကိုးပြီး သူ့ဘ၀ကိုဆက်လျှောက်လှမ်းခဲ့ပါတယ်။ကျန်းမာရေးအခြေအနေကြောင့်ဆံပင်တုကို ခေါင်းနဲ့တွဲ ချုပ်ထားရတဲ့အတွက် အဲ့ဒီပုံစံခပ်ဆန်းဆန်းဆံပင်တုကြီးကိုလှောင်ပြောင်ဟားတိုက်ခံခဲ့ရတာလည်း အသက်ကြီးတဲ့အထိပါပဲ။မိဘမဲ့ဂေဟာတွေတစ်ခုပြီးတစ်ခုပြောင်းခဲ့ရပြီး သူ့ဘ၀မှာ အိမ်လို့ခေါ်လို့ရတဲ့နေရာဆိုတာမရှိခဲ့ပါဘူး။သူ့မိဘတွေကို သူ့ကိုပြန်လာမရှာပေမယ့် သူကတော့မိဘတွေကိုရှာဖို့ရည်မှန်းချက်ရှိနေတုန်းပါ။တစ်နေ့မှာတော့ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုမှာ ကံကောင်းပြီးတော့ပါဝင်ခွင့်ရခဲ့ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်အဲ့ဒီအကြောင်းကို ရေဒီယိုမှာနားထောင်ကြသူတွေများလာကြပြီး သူလည်းနာမည်ကြီးလာခဲ့ပါတော့တယ်။ဒီလိုနဲ့အခက်အခဲတွေအများကြီးကို အမြဲတမ်းကြုံတွေ့နေရပေမယ့်အရာရာကိုအကောင်းမြင်စိတ်နဲ့ မြင်တတ်တဲ့ ဂျိုးဒတ်တစ်ယောက်မိဘတွေကိုပြန်တွေ့သွားမလား။သူ့ဘ၀မှာအလိုချင်ဆုံး အိမ်ဆိုတဲ့အရာကိုရောပိုင်ဆိုင်သွားရမလားဆိုတာကိုကြည့်ရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.67GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Adventure Subtitle….Myanmar ...
movie

Joe Dirt (2001)

Strange Wilderness (2008) 5.2
Strange Wilderness (2008) Strange Wilderness (2008) ====================ဒီတစ်ခါတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသ ကားလေးကို ပြန်ကြည့်လိုက်ရအောင်ဗျာ။ သူ့ရဲ့ဟာသတွေက အညှီအနှောက်တွေမပါဘဲ တွေးတွေးပြီးရယ်ရမဲ့ ပြက်လုံးလေး တွေ သုံးထားတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်လေးတွေအ ကြောင်းလည်း ပါသေးတာမို့ ကလေးရော လူကြီးပါမကျန် ကြည့် ရှုလို့ရမဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်း - ပီတာကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝတွေကို ရိုက်ကူး တင်ဆက်ပေးနေတဲ့ Strange Wilderness ဆိုတဲ့ တီဗွီအစီအစဉ်က အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ။ သူ့ရဲ့ဖခင် တင်ဆက်စဉ်က တော့ အစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပြီး ရွှေခေတ်ဖြစ်ခဲ့တယ် လို့တောင် ဆိုလို့ရပါတယ်။ ဖခင်ဆုံးပါးသွားပြီး သူ့လက်ထက်မှာတော့ ပေါချာချာ plot တွေကြောင့် ကြည့်ရှုနှုန်းတွေလည်း ကျလာခဲ့ပါပြီ။ ကြည့်ရှုနှုန်းကျဆို သူ့အဖွဲ့သားတွေကိုလည်း ကြည့်ဦးလေ။ ၂၄ နာရီလုံး ဆေးကွဲနေတဲ့ကောင်ရယ်၊ အရက်နဲ့ မျက်နှာသစ်တဲ့ကောင်ရယ်၊ အသံ ဖမ်းပါဆို စကားချည်းဝင်ပြောနေတဲ့ကောင်ရယ်၊ တလွဲ plot တွေချည်း ရေးပေးတဲ့ ဇာတ်ညွှန်းရေးဆရာရယ် ဒီလို ဇော်တွေချည်း စုနေမှတော့ တွေးသာကြည့်ကြပါတော့။ဒီလိုနဲ့ ဂယောက်ဂယက်တွေဖြစ်နေတဲ့ ပီတာတို့အဖွဲ့ကို ထုတ်လုပ်သူက အစီအစဉ်ဖျက်သိမ်းတော့မဲ့အကြောင်း ခေါ်ပြောလာတဲ့အချိန်မှာတော့ ဆက်ပြီးတင်ဆက်ခွင့်ရဖို့ တောတွင်းစွန့်စားခန်းတစ်ခု ...
movie

Strange Wilderness (2008)

.2008
Congo (1995)
Congo (1995) ၁၉၉၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ ‘Congo’ ရုပ်ရှင်ကတော့ Oscar-nominated producer & director ကြီး Frank Marshall ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကြီး ရိုက်ကူးထုတ်လုပ်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာဆိုရင်ဖြင့်E.T. the Extra-Terrestrial, The Sixth Sense, The Goonies, Jurassic World, Indiana Jones ရုပ်ရှင်အချို့နဲ့Back to the Future trilogy ၃ကားလုံးလည်း ပါဝင်တာဖြစ်တဲ့အတွက် တော်တော်လေးမခေတဲ့ ဒါရိုက်တာတစ်လက်လို့ ဆိုရမှာပါ။ဒါရိုက်တာကြီးရဲ့ ညွှန်ကြားမှုအောက်မှာတော့ ဒေါက်တာ Karen Ross အဖြစ် The Truman Show နဲ့ Love Actually ရုပ်ရှင်များမှ မင်းသမီးကြီး Laura Linney. The Lake House မှ Dylan Walsh. Ghostbusters ရုပ်ရှင်များမှ Ernie Hudson နဲ့ Home Alone ပရိသတ်တွေဆို တော်တော်လေးမစိမ်းကြမယ့် မျက်နှာပိုင်ရှင် Tim Curry တို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်File size…(2.0 GB)/(1.7 GB)/(890 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Action, Adventure, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Keith M
movie

Congo (1995)

Mars Attacks! (1996) 6.4
Mars Attacks! (1996)  နှစ် ၂၀ ပြည့်လာလည်း အူကြောင်ကြောင်နဲ့အရမ်းရယ်ရဆဲ ဇာတ်လမ်းတစ်ခုကို တင်ပေးလိုက်ပါတယ်။ဖွံဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကဆိုရင် အခွင့်ရတိုင်း ဂြိုလ်သားတွေနဲ့တွေ့ဆုံဖို့ကြိုးပမ်းတတ်ကြတဲ့လုပ်ရပ်မျိုးတွေကို 20ရာစုကတည်းကအကောင်အထည်ဖော်လျက်ရှိနေခဲ့ပါတယ်...။ ဒီအတွက်ကြောင့်ပဲ အမေရိကန်သမ္မတနဲ့ သမ္မတကြီးရဲ့အမှုထမ်းတွေက အင်္ဂါဂြိုလ်သားတွေဆီကနေ အကြိမ်ကြိမ် ဂျင်းထည့်ခံရတဲ့အကြောင်းလေးကို Ironicဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်...။ဒီဇာတ်ကားမှာတော့ ကမ္ဘာမြေပေါ်ကို ရောက်လာကြတဲ့ အင်္ဂါဂြိုလ်သားတွေကို အထင်ကြီးစိတ်နဲ့ အကောင်းမြင်စိတ်များနေတဲ့အပေါ်မှာ US သမ္မတကြီးတို့တတွေက ဂြိုလ်သားတွေရဲ့ ကမ္ဘာမြေပေါ်ခြေဆန့်လာတဲ့ရည်ရွယ်ချက်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ပဲလို့ ထင်နေခဲ့ပါတယ်...။ ဒါပေမဲ့ ဂြိုလ်သားတွေရဲ့ ကမ်းလှမ်းမှုက ဂျင်းဖြစ်နေကြောင်း သိခဲ့ရတယ်။ အဲဒီအချိန်မှာတော့ အရာရာဟာ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်ပါပြီ။Legendary Wizard of Weirdလို့ နာမည်ကြီးတဲ့ ဒါရိုက်တာTim Burton ရိုက်ကူးထားပါတယ်။ File size…(1.88GB)  / (`1021B) / (521MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...  Drama / Crime / ...
movie

Mars Attacks! (1996)

[James Bond] The Living Daylights (1987)
[James Bond] The Living Daylights (1987)  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Timothy Dalton ရဲ့ ပထမဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..Timothy Dalton အနေနဲ့ ဘွန်းဇာတ်ကား (၂) ကားသာ ရိုက်ကူးခဲ့ရပြီးသူ့ရဲ့ ဘွန်းဇာတ်ကောင်ဟာ ထူးခြားပါတယ်...မကြိုက်သူတွေက လုံးဝခံစားပေးလို့မရသလိုဂျိမ်းစ်ဘွန်းကို အိလေးဆွဲမမြင်ချင်တဲ့လူတွေကျတော့လည်း သူ့ရဲ့ဘွန်းဇာတ်ရုပ်ကို ပိုပြီးကြိုက်နှစ်သက်ကြပါတယ်...သူကတော့ ဘွန်းတွေထဲမှာ ရုပ်တည်ကြီးနဲ့ အပိုဆာဒါးသိပ်မလုပ်ဘဲသရုပ်ဆောင်တတ်တဲ့ ခပ်တန်းတန်းဘွန်းအဖြစ် အားလုံးက မျက်မှန်းတန်းမိကြပါတယ်။ဒီဇာတ်ကားက IMDb Rating (6.7/10) နဲ့ Rotten Tomatoes (73%) ရရှိထားပါတယ်…။  File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC ...
movie

[James Bond] The Living Daylights (1987)

HEVC 1080p 5.1
[James Bond] GoldenEye (1995) Golden Eye 7.2
[James Bond] GoldenEye (1995) Golden Eye  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ ပထမဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..သူ့ရဲ့ ဘွန်းဇာတ်ကား ၄ ကားထဲမှာ Rating အမြင့်ဆုံးဇာတ်ကားဖြစ်ပြီး လူသတ်မှုအများဆုံး ဘွန်းဇာတ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ဇာတ်ကားပါ...Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်…ကြင်အင်လက္ခဏာ…တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ….နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..IMDb Rating (7.2/10) ရရှိထားပါတယ်…။  File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC ...
movie

[James Bond] GoldenEye (1995) Golden Eye

HEVC 1080p 5.1
[James Bond] Tomorrow Never Dies (1997) 6.5
[James Bond] Tomorrow Never Dies (1997)  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ ဒုတိယမြောက်ဘွန်းဇာတ်ကားဖြစ်ပါတယ်..Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်...ကြင်အင်လက္ခဏာ...တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ....နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..ဒီဇာတ်ကားမှာတော့ အရှေ့တိုင်းရဲ့ နာမည်ကျော် မင်းသမီး မီရှဲယိုလဲပါဝင်ထားပါတယ်...IMDb Rating (6.5/10) ရရှိထားပါတယ်...။   File size…(2.6 GB) and (1.4 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie

[James Bond] Tomorrow Never Dies (1997)

HEVC 1080p 5.1