Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joe Herndon
6.8
Walk Hard: The Dewey Cox Story (2007)
(ကိုယ်လုံးတီးခန်းများ လိင်ဆက်ဆံခန်းများပါဝင်သဖြင့် မိသားစုဖြင့်ကြည့်ရှုရန်မသင့်တော်ပါ) အတ္တုပတ္တိ( Biopic) ရုပ်ရှင်တွေ အထူးသဖြင့်ဂီတလို့ ပြောလိုက်တာနဲ့ ကြည့်ရှုသူ အများစုကတော့သိကြမှာပါပဲ။အဆိုတော် ဒါမှမဟုတ် ဂီတလောကရဲ့ အနပညာရှင်တစ်ယောက်ယောက်ဖြစ်မယ်။ လူဖြူလည်းဖြစ်မယ်လူမည်းလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အခက်အခဲတွေ ဘယ်လိုမျိုး ကျော်ဖြတ်လာရမလဲဆိုတာကိုဝေဆာနေအောင် ကွန့်မြူးပြီး ပြောကြမယ်။ဒါပေမဲ့ ဒီကားကတော့ ဒီလိုမဟုတ်ဘူး။ ဖန်တရာတေဒီဇာတ်ကြောင်းတွေပဲ ထပ်နေတဲ့ ဒီရုပ်ရှင်အမျိုးအစားထဲကကိုမှ တကယ်မရှိတဲ့ ဒူဝီ ကော့စ် ဆိုတဲ့ အဆိုတော်ကိုဖန်တီးပြီး ဒီရုပ်ရှင်တွေကိုပဲ အကြီးအကျယ် ပြန်ဖဲ့သွားတာမျိုးဗျ။ဥပမာ ပြောရရင် ဒီအဆိုတော်က ငယ်ငယ်က တခုခုကြောင့်စိတ်ဒဏ်ရာရပြီး တစ်ခုခုဖြစ်နေရမယ်။ ဒီကားမှာကတော့ ဘာမဆိုင် ညာမဆိုင် တောခုတ်ဓားတစ်ချောင်းကြောင့်မင်းသားအကိုသေပြီး မင်းသားက စိတ်ဒဏ်ရာ ရသွားတာမျိုးက စလှော်တော့တာပါပဲ။ဂီတ အကျော်အမော်ကြီးတွေဖြစ်ကြတဲ့Bob Dylan, The Beatles, Elvisက အစလူပေါင်းစုံရဲ့ စတိုင်တွေ အကုန်ပြောင်။ အဲဒါမှ အားကိုမရသေးရင်အဓိပ္ပါယ်နှစ်ခွနဲ့ အောက်လုံး သီချင်းတွေကို မင်းသားကဆိုပြလိုက်ရမှ။မကျေနပ်သေးဘူးလား။ ဒါဆိုရင်လည်း ထုံးစံအတိုင်း ဆေးစွဲ မိန်းမရှုပ်တဲ့အခန်းတွေလာမယ်။ဒါပေမဲ့ ...
movie
Walk Hard: The Dewey Cox Story (2007)