Channel Myanmar

Joe Sims

Tell Me a Creepy Story (2023)
Tell Me a Creepy Story (2023) ဒီရုပ်ရှင်က တစ်ကားထဲမှာ ဇာတ်လမ်းလေးပုဒ်ပါပါတယ်။ ဒါကြောင့် တစ်နာရီခွဲအတွင်းမှာ မတူညီတဲ့ ဟော်ရာအပိုင်းတို လေးခုကို ကြည့်ရှုခံစားရမှာပါ။ပထမဆုံးအပုဒ်က‌တော့ အစားကြူတဲ့ "ဂျိုး"အကြောင်းပါ။ ဂျိုးက မွေးစကတည်းက မိခင်နို့ကို မရပ်မနားစို့တဲ့အပြင် အချိတ်တန်အရွယ်ရောက်လာတော့လည်း အစားနဲ့ပါးစပ်မပြတ်အောင် ဖုတ်၀င်နေသလိုစားတဲ့နောက်... ဂျိုးကဘယ်သူလဲ ဂျိုးတစ်ယောက်ဘယ်လိုအဆုံးသတ်သွားမလဲ...ဒုတိယတစ်ခုကတော့ လူသတ် မြေမြှုပ် အလောင်းဖျောက်လိုက်လို့ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့ လယ်သမားတစ်ယောက်အကြောင်း...တတိယဇာတ်လမ်းကတော့ ညဖက်ကြီး မိန်းမငယ်တစ်ဦး အိမ်မှာတစ်ယောက်တည်းရှိနေတုန်း ရေပိုက်ပြင်ဖို့ ကုမ္ပဏီကိုဖုန်းဆက်ခေါ်ရာကနေ ခေါ်ထားတဲ့လူထက်ပိုပြီး မမျှော်လင့်ထားတဲ့ ပိုက်ပြင်သမားကပါ ရောက်ချလာခဲ့တဲ့အခါမှာတော့...နောက်ဆုံးဇာတ်လမ်းကတော့ နယ်လှည့်အလှူပတ်ခံနေတဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါး ကံမကောင်းအကြောင်းမလှဘဲ သားသတ်သမားလင်မယားနှစ်ယောက်ရဲ့အိမ်မှာ အလှူ၀င်ခံရင်း ညစာစားဖို့ဆုံးဖြတ်လိုက်မိတဲ့နောက်...မတူညီတဲ့ ဇာတ်လမ်းလေးခုကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အခန်းမီးပိတ်ပြီး ကြည့်လိုက်ကြပါဦး။ အော်ဂလီဆန်စရာရိုက်ချက်တွေ ပါ၀င်တာကြောင့် အစာစားနေရင် မကြည့်ဖို့ သတိပေးလိုက်ပါရစေ။ File size…(1 GB)/(483 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant 
movie

Tell Me a Creepy Story (2023)

The Fence (2022) 6.9
The Fence (2022)  စတိဗ်ဆိုတဲ့ ကောင်လေးကသူရှာထားတဲ့ပိုက်ဆံတွေစုပြီးဆိုင်ကယ်လေးတစ်စီးကိုဝယ်ခဲ့ပါတယ်။ဝယ်ပြီးသိပ်မကြာခင်မှာပဲအိမ်ရှေ့မှာရပ်ထားတုန်းအခိုးခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ရဲသွားတိုင်တော့သူက သူ့အစ်ကိုအန်ဒရူးရဲ့ညီဖြစ်နေတာကိုသိသွားတော့ ရဲတွေကမကူညီချင်သလိုထုံးစံအတိုင်းအင်တင်တင်လုပ်ပါတော့တယ်။သူ့အစ်ကိုအန်ဒရူးဆိုတာက အမြဲတမ်းထိုးလိုက်ကြိတ်လိုက်နဲ့လူကြမ်းတစ်ယောက်မလို့ အခုလဲခံဝန်နဲ့လွတ်လာတာဖြစ်ပါတယ်။ ဒီလိုနဲ့စတိဗ်တစ်ယောက် သူ့ဆိုင်ကယ်လေးကိုဘယ်သူခိုးသွားတယ်ဆိုတာကိုလိုက်စုံစမ်းရင်းနဲ့ သတင်းအတိအကျရလာတဲ့အခါ သူ့အသက်အရွယ်နဲ့ ဘာမှလုပ်မရတဲ့အတွက်သူ့အစ်ကိုကိုပဲ လူမိုက်ငှားပြီးခေါ်သွားခဲ့ပါတော့တယ်။သူ့အစ်ကိုကလဲမဆီမဆိုင်နဲ့ရဲတွေနဲ့ သူ့ကြားမှာပဲကြီးလှော်ဆားညှပ်နေတဲ့သူ့ ညီကိုသနားပြီးအတတ်နိုင်ဆုံးလိုက်ကူညီပေးခဲ့ပါတယ်။ဒီလိုနဲ့ဆိုင်ကယ်တော့ပြန်မရခဲ့ပေမဲ့လျော်ကြေးတော့ပြန်ရခဲ့ပါတယ်။ဒါပေမယ့်တကယ်တမ်းအပြစ်ရှိတဲ့လူကဆိုင်ကယ်သူခိုးမဟုတ်ပဲ နဲ့ ညီအစ်ကိုနှစ်ယောက်လုံးနဲ့ရန်စရှိနေတဲ့လူတွေဖြစ်တဲ့အခါမှာတော့ဘာတွေဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရှုရမဲ့အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…2.45GB / 744MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay
movie

The Fence (2022)