Channel Myanmar

Joe Swanberg

Blackout (2023) 5.6
Blackout (2023)  Werewolf ခေါ် သမန်းဝံပုလွေဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် Blackout ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.6 ရရှိထားပြီးတခြားရှယ်ကြမ်းတဲ့ဇာတ်ကားကြီးတွေနဲ့မနှိုင်းယှဉ်ပဲနဲ့ဒီအတိုင်းပေါ့ပေါ့ပါးပါးလေးကြည့်မယ်ဆိုရင်ကြည့်လို့အဆင်ပြေမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်ကားရဲ့အစမှာတော့ လူငယ်စုံတွဲလေးနှစ်ယောက်လရောင်အောက်က လယ်ကွင်းထဲမှာ ရိုမန့်တစ်ဆန်ဆန်မူစကူဒူးနေကြတာကို တွေ့ရမှာဖြစ်ပြီး ရိုချင်လွန်းတဲ့စုံတွဲကိုဘာမှန်းမသိတဲ့ အရာကြီးတစ်ခုက လာကိစ္စချောပေးသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီနယ်မြို့လေးမှာရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ကြပြီး ပဲလှော်ကြားဆားညှပ်သွားတဲ့သူကတော့ အဲ့ဒီနယ်မြို့မှာ အလုပ်လာလုပ်တဲ့မက္ကဆီကန် ရွှေ့ပြောင်း အလုပ်သမားခေါင်းဆောင်မီဂဲလ်ပဲဖြစ်ပါတော့တယ်။ဒါပေမယ့် ကံကောင်းတာက သူ့မှာသူ့အပေါ်အရမ်းကောင်းတဲ့ လူဖြူသူငယ်ချင်းတစ်ယောက်ရှိနေတာပါပဲ။အဲ့ဒီသူငယ်ချင်းရဲ့ နာမည်ကချာလီဖြစ်ပြီး ချာလီ့ယောက္ခမကြီးကတော့ မီဂဲလ်ကိုဘလိုင်းကြီး ကြိတ်မုန်းနေတဲ့ မြို့တော်ဝန်ယောင်ယောင် ဘိုးတော်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲ အဲ့ဒီမြို့လေးမှာရက်ရက်စက်စက် လူသတ်မှုတွေဆက်ဖြစ် မြို့တော်ဝန်ရူးကမီဂဲလ်ကိုစွပ်စွဲ မီဂဲလ်ကိုချာလီကကာကွယ်ပေးရင်းနဲ့သပွတ်အူတွေလိုက်ရင်း နောက်ဆုံးမှာ တကယ့်လူသတ်တရားခံကသူတို့ထင်ထားသလို ဖြစ်မနေတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစိတ်လှုပ်ရှားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.38GB / 1.02GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Blackout (2023)

Cabin Fever 2: Spring Fever (2009)
Cabin Fever 2: Spring Fever (2009)  Cabin fever 2 မှာဆိုရင်လည်း Cabin fever series တို့ရဲ့ ထုံးစံအတိုင်း ကူးစက်ရောဂါ ကူးစက်မှုအပေါ်ဇာတ်လမ်းအခြေတည်၍ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။အထက်တန်းကျောင်းပြီးဆုံးခါနီးမှာ အထက်တန်းကျောင်းသားတိုင်း ကိုယ်စီအတွဲများနှင့် ရင်ခုန်စွာတက်ရောက်ရတဲ့အထက်တန်းကျောင်း အိမ်မက်ဖြစ်တဲ့ကျောင်းကပွဲကို ကူးစက်ရောဂါကျရောက်လာပြီးနောက်မှာ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများ ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဒီအိမ်မက်ဆိုးရောဂါကြီးကရော ဘာရောဂါလဲ၊ ဘယ်သူတွေအသက်ရှင်လွတ်မြောက်နိုင်မလဲကို စောင့်စားကြည့်ရှူရမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(917 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Cabin Fever 2: Spring Fever (2009)

The Sacrament (2013) 6.1
The Sacrament (2013)  ဒီဇာတ်လမ်းက​တော့ ဂိုဏ်းဂဏ​တွေ၊cultအယူမှား​တွေနဲ့ အယူကြီးအယူသည်းတဲ့သူ​တွေကြားက ဖြစ်ရပ်ဆိုးတစ်ခုကို ​ပုံ​ဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Midsommarနဲ့ ဇာတ်လမ်း​ကျောရိုးချင်းအ​​တော်​လေးဆင်တူသလို တချို့ပြကွက်​တွေက စိတ်မခိုင်သူ​တွေကြည့်ဖို့မသင့်တဲ့ ပြကွက်​တွေလည်း ပါဝင်ပါတယ်။နယူး​ယောက်က နာမည်ကြီးမီဒီယာတစ်ခုဖြစ်တဲ့ VICE ကုမ္ပဏီရဲ့တည်​ထောင်သူ၂​ယောက်က သူတို့မိတ်​ဆွေ ကင်မရာဆရာရဲ့ ညီမဆီက ​ရောက်လာတဲ့ စာတစ်​စောင်​ကြောင့် စိတ်ဝင်စားဖို့​ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ကို ​ရနိုင်မယ်ဆိုတဲ့ ​မျှော်လင့်ချက်နဲ့ သူမဖိတ်တဲ့ ​နေရာတစ်ခုကို အတူတူခရီးထွက်လာကြပါတယ်။ ညီမဖြစ်သူဟာ​ဆေးဖြတ်စခန်းကို ​ရောက်​နေသူဖြစ်​ပေမယ့် ဖာသာတစ်​ယောက်ရဲ့လမ်းညွှန်မှု​ကြောင့် ​ဆေးပြတ်သွားသလို လက်ရှိမှာ ဖာသာနဲ့အတူ​တောတွင်းတစ်​နေရာမှာ ​ကျောင်း​တော်တစ်ခု​ ထောင်ထားတယ်လို့စာထဲမှာ ​ရေးထားတာပါ။ဒီလိုနဲ့ပဲ သူငယ်ချင်း၃​ယောက် အဲဒီ​နေရာကို​ ရောက်သွားတဲ့အခါမှစာထဲမှာရေးထားတဲ့ ​အေးချမ်းဆိတ်ငြိမ်ပြီး ​မောဟကင်းတဲ့ရပ်ဝန်းတစ်ခု၊ ငြိမ်းချမ်းတဲ့ဘဝကို​ ရောက်​စေမယ့်ကျင့်စဉ်ဆိုတဲ့ ​ရေးထားတာ​တွေ တစ်ခုမှမရှိ​နေဘဲ အထင်နဲ့အမြင် တက်တက်စင်လွဲ​နေတဲ့၊တစ်ခုခုမှားယွင်း​နေတဲ့ ​နေရာတစ်ခုကို ​ရောက်သွားရာ အဲဒီ​နေရာကပြန်ထွက်​ပြေးလွတ်​မြောက်ဖို့ ကြိုးစားရပါ​တော့တယ်။  File size…2.15GB / 1.11GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Horror , Thriller Subtitle….Myanmar ...
movie

The Sacrament (2013)

You’re Next (2011) 7.5
You’re Next (2011) IMDb - 6.6/10 ~ Rotten tomatoes - 79%ဒေးဗစ်ဆန် မိသားစုက ချမ်းသာကြပေမဲ့လည်းသူတို့ရဲ့မိသားစုဝင်အချင်းချင်းဆက်ဆံရေးကတော့ မကောင်းကြပါဘူး။မိသားစုဝင်တွေလည်း စုံစုံလင်လင်အတူမရှိရတာကြာပြီဖြစ်တဲ့အတွက်ပေါလ်နဲ့ အာဘရီတို့က သူတို့ရဲ့ 35 နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးကိုကလေး ၄ ယောက်နဲ့အတူ လူသူမနီးတဲ့ တောထဲကအိမ်ကြီးမှာလုပ်ရင်းမိသားစုဝင်အချင်းချင်းပြန်ပြီးနွေးထွေးမှုရအောင်လုပ်ဖို့ အစီအစဥ်ဆွဲခဲ့ကြပါတယ်။ဒီလိုနဲ့ သူတို့အကုန်အကုန်လုံးပျော်ပျော်ပါပါး နှစ်ပတ်လည်နေ့ကိုအောင်ပွဲခံတဲ့ညမှာပဲ မျက်နှာဖုံးနဲ့လူသ-တ်သမားတွေရောက်လာပြီးလူတိုင်းကိုလိုက်သ-တ်ပါတော့တယ်။ဒီအခြေအနေမှာ သူတို့မိသားစု အသက်ရှင်ကြမလားသူတို့ရဲ့ မိသားစုကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဒီလူသ-တ်သမားတွေကရော ဘယ်က‌နေပြီး ဘာကြောင့်ရောက်လာကြလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 2011 ထွက်ရုပ်ရှင်ကားကောင်းတကားဖြစ်တဲ့အပြင် အသ-တ်အဖြတ်ခန်းတွေ၊ သွေးသံရဲရဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်တာမလို့ ၁၈ နှစ်အောက်ကလေးတွေတော့မကြည့်ရှုသင့်ပါဘူး။  File size…  1.2 GB /  500 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT
movie

You’re Next (2011)

2011
Drinking Buddies (2013) 6.1
Drinking Buddies (2013)  Genre – Comedy, Drama, Romance IMDB – 6.1/10 ဇာတ်ကားနာမည်လေးအတိုင်း အရက်သောက်ဖော်သောက်ဖက် အကြောင်းလေးပါ ဒါပေမဲ့ ယောက်ျားလေးအချင်းချင်းမိန်းကလေးအချင်းချင်း မဟုတ်ပဲ ယောက်ျားလေးနဲ့မိန်းကလေး သောက်ဖော်သောက်ဖက်ပေါ့လေ။ ဘီယာချက်စက်ရုံတစ်ခုမှာ တစ်ဦးတည်းသော မိန်းကလေးဖြစ်တဲ့ပွဲစီစဉ်သူ စီမံခန့်ခွဲရေးက ကိတ်နဲ့ ဘီယာချက်တဲ့စက်ပိုင်းကလုခ်တို့ဟာ အရမ်းခင်မင် အတူတူသောက်စား မူးရူးညတွေလည်း ပလူးပလဲနေကြတဲ့ ဘော်ဒါနှစ်ယောက်ဖြစ်ကြပါတယ် ဒါပေမဲ့ လွန်ကျူးတာမျိုး ချစ်မိသွားတာမျိုးမရှိခဲ့ပါဘူး။ ကိတ်မှာလည်း စတူဒီယို လုပ်နေတဲ့ ချစ်သူခရစ်စ်ဆိုတာ ရှိသလို လုခ်မှာလည်း စာသင်တဲ့ကောင်မလေးဂျေးလ်ဆိုတာ ရှိကြပါတယ်။ ဒီလိုနဲ့ တစ်ရက် အလုပ်ပိတ်ရက်မှာနှစ်တွဲချိန်းကြပြီး ပင်လယ်ဘေးက အိမ်လေး အလည်အပတ်ထွက်ခဲ့ချိန်မှာတော့ ကိုယ်စီ ကိုယ်စီ တွဲနေကြတာကမှန်ကန်တဲ့လူ ဖြစ်မလား၊ ဘယ်သူက ကိုယ့်အတွက် မှန်ကန်မလဲစသဖြင့် အတွဲနှစ်တွဲကြားက ပြဿနာလေးတွေ အလုပ်ကပြဿနာလေးတွေ အနောက်တိုင်း အချစ်ပြဿနာလေးတွေကိုဖော်ပြထားတဲ့ ဟာသ ဒရမ်မာကားလေး တစ်ကားဖြစ်ပါတယ်။ ခေါင်းဆောင်နေရာက ကျွန်တော်တို့ မင်းသမီးအလန်းစားOlivia Wilde ...
movie

Drinking Buddies (2013)

Offseason (2021) 5.2
Offseason (2021) Offseason (2021) ဇာတ်လမ်းအညွှန်း ****************************Catalonian International Film Festival မှာ Best Motion Picture award အတွက် စကာတင် အရွေးခံခဲ့ရတဲ့ တကယ်မိုက်တဲ့ Horror movie လေး ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... မိခင်ရဲ့ အုတ်ဂူ ပျက်စီးသွားတယ်ဆိုတဲ့ ထူးဆန်းတဲ့ အကြောင်းကြားစာကို ရပြီးနောက် မာရီတစ်ယောက် အုတ်ဂူရှိရာ ကျွန်းမြို့လေးကို ချက်ချင်း ရောက်လာခဲ့တယ်။ အဲ့ဒီကျွန်းက နွေဦးရာသီရောက်တဲ့အထိ ပိတ်တဲ့ ကျွန်းပါ။ သူမ ရောက်သွားတဲ့အချိန်မှာ ရာသီကုန်လို့ ပိတ်တော့မှာ။ ဒါပေမဲ့ အကြောင်းကြားစာထဲမှာ အရေးတကြီးခေါ်တာဆိုတော့ သူမက ပိတ်လည်း ပိတ်ပါစေဆိုပြီး ကျွန်းထဲ ဝင်လာခဲ့တယ်။အဲ့ဒီနောက်မှာ ဘာတွေ ဆက်ဖြစ်မယ်ထင်လဲ? မီးပျက်တဲ့ည မှောင်မှောင်မည်းမည်းမှာ ယပ်လေးခတ်ပြီး ကြည့်လိုက်ကြရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ) File Size          : ...
movie

Offseason (2021)