Channel Myanmar

Joe Towne

Isn’t It Romantic (2019) 6.1
Isn’t It Romantic (2019) ဇာတ်လမ်းအကြောင်းအကျဉ်းချုပ်ပြောရရင်တော့အချစ်ဇာတ်မြူးကားမကြိုက်တဲ့ကောင်မလေးတစ်ယောက်အချစ်ဇာတ်မြူးကားထဲ ပိတ်မိသွားတဲ့ အချစ်ဇာတ်မြူးကားလို့ ပြောရမှာပဲ..ရှုပ်များသွားသလား မသိဘူး။ငယ်ဘဝမှာ မိခင်ဖြစ်သူသွင်းပေးလိုက်တဲ့ အတွေးခေါ်တွေကြောင့်အချစ်ဟာသကားတွေကို မုန်းတဲ့ နာတာလီဆိုတဲ့ပုံ့ပုံ့ဖိုင့်ဖိုင့်ဗိသုကာပညာရှင်မလေး ...စိတ်ကူးယဉ်ဆန်တာတို့ ချစ်ခြင်းတို့ဆိုတာတွေဟာသူ့လိုမိန်းကလေးတွေအတွက် မအပ်စပ်တဲ့အရာလို့တစ်ယူသန်မှတ်ထားတဲ့ လက်တွေ့ဆန်မလေးတစ်ယောက်တစ်ညမှာ ရိုက်လုခံရပြီး အစစအရာရာ မထင်မှတ်ထားတဲ့အပြောင်းအလဲကြီးနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာပေါ့..နာတာလီလေးတစ်ယောက် လက်တွေ့ဘဝထဲပြန်ထွက်လာမလား..သူမုန်းတယ်ထင်ခဲ့ဖူးတဲ့ အစစအရာရာပြည့်စုံနေတဲ့ဘဝမှာ ပျော်မလားဆိုတာတော့ကြည့်လိုက်ကြပါဦးလို့Translated by Sane Khet Encoded by sithu
movie

Isn’t It Romantic (2019)

2019