Channel Myanmar

Joenoes Polnaija

Hardcore Never Dies (2022) 6.9
Hardcore Never Dies (2022) နယ်သာလန် ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Jim Taihuttu ရဲ့လက်ရာကောင်းလေးဖြစ်တဲ့ Crime ဇာတ်ကားလေး တစ်ကားပါ2022 မှာ Do Not Hesitate ဇာတ်ကားနဲ့ Best Leading Role ဆုရထားတဲ့ မင်းသား Joes Brauers နဲ့ 2018-21 မှာထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ Joardy Season မှာ Honorable Mention Television Award ရရှိခဲ့တဲ့ မင်းသား Jim Deddes တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ မိုက်ကယ် နဲ့ ဒန်နီ တို့နှစ်ယောက်ဟာ အကျင့်ရော၊ စာရိတ္တ ရော ဘာဆိုဘာမှ မတူနဲ့ ညီအစ်ကိုနှစ်ယောက်ပေါ့ အစ်ကိုဖြစ်သူ ဒန်နီ ကမိဘတွေက မနိုင်တော့လို့အိမ်ပေါ်ကနေကန်ချထားတဲ့ မူးယစ်ဆေးဝါးဝယ်ရောင်းလုပ်တဲ့သူပေါ့ ညီဖြစ်သူကတော့ စန္ဒယားအတီးသင်ပြီး ပိုကောင်းတဲ့ဘဝဖြစ်နိုင်ဖို့ အချိန်ပိုင်းအလုပ်လေးလုပ်ပြီး ကြိုးစားနေတဲ့သူပေါ့ အဖေဖြစ်တဲ့သူက ညီဖြစ်သူ သူ့အစ်ကိုလို လမ်းမှားရောက်သွားမှာစိုးလို့ ...
movie

Hardcore Never Dies (2022)

The East(2021) 7.0
The East(2021) The East(2021) အညွှန်း*******************IMDb...7.0အင်ဒိုနီးရှားလွတ်လပ်ရေးစစ်ပွဲအတွင်းမှာ ဒုတိယကမ္ဘာစစ်လွန်သူပုန်တွေကို ကိုင်တွယ်နှိမ်နင်းဖို့စေလွှတ်လိုက်တဲ့တပ်ဖွဲ့တစ်ဖွဲ့ထဲမှာ ယိုဟန် ဆိုတဲ့လူငယ်စစ်သားလေးတစ်ယောက်ပါဝင်ခဲ့ပါတယ်။ဘာကိုမှအတွေ့အကြုံမရှိ အစိမ်းသက်သက် ဘဝကနေ မဟုတ်မခံမှန်ရာကိုလုပ်တတ်တဲ့ဉာဉ် အရိုးခံစိတ်ထားတွေကြောင့်"The Turk." လို့အများခေါ်ကြတဲ့ ကပ္ပတိန်က မျက်စိကျပြီး သူ့အနီးကပ်လူယုံတစ်ယောက်ဖြစ်လာခဲ့တဲ့အထိ အဆင့်မြင့်လာခဲ့ပါတယ်။အဲ့ဒါနဲ့အတူတူ စစ်ရဲ့ အနိဌာရုံတွေ၊ အထက်အမိန့်ဆိုတဲ့ ပြန်လှန်မေးခွန်းထုတ်ချင်စရာလုပ်ရပ်တွေနဲ့အတူ တာဝန်နဲ့ အသိစိတ်ကြားမှာ သူဟာ တခြားသူတစ်ယောက်လိုဖြစ်သွားတယ်....ဒီလိုနဲ့ တစ်ခုခုဆိုပြတ်သားလွန်းလှတဲ့ ဟင် ဆိုပြန်လှည့်မကြည့်တတ်တဲ့ တစ်ဇွတ်ထိုးတဇောက်ကန်း သူ့ဆရာ တာကီသားနဲ့ သဘောထားကွဲလွဲလာရင်း သူကိုယ်တိုင်သူပုန်အဖြစ် စာရင်းသွင်းခံလိုက်ရတော့တဲ့အခါမှာတော့..။တွေ့ရခဲတဲ့ အင်ဒိုနီးရှားနိုင်ငံနောက်ခံနဲ့ ဖြစ်ရပ်မှန်သမိုင်းတွေအပေါ်အခြေခံထားတဲ့စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။   File Size :(2.6GB)(1.1GB) and (435MB) Quality : Blu-Ray 720p Format…mp4 Duration…02:17:00 Genre : War , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae
movie

The East(2021)