Channel Myanmar

Joey Kern

Cabin Fever (2002)
Cabin Fever (2002)  ကောလိပ်ကျောင်းသား ငါးယောက်ဟာ စာမေးပွဲအပြီး တောအုပ်ထဲကသစ်လုံးအိမ်လေးမှာ စုပြီးအနားယူဖို့ထွက်လာကြပါတယ်ညဘက်မီးပုံပွဲလေးလုပ်ပြီး စကားစမြည်ပြောဆိုနေကြတုန်းမှ ထူးဆန်းတဲ့ရောဂါကူးစက်ခံနေရသူတစ်ယောက်က အကူအညီတောင်းလာပါတယ်။ အားလုံးကလည်း ကြောက်လန့်တကြားနဲ့ အကူအညီပေးဖို့ ငြင်းဆန်ရာမှရုန်းရင်းဆန်ခတ်တွေဖြစ်ကာ သူတို့ပါလာတဲ့ကားပျက်စီးသွားပါတော့တယ်။နောက်တစ်နေ့မနက် ကားပြင်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ။ ထူးဆန်းတဲ့သူကရော ဘယ်သူလဲ။ ထူးဆန်းတဲ့ရောဂါကရော ကုသနိုင်မှာလား။ သူတို့ သူငယ်ချင်းအုပ်စုကို ရောဂါကူးစက်မခံရဘဲနဲ့ အိမ်ပြန်လာနိုင်မလား စသဖြင့် ကြည့်ရှုခံစားရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ File size…(1.8 GB)/(969 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Cabin Fever (2002)

Bloodsucking Bastards (2015) 6.0
Bloodsucking Bastards (2015)  ဇာတ်လမ်းလေးကတော့ အရောင်းကုမ္ပဏီတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့အဲဗန်ဟာ စိတ်သဘောထားကောင်းတဲ့အတွက် သူ့လက်အောက် သူငယ်ချင်းဝန်ထမ်းတွေဟာ နေချင်သလိုနေ လုပ်ချင်သလိုလုပ်နေကြတယ်။ သူ့ရည်မှန်းချက်ဖြစ်တဲ့ ယာယီအရောင်းမန်နေဂျာကနေ တရားဝင် အ‌ရောင်းမန်နေဂျာဆိုတဲ့ရာထူးကိုရဖို့အတွက်ကြိုးစားနေသူတစ်ယောက်ပါ။ အထက်ကနေအမျိုးသားလိင်အားတိုးဆေးရောင်းဖို့အတွက် တင်ပြချက်တစ်ခုကို လုပ်ဖို့အထက်လူကြီး တက်ဒ်က အဲဗန်ကိုတာဝန်ပေးလိုက်ပါတယ်။ အဲ့နေ့တစ်ဆက်တည်းမှာပဲကုမ္ပဏီမှာရာထူးတစ်နေရာ ကြေညာစရာရှိတဲ့အတွက် ရုံးကဝန်ထမ်းအကုန်လုံးကိုတက်ဒ်ရဲ့ရုံးခန်းထဲကိုလာခိုင်းလိုက်ပါတယ်။ အဲဗန်က သူ့ကိုမန်နေဂျာရာထူးကြေညာပေးတော့မယ်အထင်နဲ့ ပျော်ရွှင်နေပါတယ်။ တကယ်ကြေညာလိုက်တဲ့အခါမှာကောလိပ်ကျောင်းတုန်းက ရန်ဖက်ဖြစ်တဲ့ မက်စ် ကိုကုမ္ပဏီမှာခန့်လိုက်ပါတယ်။မက်စ်ကုမ္ပဏီကိုရောက်လာတဲ့အချိန်ကစပြီးတော့ ဝန်ထမ်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် ဗန်ပိုင်းယားတွေဖြစ်လာပါတော့တယ်။ တဖြည်းဖြည်းနဲ့ သတိထားမိလာတဲ့အဲဗန်ဟာ သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ တင်မ်နဲ့အတူဗန်ပိုင်းယားတွေကိုရှင်းလင်းပစ်တဲ့အခါမှာတော့...... File size…1.17 GB / 512MB Quality… Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 26m Genre ….. Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Bloodsucking Bastards (2015)

Lucky You (2007) 5.9
Lucky You (2007) Lucky you (2007) ============= IMDb - 5.9ကျောင်းမှာ ကျုပ်တို့တွေ ဖဲရိုက်ဖူးကြတယ်မို့လား။ ဖဲဟာ လူငယ်လူလတ်တွေနဲ့ မကင်းတဲ့အရာပါပဲ။ ကျုပ်ဆိုကျုပ်ဘကြီး ကျောင်းမှာ ဆရာတွေနဲ့ ကျောင်းအုပ်ကြီးဆော့တာကို ကြည့်ရင်း တတ်လာတာပဲ။အဓိကက ပိုကာဒေါင်းတယ်။ အဲ့ဒီတုန်းကတော့ Texas HoldEM Pokerကို ကျုပ်တို့ခေါ်တာရှိူးပေါ့။ Full Houseတွေ Straightတွေ Flushတွေ ဘာမှမသိဘဲ ရမ်းတုတ် မှန်းတုတ်ဆော့ခဲ့ကြရတယ်။ ဖဲသမားအစစ်တွေက ဖဲချိုးမကောင်းတော့ရင် ဖဲထုပ်အသစ်ဖောက်ကြတာဆိုတော့ ဖဲထုတ်အဟောင်းတွေ ကျွန်တော်တို့ဆီ တစ်ပုံကြီးပဲ။ အဲ့ဒီဖဲထုတ်တွေကို လောင်းကြေးလုပ်ဆော့ခဲ့ကြတာပေါ့။ ပျော်ဖို့တော့ အတော်ကောင်းခဲ့သား။‌ ဒီရုပ်ရှင်က ဇာတ်အိမ် မရှိသလောက် ဖြစ်နေပေမဲ့ ကောင်းကွက်တစ်ကွက်တော့ရှိတယ်။ တခြားအခန်း အာစွတ်ရုံလောက်ထည့်ထားပြီး အစအဆုံးကို ဖဲဝိုင်းတွေ ဖဲသမားတွေရဲ့ဗျူဟာတွေချည်း ထည့်ထားတယ်။ ပြောရရင် ရုပ်ရှင်က လူသစ်လေးတွေကို Texas HoldEM Poker ကစားတတ်အောင် သေချာ သင်ပေးထားတယ်။ ပွဲတိုင်းက ဖဲတိုင်းကိုမြင်အောင်ပြပြီး ဘယ်ဖဲက ဘယ်လိုနိုင်တယ်ဆိုတာပြထားတယ်။ ကျုပ်လည်း အောက်ကမှတ်ချက်ထုတ်ရှင်းထားတယ်။ ဖျော်ဖြေရေးကြည့်တဲ့ရုပ်ရှင်မှာ ကွင်းစကွင်းပိတ်တွေနဲ့ ရှင်းလင်းရေးလုပ်တာက အတော်ကကြိုးကကြောင် ...
movie

Lucky You (2007)

Super Troopers (2001) 7.1
Super Troopers (2001)  ဒီတစ်ခါ CM ပရိတ်သက်ကြီး အတွက် အဟားကြီး တစ်လိုင်းဖြစ်မယ့်Comedy Movie တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်Super Troopers ပါတဲ့...ရုပ်ရှင်ရဲ့ ပုံစံကတော့ အမြန်လမ်း ယဉ်ထိန်းရဲတွေရဲ့ဗယုတ်ကျ အခွက်ပြောင်တာလေးတွေ ကို ကြည့်ရမှာပါအမြန်လမ်း ယဉ်ထိန်းရဲ တွေနဲ့ နယ်မြေ တာဝန်ခံ ရဲတွေဟာဘယ်တော့မှ မတည့်ပါဘူး အမြဲလိုလို ရန်ဖြစ်နေပါတယ်တစ်ခါတစ်လေ အမြန်လမ်း ရဲတွေ လုပ်ရမယ့် ကိစ္စကိုနယ်မြေခံ ရဲတွေက ဝင်လုတက်သလို နယ်နမိတ်ကြားမှာဆုံမိရင်လဲ အချင်းချင်း ရန်ဖြစ်လို့ မဆုံးနိုင်တော့တဲ့အပြိုင် အဆိုင် ၂ ဖွဲ့ ဖြစ်ပါတယ်...တစ်နေ့မှာတော့ ယဉ်ထိန်းရဲတွေ တာဝန်ကျတဲံအမြန်လမ်းမှာပဲ လူသေမှု တစ်ခု ဖြစ်ပါတယ်ဒါကို နယ်မြေခံရဲတွေက လာလုသွားပြီး ရာထူးတက်ဖို့ကြံတဲ့အခါအမြန်လမ်း ရဲတွေ က ဘယ်လို အမှုကို ထုတ်ဖော်ကြမလဲ ဆိုတာဟာသလေးတွေ နှောပြီး ကြည့်ရှုရပါမယ်....တစ်ချို့ အခန်းတွေက ညစ်ညမ်းစကားလုံး နဲ့ညစ်ညမ်းပုံရိပ် တစ်ချို့ ပါတဲ့ အတွက် မိသားစု နဲ့အတူကြည့်ဖို့ ...
movie

Super Troopers (2001)

2001